@xiao.s.h.u.i: ဒီ၃ယောက်မှာ လီမုဝမ်အကြောင်းကိုတော့ ရှင်းပြဖို့ မလိုတော့ဘူးထင်တယ်။ ဒါကြောင့်မပြောတော့ဘူး။ *Mu Ping Meiအကြောင်းကိုတော့ တချို့တဝက်သာတဲ့လူတွေရှိကောင်းရှိမယ်။ဒါကိုအရင်ရှင်းပြမယ်။ မူပင်းမေဟာ (kunxu xingyu)ခွင်းရွှီးကြယ်အဖွဲ့အစည်း၊ တောက်ပသောလေဟာနယ်နန်းတော်ရဲ့ ၇ယောက်မြောက် သူတော်စင်သခင်မပါ။ ကျင့်ကြံမှုအဆင့်က နိဗ္ဗာန်နဖြိုခွဲခြင်းအဆင့်ရှိပါတယ်။ သူဟာ ယခင်သူတော်စင်မတွေလို ကောင်းကင်ဘုံဝိဉာဥ်နည်းစနစ်ကိုသုံးပြီး ကိုယ်ပွါး၉ယောက်ခွဲကာ ဘဝအတွေ့အကြုံနှင့် တာအိုတွေကို နားလည်ဖို့ ကျင့်ကြံခဲ့တာပါ။ ကံမကောင်းစွာ သူ့ရဲ့၉ယောက်မြောက် ကိုယ်ပွါး Liu Mei(လျှိုမေ)ကြောင့် တာအိုနှလုံးသား ကွဲအက်ခဲ့ရပါတယ်။ တကယ်တော့ Mu Ping Meiဟာ သာမန်လူသားမဟုတ်ပဲ ချင်းရွှေ၊ချင်းလင်၊စစ်ထူနန်တို့လို ခုနှစ်ရောင်စုံမေဘေးရဲ့ ကွဲထွက်သွားတဲ့ စိတ်ဝိဉာဥ်၁၀ခုထဲက တစ်ခုပါ။ (Ergen)အာကန်းရဲ့ဖော်ပြချက်အရ အဖြူရောင်ကိုဝတ်ဆင်ပြီး လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။Mu Ping Meiရဲ့အလှဟာ လှိုင်ဂူလောကတင်မကပဲ အင်မိုတယ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာတောင် သူ့အလှကို မှီတဲ့သူ မရှိပါဘူးတဲ့။ နောက်ဆုံးမှာ ဝမ်လင်ဟာ အိမ်မက်တာအိုကိုသုံးပြီး နှစ်၁၀၀လင်မယားအဖြစ် Mu Ping Meiနဲ့ အတူနေထိုင်ခဲ့ပါတယ်။ ဝမ်လင် ထွက်သွားချိန်မှာလည်း ကိုယ်ပွါးတစ်ယောက် ချန်ထားခဲ့ပါသေးတယ်။ *Li Qian Meiကတော့ ပြင်ပနယ်မြေ သခင်ငါးပါးထဲက တစ်ယောက်ဖြစ်တဲ့ Lan Meng Dao Zun(တာအိုသခင်အိမ်မက်ပြာ)ရဲ့ တစ်ဦးတည်းသေား သမီးလေးပါ။ မတော်တဆမှုတခုကြောင့် Li Qian Meiဟာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရဲ့ )အဆင့်၉ကျင့်ကြံခြင်းဂိုဏ်းက ဂိုဏ်းသခင်ရဲ့ တစ်ဦးတည်းသော တပည့်မလေးအဖြစ်လူဝင်စားပြီး ကျင့်ကြံမှုအဆင့်က Mu Ping Meiနဲ့ အတူတူ နိဗ္ဗာန်န ဖြိုခွဲခြင်းအဆင့်ရှိပါတယ်။ သူမဟာ ဆံပင်အပြာရောင်ရှိပြီး