@maungwanna4: လမ်းပျောက်နေဆဲအသက် ၅၀ ကျော်အရွယ် အိမ်ထောင်ဦးစီးယောက်ျားများဘဝ .... အိမ်ထောင်သက်တန်းတစ်လျှောက်မိသားစုအတွက်ရယ်လို့ပဲရှာဖွေစုစောင်းခဲ့ကြတယ်တစ်ခါတရံမှာဆိုရင် ကိုယ်ကြိုက်တဲ့အစားအစာစားမယ်ဆိုရင်တောင် ဆိုင်မှာမစားပဲပါဆယ်ထုတ်ပြီး အိမ်ရောက်မှ မိသားစုနဲ့အတူစားတာမျိုးပေါ့ ဘဝခရီးလမ်းကို ကြိုးစားရုန်းကန်ခဲ့တယ် ရိုးသားစွာ ရှာဖွေခဲ့တယ် ဒါပေမဲ့ အခြေအနေတွေဟာ သူလိုကိုယ်လိုပါပဲငါတို့ ဘာတွေလိုအပ်နေခဲ့လို့လည်းအသက်ကလည်း ၅၀ ကျော်နေပြီ မပြည့်စုံတဲ့ဘဝမဟုတ်သလိုကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်အပေါ်မျှော်လင့်နေတဲ့သူတွေကိုအထောက်အပံ့ကောင်းပေးနိူင်တဲ့သူလည်းမဖြစ်ခဲ့ဘူးကြိုးစားမူက မလုံလောက်လို့လား ကံတရားကြောင့်လား ဒါမှမဟုတ်အခြေအနေအချိန်အခါကောင်းမဟုတ်သေးတဲ့အတွက်ကြောင့်လားမဝေခွဲတတ်တော့ဘူးအချိန်အခါကြောင့်ဆိုရင်တော့ ဒီဘဝက ဒီလောက်ပါပဲနေမှာပါအသက်အရွယ်က ၅၀ ​ကျော်ပြီလေသေခြာတာကတော့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်မဟုတ်သလို သားကောင်းတစ်ယောက်လည်း မဟုတ်ခဲ့ပြန်ဘူးဘယ်သူ့ကိုမှ ဒုက္ခပေးနေခဲ့တာလည်းမဟုတ်သလိုအထောက်အပံ့နဲ့ ယုံကြည်ကိုးစားမူကိုလည်းမပေးစွမ်းနိူင်ခဲ့ပြန်ဘူး ကြိုးစားနေပါတယ်လို့ပြောခြင်ပေမဲ့ပြစရာအဖြေမရှိတဲ့အတွက်အကြိမ်ကြိမ် နူတ်ဆိတ်နေမိခဲ့တယ်နောင်တတွေရခြင်ပေမဲ့ကိုယ့်လုပ်ရပ်တွေဟာလည်း မှားယွင်းနေတယ်လို့ မဆိုလိုနိူင်ပြန်ဘူးဘယ်အရာကို နောင်တရ ရမယ်မှန်းလည်း မသိပြန်ဘူးမှန်ကန်စွာ ကြိုးစားရုန်းကန်နေခဲ့ပေမဲ့သူ့အလိုလို လမ်းပျောက်နေခဲ့ပါတယ်ကာလတစ်ခုမှာတော့အရင်က ကိုယ်တိုင်ရှာဖွေပေးခဲ့ပေမဲ့ဒီအရွယ်ရောက်တော့မှ ကိုယ်ကတောင်းသုံးနေရတာကြီးလေးတဲ့ စိတ်မချမ်းသာမူပါရန်ဖန်ရန်ခါ ကြားရတဲ့စကားတစ်ခွန်းကစားနေရတာပဲမဟုတ်လားတဲ့ ဒီစကားဟာရင်ဘတ်ကြီး ဆင်စွယ်နဲ့ထိုးခံလိုက်ရသလိုပါ

Maung Wanna
Maung Wanna
Open In TikTok:
Region: MM
Thursday 20 August 2026 09:23:28 GMT
35760
856
4
163

Music

Download

Comments

ko.pauk953
ko.pauk953 :
😏😏😏
2026-08-20 13:19:31
5
tiktok.min.thear
TikTok Min Thear :
ပြန်လည်ကူးပြီးတော့တင်ခွင့်ပြုပါ။
2026-08-21 00:52:05
2
user6053719394920zanzan
zaw :
🥰🥰🥰👍
2026-08-20 16:56:52
1
To see more videos from user @maungwanna4, please go to the Tikwm homepage.

Other Videos


About