@learningtoearning22: အသက်သာ ကြီးသွားတယ်၊ ဘာ Skill မှ သေချာမရှိသေးလို့ အားငယ်နေပြီလား ၊ ဒီ Post ကို Save ထားပြီး လိုက်လုပ်ကြည့်ပါ။ အသက်အရွယ်တစ်ခု ရောက်လာတဲ့အထိ ဘာကျွမ်းကျင်မှုမှ သေချာမလုပ်တတ်သေးလို့ "ငါတော့ နောက်ကျကျန်ခဲ့ပြီ" ဆိုပြီး စိတ်ဓာတ်ကျနေရင် အခုချိန်ကစပြီး ဒီ (၇) ချက်ကိုသာ အရင်ဆုံး စတင်လေ့လာကြည့်ဖို့ အကြံပေးချင်ပါတယ်။ 🔹 Growth Mindset အရင်ဆုံး လိုအပ်တာကတော့ စိတ်ဓာတ်ပါပဲ။ "ငါ မလုပ်နိုင်တော့ဘူး" ဆိုတဲ့ အတွေးကို ဖယ်ရှားပြီး၊ မသိတာကို ဝန်ခံရဲတဲ့ သတ္တိနဲ့ အသစ်တွေကို အမြဲသင်ယူချင်တဲ့ စိတ်ထား ရှိမယ်ဆို ကျန်တဲ့အရာတွေကို အလွယ်တကူ တတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ 🔹 Computer Basic ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းကို သေချာ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့က ဒီနေ့ခေတ်မှာ အရေးကြီးပါတယ်။ အဖွင့်အပိတ်လုပ်တာကအစ မြန်မာ၊ အင်္ဂလိပ် စာရိုက်တာကို လက်ကွက်ကျကျနဲ့ မြန်မြန်ဆန်ဆန် ရိုက်တတ်အောင်လဲ လေ့ကျင့်ထားသင့်ပါတယ်။ 🔹 English Language ခေတ်က နည်းပညာခေတ်ဖြစ်လို့ ဖုန်းသုံးတာ၊ ကွန်ပျူတာသုံးတာကအစ အင်္ဂလိပ်စာက ရှောင်လွှဲလို့မရတာမို့ ၊ အများကြီး မကျွမ်းကျင်ရင်တောင် အလုပ်ခွင်မှာ အသုံးများတဲ့ အခြေခံ ဝေါဟာရတွေနဲ့ စာကြောင်းတွေကိုတော့ နားလည်ထားဖို့ လိုအပ်ပါတယ်။ 🔹 Office Tools ဘယ်အလုပ်ပဲလုပ်လုပ်၊ ကိုယ်ပိုင်စီးပွားရေးပဲလုပ်လုပ် စာရင်းဇယားနဲ့ စာစီစာရိုက်က မသုံးမဖြစ်ပါပဲ။ Excel မှာ အပေါင်းအနုတ်လုပ်တာ၊ ဇယားဆွဲတာနဲ့ Word မှာ စာရွက်စာတမ်း ပြင်ဆင်တာက မဖြစ်မနေ သိထားရမဲ့ အရာတွေ ဖြစ်ပါတယ်။ 🔹 Digital Literacy အင်တာနက်ကို သုံးတတ်တာ၊ အလုပ်ကိစ္စအတွက် Email ပို့တတ်တာ၊ Kpay, Wave လို Online Banking တွေကို စနစ်တကျ သုံးတတ်တာတွေက နေ့စဉ်ဘဝအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ 🔹 Cloud Storage ကိုယ့်ရဲ့ အရေးကြီးတဲ့ မှတ်ပုံတင်၊ CV လို စာရွက်စာတမ်းတွေကို ဖုန်းပျက်သွားရင်တောင် မပျောက်အောင် Google Drive လို နေရာမျိုးမှာ စနစ်တကျ သိမ်းဆည်းတတ်တာ၊ တခြားသူတွေကို Link ကနေတစ်ဆင့် ပို့ပေးတတ်တာတွေက ပိုပြီး Professional ဆန်စေပါတယ်။ 🔹 AI Tools AI ခေတ်ကြီးမှာ အရာအားလုံးကို ခေါင်းထဲထည့်ကျက်နေစရာ မလိုတော့ပါဘူး။ ကိုယ်မသိတာရှိရင် ChatGPT, Gemini စတဲ့ AI တွေကို မေးမြန်းခိုင်းစေတတ်မယ်ဆိုရင် အလုပ်တွေ လုပ်ရတာ ပိုလွယ်ကူသက်သာသွားပါလိမ့်မယ်။ ဘာမှမတတ်သေးဘူးဆိုပြီး အားငယ်မနေဘဲ အခုကနေ တဖြည်းဖြည်းနဲ့ လေ့လာသွားရင် သေချာပေါက် အဆင်ပြေသွားပါလိမ့်မယ်။ L2E သင်တန်းစတိုးမှာ English Language, Office Tools ကအစ တခြားသော လက်တွေ့အသုံးချ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကိုပါ ယုံကြည်စိတ်ချစွာ လာရောက်လေ့လာနိုင်ပါပြီ။ ဆက်သွယ်စုံစမ်းရန်: ☎️ Phone - 09 506 3496 💬 Messenger - http://m.me/l2emyanmar L2E သင်တန်းစတိုး - လက်တွေ့အသုံးချ အသက်မွေးဝမ်းကျောင်း သင်တန်းများ စုစည်းရာ Learning to Earning , Unlock Opportunities. #L2EMyanmar #L2E #LearningToEarning #LifeLongLearning #DigitalLiteracy #BasicSkills #NeverTooLate #CareerDevelopment #GrowthMindset
L2E သင်တန်းစတိုး
Region: MM
Thursday 20 August 2026 04:42:49 GMT
Music
Download
Comments
တော်ဝင်(Royal)ရောင်းဝယ်ရေး :
ဘယ်လိုသင်တန်းတွေရှိသေးလဲ
2026-08-21 00:14:30
0
🥉 လင်းရာ🥉 :
ဘယ်လိုsave ရမလဲဗျ မလုပ်တတ်လို့😅
2026-08-20 11:56:15
0
တော်ဝင်(Royal)ရောင်းဝယ်ရေး :
eng sp clသင်တန်းကြေးလေး
2026-08-21 00:14:14
0
ko phyo :
🥰🥰🥰
2026-08-21 07:57:19
0
AMH :
😁😁😁
2026-08-20 15:01:33
0
ANA :
🥰🥰🥰
2026-08-21 08:25:41
0
To see more videos from user @learningtoearning22, please go to the Tikwm
homepage.