ချောမောလှပတဲ့ အသွင်အပြင်ရှိတယ်လို့ဆိုထားပါတယ်။ Li Qian Meiကြောင့် ဝမ်လင်ဟာ သေချာပေါက်သေရတော့မဲ့ ကပ်ဘေးကြီးနှစ်ခုကနေ လွတ်မြောက်ဖူးပါတယ်။ တာအိုသခင်အိမ်မက်ပြာဆိုရင်လည်း သူ့သမီးလေးကြောင့် ဝမ်လင်ကို နောက်ကွယ်ကနေ ကာကွယ်ပေးခဲ့တာတွေရှိပါတယ်။ ဥပမာ- ပြင်ပနယ်မြေရဲ့ လက်ဝါးသခင်က ဝမ်လင်ကို ရေတွင်းထဲက လမြှားခြင်း မန္တာန်ကိုသုံးပြီး ထိန်းချုပ်ဖို့ကြံနေချိန် တာအိုသခင်အိမ်မက်ပြာက တိတ်တဆိတ် ဝင်တားခဲ့ပါတယ်။"မင်း အဲ့ကောင်လေးကို ရေတွင်းထဲက လမြှားခြင်း မန္တာန်နဲ့ အကွက်ချတာကို ငါမသိချင်ယောင်ဆောင်ပေးလို့ရတယ်။ ဒါပယ်မဲ့ မင်းသူ့ကိုသတ်ပစ်ဖို့ထိ စဥ်းစားရင်တော့ ငါဝင်ပါရလိမ့်မယ်။ အဖေတစ်ယောက်အနေနဲ့ ငါလုပ်သင့်တာကို လုပ်ရလိမ့်မယ်"ဆိုပြီး နတ်အသိအစိတ်နဲ့ တုန့်ပြန်ခဲ့ပါတယ်။ ဝမ်လင်ကတော့ မသိပါဘူး။ ဝမ်လင်ကို သမက်တစ်ယောက်လို သဘောထားပြီး အရာရာကူညီပေးခဲ့သူပါ။ *အားလုံးပဲ လင်ကောင်း၊မယားကောင်းနဲ့ ညားကြပါစေ❤️
𝐗𝐢𝐚𝐨 𝐒𝐡𝐮𝐢(肖水)
Region: MY
Thursday 20 August 2026 06:41:22 GMT
Music
Download
Comments
Footless bird🖤💝 :
ငါ့အချစ်ဆုံးအမျိုးသမီးလေးကတော့
Li Qian Mei🥰🥰
2026-08-20 10:56:37
3
Paing1234 :
ဒါမဲ့လဲ ဝမ်လင်က wan erတစ်ယောက်ပဲ ယူတာပါ စာရေးဆရာ ပြန်ပြောင်းထာသတာ မူးပင်းမေတောာင်ကလေး က လျှိမေဘာသာ ဝမ်လင် ဘာဆိုလားအဲ့တာကိုခိုးပြီးဖန်တီးထားတာ ကြိုက်ကြိုက် စာရေးဆရာက အလိုက်သိသား
2026-08-20 12:56:51
5
☯︎✰@꧁®𝑯®꧂ :
အသဲဝင်ပေးပါအုံးဗျ
2026-08-20 06:43:56
1
skynani🤍🤍🤍 :
donghuaမှာမတူပါဘူးနော်။mu wanလေးတစ်ယောက်တည်းကိုပဲယူတာပါနော်
2026-08-20 13:38:42
4
𝗣𝗮𝗻 𝗛𝘀𝘂 𝗦𝗮𝗻 :
forever wang'er 🥰
2026-08-20 14:23:26
3
Zin Zin :
🥰🥰🥰
2026-08-21 12:47:19
0
Naw Muu :
🥰🥰🥰
2026-08-21 12:41:39
0
☯︎✰@꧁®𝑯®꧂ :
🥰🥰🥰
2026-08-20 06:43:43
0
To see more videos from user @xiao.s.h.u.i, please go to the Tikwm
homepage.