@gallery.of.books: " ဟာဟ … မဂျိုးက လှလို့လား၊ အမေ လှတာကိုလည်းမမီ အမေ့လိုလည်း ကံမကောင်းပါဘူး၊ အဖေက အမေ့ကို သိပ်ချစ်တာ၊ ဖြူနု ဖြူနုနဲ့ ပါးစပ်ဖျားက မချဘူး၊ ဒါကြောင့် ကောလိပ် တက်နေရာက မိဘဆွေမျိုးတွေ စွန့်ပစ်တာ ခံပြီး အမေ့ကို ယူခဲ့တာ၊ အမေ အငြိမ့်မကရတော့ဘဲ တောကို ပြန်လာတော့ လိုက်လာပြီး လယ်ထဲချောင်းထဲ ဆင်းခဲ့တာ”” သူလည်း လင်သား ဖြစ်သူက မဂျိုး မဂျိုးဟု ပါးစပ်က မချအောင်ခေါ်ကာ ချစ်သည့် ခင်ပွန်းမျိုး တောင့်တခဲ့လိမ့်မည် ထင်ပါရဲ့။ မနေ့က သူ့ကို ပိုင်စိုးပိုင်နင်း သူ့လင်သားအဖြစ် ကြွေးကြော်ခဲ့သူက သူ့ကို တစ်ကြိမ်မျှ ယုယုယယ ဆက်ဆံခဲ့ဖူးသည် မရှိ။ ကျွန်တော့် စိတ်မှာ မလုံမလဲ ဖြစ်သွားသည်။ “တကယ်တော့ မဂျိုးက တစ်ကိုယ်ကောင်းဆန်ခဲ့တာ၊ အမေ ဆုံးသွားတော့ အဖေ ဘယ်လောက် ထိခိုက်ခံစားရမလဲ ဆိုပြီးမတွေးဘူး၊ အရက်သမားကြီးလုံးလုံး ဖြစ်သွားရကောင်းလားလို့ အပြစ်ပဲ ရှာနေတာ၊ မိထွေးမကလည်း အဖေ မူးမူးရူးရူးနဲ့ ညားခဲ့တာ၊ အဖေက သားကျွေးမှု မယားကျွေးမှု ကောင်းကောင်း မရှာဘဲ အရက်ချည်း မူးနေတော့ သူတို့က အမြဲ တကျက်ကျက်၊ အဲလို အခြေအနေတွေကို မုန်းတယ် ရှောင်ထွက်ပြေးချင်တယ်၊ ဒါကြောင့် မြို့က အဖေ့အစ်ကိုဆီ ပို့ပေးဖို့ နားပူနားဆာ လုပ်ခဲ့တာ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာပဲ”” “ဘဝဆိုတာဒီလိုပဲပေါ့ဟာ . . မျှော်လင့်ထားသလို ဖြစ်ချင်မှ ဖြစ်တတ်တာပဲ”” "ကိုယ့်အပြစ်နဲ့ကိုယ် ခံရတာတွေကို ခါးစည်းခံနိုင်ပါတယ်၊ ကိုယ့် အတွက်နဲ့ မဆိုင်တဲ့ ကိုကိုတာက နစ်နာရတာ စိတ်မကောင်းပါဘူး”” "ငါပဲ နစ်နာတာလား ... မင်းလည်း မချစ်မနှစ်သက်တဲ့သူနဲ့ ပေါင်းရတာပဲ” “ကိုကိုတာက မချစ်မနှစ်သက်အပ်တဲ့သူ မဟုတ်ပါဘူး၊ ဖြူစင်တယ်၊ သဘောထားကြီးတယ်၊ လူပီသတယ်၊ မဂျိုးအတွက်တော့ အဖိုးတန်တဲ့ အစ်ကိုတစ်ယောက်ပါပဲ” အစ်ကိုတစ်ယောက်တဲ့လား။ ကျွန်တော်က သူနဲ့ လက်ထပ်ထားတဲ့ သူ့ယောက်ျားလို့ သဘောမထားဘူးဆိုတဲ့ အဓိပ္ပာယ်လား။ ကျွန်တော့်စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်သွားသည်။ မျက်နှာမှာလည်း စပ်ဖျဉ်းဖျဉ်း ဖြစ်သွားသည်။ လက်ရှိအနေအထားကို အရေးမလုပ်တာလား။ နည်းနည်း ခံပြင်းသကဲ့သို့ ဖြစ်သွားသည်။ သူကတော့ သတိထားမိဟန်မတူ။ ခပ်ဝေးဝေးကို လှမ်းမျှော်ပြီး