@xinnxinn20: ကျမသားဆီဖုန်းဆက်ပီး သားဘယ်မှာလဲဆိုတော့ သားဟော်တယ်ရောက်ပီမေမေစိတ်မပူနဲ့တဲ့ အခုမေမေကဘယ်မှာလဲတဲ့ မေမေကသားထွက်သွားလို့စိတ်တွေပူပီး အခုရဲစခန်းရှေ့မှာလို့ ကိုယ့်အသံတွေလဲတုန်နေ အဲ့ချိန်ကဆောင်းတွင်းဆိုတော့ အေးကလဲအေးနေ ဒင်းရှိနေတဲ့အိမ်လဲမပြန်ချင်တော့ဘူး လက်ထဲလဲပိုက်ဆံတစ်ပြားမှပါမလာ ထွက်လာတုန်းကတော့သားကိုစိတ်ပူပီး ကြောက်ရမှန်းလဲမသိဘူး ည1နာရီထိုးနေပီဆိုတော့ တစ်ယောက်ထဲမပြန်ရဲတော့ဘူး အမတွေတူမတွေကိုလာခေါ်ခိုင်းရင်ရပေမဲ့ သူတို့ကိုလဲဒုက္ခမပေးချင်တော့ဘူးလေ သားကိုလဲလာမခေါ်ခိုင်းချင်ဘူးလမ်းမှာစိတ်မချလို့ အာ့နဲ့ဖုန်းလေးတစ်ခါလောက်ဆက်ပေးပါအုံးလို့ ဂိတ်စောင့်ကိုအကူညီထပ်တောင်းရ အဲ့တာနဲ့မြို့ထဲမှာနေတဲ့ကိုယ့်တွက်ဆို အသက်ပဲပေးရပေးရဆိုတဲ့ တွမ်ဘွိုင်းအကိုကြီးဆီဖုန်းဆက်ပီးလာခေါ်ခိုင်းရ ရဲစခန်းရှေ့မှာငုတ်တုတ်လေးထိုင်စောင့် ကြောက်ကလဲကြောက် အဲ့မှာအဲ့တွမ်ဘွိုင်းအကိုဆိုင်ကယ်နဲ့ရောက်လာတော့ ကျနော့်ကိုဟော်တယ်ပို့ပေးပါလို့ ပိုက်ဆံလဲချေးပေးအုံးလို့ဆိုပီး ဟော်တယ်မှာသွားအိပ်ရတယ်ပေါ့ မနက်လင်းတော့ရဲစခန်းထပ်သွားတယ် အမှု့တွေလက်မခံသေးလို့ဘယ်သူ့မှဝင်ခွင့်မပေးဘူးတဲ့ ကဲကျနော်ဘယ်သူ့ကိုသွားတိုင်ရမလဲ အာ့နဲ့ရဲမှုးဖုန်းနံပါတ်တောင်းခဲ့ပီး ဖုန်းဆက်ပြောလိုက်တယ် ဆရာရေကူညီပေးပါအုံးလို့ ဟိုအကောင်ကလာနှောက်ယှနေပြန်ပီ ခေါ်ဆုံးမပေးပါအုံးလို့ ညီမဆီလုံးဝမလာအောင်ဆုံးမပေးပါရှင်လို့ အဲ့မှာရဲမှုးက ဟာဒီကောင်တော်တော်ဆိုးပါလားတဲ့ ဟုတ်ပီညီမလေး အကြောင်းကြားစာပို့လိုက်မယ်တဲ့ အဲ့နောက်ပိုင်း ဒင်းငြိမ်သွားတယ် အချိန်ကြာလာတာနဲ့အမျှ ပတ်ဝန်းကျင်က သူအိမ်မှာမရှိတာရိပ်မိလာတယ် အိမ်ထောင်ကွဲပီဆ်ုတာနဲ့ လူတွေကလက်တည့်စမ်းချင်ကြတာနော် ကျမလိုမိန်းမမျိုးကစကားနဲ့လဲစော်ကားမခံဘူး မျက်လုံးနဲ့လဲစော်မခံဘူး ဆိုင်မှာလာထိုင်တဲ့တစ်ချိုလူတွေက