ငေးကြည့်နေသည်။ သူ့မျက်နှာမှာ အရိပ်တစ်ခုခု ထိုးနေသည်ဟု ထင်လိုက်သည်။ ကျွန်တော် ဆတ်ခနဲ ထရပ်လိုက်သည်။ “ပြန်ကြရအောင်” “ဪ ... ဟုတ်ကဲ့ ဟုတ်ကဲ့” သူက အိပ်ရာမှ လန့်နိုးလာသူကဲ့သို့ကယောင်ကတမ်း ထရပ်လိုက် ရာ ခြေမခိုင်ဘဲ လဲလုလု ဖြစ်သွား၍ သူ့ကိုယ်ကို ဖမ်းထိန်းလိုက် ရသည်။ “ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါဦး၊ တောင်တွေးမြောက်တွေးနဲ့ အလကား စိတ်ပင်ပန်းခံမနေနဲ့” “ဟုတ်ကဲ့ … သွားကြတာပေါ့၊ ဪ ခဏလေး ကြာပန်း တစ်ပွင့်နှစ်ပွင့်လောက် ခူးလိုက်ဦးမယ်နော်” “ငါ ခူးပေးမှာပေါ့” “အရိုးရှည် ပါအောင် ဆွဲနုတ်ပေးပါနော်၊ ကြာဆစ်ကြိုး လုပ်မလို့" အပြန်မှာ အလာတုန်းကလို ကျွန်တော်က လှေဦးထိပ်မှာ ထိုင်လိုက်လာသည်။ လှေဝမ်းထဲမှာ သူက ထိုင်ပြီး ကြာရိုးရှည်နှင့် အလုပ်ရှုပ်နေသည်။ ခဏအကြာမှာ ကြာပွင့်နီနီကို ဆွဲပြား လုပ်ထား သည့် ကြာဆစ်ကြိုးကို လည်မှာ ဆွဲပြီး ရယ်ရယ်မောမော လှမ်း ပြောလိုက်သည်။ “မလှဘူးလား ဟင်” “အရူးနဲ့ တူတယ်” “အဟင်း ဟုတ်မှာပေါ့၊ အမေ ဆိုပြတဲ့ လေဘာတီမမြရင် သီချင်းထဲမှာလည်း သူတို့ငယ်ငယ်က ရွှံ့တွေ ကပ်စေးကပ်စေးကို ပုတီးလုပ်၊ အုန်းမှုတ်ခွက်ကို ဒေါ်လာပြား လုပ်ပြီး ဆွဲကြတာတဲ့၊ မဂျိုးတို့ကတော့ ကြာဆစ်ကြိုးလုပ်၊ ကြာပွင့်နီနီက ပတ္တမြားဆွဲပြားပေါ့၊ တကယ်တော့ အတုအယောင်ကို အစစ် ထင်မှတ်တာ ရူးတာပဲပေါ့၊ အရူးပဲ အရူးပဲ” “တော်စမ်း မင်း အဲဒီအတိတ်က အခုထိ ရုန်းမထွက်နိုင်သေး ဘူးလား၊ နောက်ဆို ဒါမျိုးတွေ မပြောနဲ့ …… မကြားချင်ဘူး” ကျွန်တော် ရုတ်တရက် အော်ပစ်လိုက်သည်။ ဘာကြောင့် သည်လို ဒေါသထွက်သွားမိသည်ကိုကိုယ့်ဘာသာ ပင် မသိလိုက်။ သူလည်း မသိ။မျက်လုံးကလေးများ ဝိုင်းကာကျွန်တော့်ကို တအံ့တသြ ကြည့်နေသည်။ ကျွန်တော် မျက်နှာလွှဲပစ်လိုက်သည်။ ဆက်ရန်........။ #ခင်လှိုင်ကြူ #မဂျိုးကိုဘယ်လိုပြောရပါ့ (အပိုင်းအစအဆုံးကို wall ထဲတွင်ဝင်ကြည့်လို့ရပါတယ်ရှင်) 🌻 Gallery of Books

Gallery of Books
Gallery of Books
Open In TikTok:
Region: MM
Wednesday 19 August 2026 14:23:39 GMT
935
34
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @gallery.of.books, please go to the Tikwm homepage.

Other Videos


About