ရိသဲ့သဲ့နဲ့အပျိုကြီးလို့စသလိုနောက်သလိုနဲ့ပြောရင်ကို ကျမမကြိုက်တာ ပါးစပ်သရမ်းတဲ့အကောင်တွေလဲပြောပြစ်တာ အဲ့လိုပါးစပ်သရမ်းမယ်ဆို ကျမဆိုင်လာမထိူင်ပါနဲ့လို့ ဒါတောင်ကျမလောက်မျက်နှကြောတင်းတဲ့မိန်းမနော် အရမ်းရွံဘို့ကောင်းတဲ့ စိတ်ဓာတ်အောက်တန်းကျတဲ့ ယွကျားတွေကသတ်သတ်ကိုရှိတာနော် ဒါကြောင့်မို့ အိမ်ထောင်ကွဲဖြစ်သွားရင် ကိုယ့်ကိုယ်ကိုကာကွယ်ရတယ် အနေထိုင်ဆင်ခြင်ရတယ် တစ်ခုလပ်ဖြစ်သွားပီဆိုတာနဲ့ပတ်ဝန်းကျင်က မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့ချိန်မှာ အနေအထိုင်အသွားအလာဆင်ခြင်ပီးနေရတယ် ဒီလိုနဲ့ကျမမွေးနေ့ရောက်လာတယ် အဲ့နေ့ကမွေးနေ့အလှုတွေလုပ်နေချိန် မွေးနေ့စပရိုက်ဆိုပီးရောက်လာတယ် ဘယ်သူပို့ခိုင်းတာလဲဆိုတော့ထုံးစံအတိုင်း မျက်လုံးစီးပါဘာညာပေါ့ ပီးတော့စပရိုက်ပို့တဲ့ကောင်မလေးက အမဘယ်သူပို့တာလို့ထင်လဲတဲ့ သိဘူးလေလို့ ကျမကိုပို့ပေးမဲ့သူဆ်ုလို့တူမတွေပဲရှိတယ်ပေါ့ သားကလဲအဲ့လိုတွေဝါသနာမပါသူမို့ အဲ့လိုနဲ့ပုဝါဖြည်ပီးကြည့်လိုက်တော့ ပန်းစည်းအကြီးင်္ကြးနဲ့ အသဲပုံဂျပ်ဗူးတစ်ဘူး ဖွင့်ကြည့်ခိုင်းလို့ဖွင့်ကြည့်လိုက်တော့ iPhone13pro ကောင်မလေးက ပေးတဲ့သူရဲ့အမှာစာလေးဖတ်ပြမယ်နော်တဲ့ အဲ့မှာသူဖြစ်နေတယ် အမှာစာတော့ပြန်မပြောပြတော့ပါဘူး အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ သူ့ဆီကတစ်ခါမှ ကျမတွက်လက်ဆောင်ဆိုတာမရခဲ့ဖူးပါဘူး ကျမအံ့ဩသွားပီကြောင်သွားတယ် ပီးတော့မျက်ရည်ကျလာတယ် ရင်ထဲမှတစ်ဆို့ပီးဘာပြန်ပြောရမယ်မသိ အလှုလုပ်နေချိန်ဆိုတော့လူတွေကလဲအများကြီး လက်ခုပ်တီးအားပေးနေကြတယ်ပေါ့ သားလဲရှိနေတော့မယူချင်ဘူးလဲမငြင်းချင်ဘူး ယူထားလိုက်တယ်ပေါ့ ဒီလိုနဲ့ဆိုင်ကကလေးတွေကိုလျှောက်လည်ပေးနေချိန် သားဆီကဖုန်းဝင်လာတယ် မေမေ့မွေးနေ့မို့စားသောက်ဆိုင်မှာ ဘိုကင်တင်ထားတယ်ပြန်လာခဲ့တော့တဲ့ အဲ့မှာကိုယ်လဲပြန်လာ သားခေါ်တဲ့ဆီတူမတွေနဲ့အတူလိုက်သွားတယ်ပေါ့ ဟိုရောက်တော့သားအဖေကစီစဉ်ထားမှန်းသိရ သူဘာတွေလာအရူးထနေလဲပေါ့ သူ့ဦးလေး၂ယောက်နဲ့ကျောက်ပွဲစားတွေရယ် သူ့သူငယ်ချင်းတွေရော်ဆိုတော့ ကျမလဲသူများတွေကိုအားနာတာနဲ့ ပြန်မလှည့်တော့ပဲ ကိုယ်လဲကိုယ့်မွေးနေ့မှာပြသနာမတတ်ချင်တာရော် သားစိတ်ချမ်းသာပါစေတော့ဆ်ုတဲ့စိတ်နဲ့ သူမွေးနေ့ပွဲလုပ်ပေးတာကိုပျော်ပေးခဲ့လိုက်ပါတယ် အဲ့ချိန်မှာသူ့ကမဆီကဖုန်းလာတယ်နဲ့တူပါတယ် ဖုန်းကြည့်လိုက်ပြန်ချလိုက်နဲ့ ကိုယ်ကတော့စိတ်ထဲမှာကျေနပ်နေတယ်ပေါ့ အဲ့မှာလောင်နေလိုက်စမ်းကမဆိုပီး အဲ့နေ့ကကျမတို့မိသားစုလိုက်ပျော်နေတဲ့အမှတ်တရvdလေးကိုဟိုကမမြင်စမ်းဆိုပီး ကျမttမှတင်လိုက်တယ်ပေါ့ကွယ်🤭 ကြည့်ချင်ကြရင်တော့ရှာကြည့်ကြပေါ့ရှင်😁 ကဲဒီအပိုင်း(12)နဲ့ပဲဇာတ်သိမ်းလိုက်ရတော့မလား သိချင်ကြသေးလားဆိုတာပြောခဲ့ကြအုံး #အိမ်ထောင်ရေးဖောက်ပြန်ခံရခြင်းမှကင်းဝေးကြပါစေ #phyu✍️
phyu
Region: MM
Thursday 20 August 2026 08:30:50 GMT
Music
Download
Comments
🍑May Lay🐝🐝 :
ဇာတ်မသိမ်းပါနဲ့ဦးမမ🤭🤭ဖတ်လို့ကောင်းတယ်ဟိုကမဘယ်လိုဖစ်သွားမလဲဆိုတာတွေးကြည့်ရုံနဲ့တင်ကျေနပ်ပိတိဖစ်နေပြီ🥰🥰ဆက်တင်ပေးပါဦးမမ
2026-08-20 08:57:03
18
Nway Lum Thu :
ပြောတော့သာလွယ်တာ ပြတ်ဖို့မလွယ်ပါဘူး အချိန်တန်တော့ သွေးသားကတောင်းဆိုတာကိုမလွန်ဆန်နိုင်ပါဘူး လူကြားကောင်ပဲပြောနေရတာပါ
2026-08-21 03:33:12
0
moe moe :
မျှော်နေမယ်မမစိတ်ဝင်စားလို့🥰🥰🥰
2026-08-20 14:50:04
1
สาสา :
မျှော်နေမယ်နော်မမအဆက်လေး❤️❤️❤️❤️❤️
2026-08-20 09:14:07
2
JSL :
သိချင်ရဲ့ လက်တို့ပါဦး
🥰🥰🥰
2026-08-20 08:44:49
1
Daw Khin Win Sein :
ဖတ်လို့အရမ်းကောင်း ဆက်ရေးကာနော်
ချစ်တယ်♥️♥️♥️
2026-08-20 11:08:42
1
Daw Sandar Thaw :
ညီမလေးရေရေးပါအုန်းဖတ်လို့ကောင်းနေတုန်း
2026-08-20 09:25:37
3
minthantkoko4311 :
ဆက်ရေးပေး အမ🥰🥰🥰
2026-08-20 08:39:08
1
Take All Plus Size BKK (MDY) :
🥰🥰အားပေး နေတယ်
2026-08-21 09:01:22
1
Waizin :
ဖတ်လို့အရမ်းကောင်းဆက်တင်ပါမမ🥰🥰🥰👍👍👍👍
2026-08-21 02:00:56
1
Daw Myo :
အဆက်မျှော်
2026-08-20 09:19:31
1
မမစု Shwe Suအိမ်ခြံမြေ :
မမ လိုသန်မာချင်တယ်စုတို့ကမမလိုလည်း
အေးအေးချမ်းမနေရပဲကိုယ့်ပိုက်ဆံကိုယ်ရှာစားရပြီးဖောက်ပြန်ခံရတာ အသက်ထွက်မတတ်နာကျင်ရတယ်
2026-08-20 12:06:45
2
Win :
အဆက်လေးမျှော်နေမယ်မမ
2026-08-20 08:53:37
1
Kar Yan :
မိုက်တယ်မမရေ🥰🥰🥰
2026-08-20 08:37:51
1
ကျုံပျော်သူ :
ဇာတ်သိမ်းဟုတ်ဘူးလေးမမအဆက်လေးမျှော်နေမယ်
2026-08-20 10:59:42
2
Sumo :
သိချင်တယ် ဘယ်လိုသန်မာအောင်နေလည်းဆိုတာ
2026-08-20 10:42:11
5
Myint Ko Htwe💑May :
ကောင်းတဲ့အရာ မဟုတ်ပေမယ့် ဝတ္ထုဖတ်နေရသလိုပါပဲ အဆက်လေးတော့ ထပ်ဖတ်ချင်မိပါတယ်
2026-08-20 11:31:03
2
Shwe Yee&mommy😘 :
မမကြီးနော် အဲ့လိုတို့လို့တန်းလန်းကြီးတော့မထားခဲ့ရဘူး 😁😁စိတ်ဆိုးမှာ
2026-08-20 09:38:45
3
Han Ni Moe :
ဇာတ်မသိမ်းနဲ့အုံးနော် မမ ဆက်ဖတ်အုံးမယ်မျှော်နေမိ
2026-08-20 10:04:11
1
🌹 Rose 🌹 :
အဆက်လေးဖတ်ချင်ဝေါထဲခဏခဏဝင်တာတော့စိတ်မဆိုးပါနဲ့နော်မမရဲ့ဘဝအတွေ့အကြုံဆက်ဖတ်ဖို့စောင့်နေပါတယ်မမရေ
2026-08-20 13:00:08
1
nyalay :
ဆက်ရေးအုံးနော်အမ 😊😊😊
2026-08-20 08:47:06
1
myatnoe6522 :
ငယ်ငယ်တုန်းကစပိုင်ချစ်သူကိုးရီးယားကားစောင့်ကြည့်ရသလိုပဲတရက်တပိုင်းနဲ့မကျေနပ်နိုင်တော့ဘူး😁😁😁😁😁
2026-08-20 15:10:46
1
phyu phyu :
သိချင်သေးတယ်မမရှင့်စိတ်ဝင်စားဖို့ကောင်းနေပီ😍
2026-08-20 13:24:47
1
khin Lay :
🥰🥰🥰
2026-09-04 14:07:08
0
Mi MiSoe :
💞💞💞
2026-08-20 08:37:01
1
To see more videos from user @xinnxinn20, please go to the Tikwm
homepage.