@lwamsuya7002: တောင်တန်းတွေနဲ့တူတဲ့သူတဲ့... လူအများက အိမ်နဲ့တူတဲ့သူကိုပဲအသိများကြတာ..... ကိုယ့်အတွက်တော့ သူဟာတောင်တန်းတွေနဲ့တူတဲ့သူ.... တောင်တန်းတွေဟာ ငေးလေငေးလေ ဆွဲငင်လေ.. အေးချမ်းလေ.. ဒီလိုပဲ သူကလဲ ကြည့်လေကြည့်လေ အေးချမ်းစေလေ.. တည်ငြိမ်တယ်... ဒီစာကိုဖတ်တဲ့အခါ ...သဘောကျလို့ပြုံးစေချင်တယ်...။ သူဟာကိုယ့်အတွက်ကောင်းမွန်တဲ့အခါ မြတ်နိုးစိတ်တွေပိုသာရတယ်...။ မြူတွေရစ်လို့ဖုံးလွှမ်းရင်တောင် တောင်တန်းတွေကိုကြည့်ချင်စိတ်ကပိုသာရတယ်...။ မပြုံးမရယ် မလိမ်းမခြယ်ပဲနေရင်တောင် ကြည့်ချင်စိတ်ကရှိပြန်တယ်...။ ကြည့်လေကြည့်လေ ကိုယ်ပါ ပြုံးချင်လေ... "အေးအေးဆေးဆေးနဲ့ချစ်စရာကောင်းတာ သူမှအစစ်"လို့တောင်ကြွားလိုက်ချင်တယ်.... တခြားနေရာတွေဘယ်လောက်လှလှ တောင်ပေါ်ဒေသကိုပဲ ကြိုက်မိတာ....တခြားသူတွေထက် အမြင်အာရုံထဲ သူ့ကိုပဲမြင်ယောင်မိတယ်...။ စာနဲ့ပေနဲ့ပြောရရင် သည်ရင်အစုံမှာ ပန်းရနံ့တို့မွှေးကြိုင်စေသောသူ....သည်တော့ ချစ်ရပါသည်...။ မျက်စိအမြင်ထဲထင်ပေါ်စွာ မြင်ချင်လှပါသည်...။ ဟိုးအဝေးက တောင်တန်းတွေကိုသဘောကျလိုက်တာလို့ပြောသလို သာ၍သာ၍ သူ့ကိုတော့ ချစ်ရပါတယ် သဘောကျရပါတယ်.......တောင်တန်းတွေရှေ့မှာ လှလိုက်တာလို့ ကိုယ်တိုင်သွားပြောချင်သလို...လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး မျက်ဝန်းတွေကိုကြည့်ပြီး..ငါလေ..သိပ်ချစ်တာလို့ ပြောလိုက်ချင်တယ်..။ တောင်တန်းတွေကိုမြင်ချင်လှသလို....ကိုယ့်ရဲ့တောင်တန်းလေးကိုလဲပို၍မြင်ချင်လှပြီ....။ #moots? #fypシ
𝑳𝒘𝒂𝒎_𝑽𝒆𝒓𝒔𝒆(လွမ်း)📚
Region: MM
Thursday 20 August 2026 12:31:22 GMT
Music
Download
Comments
☘️ :
ခွင့်ပြုမယ်ဆို စာသားလေးရချင်🥰🥰
2026-08-21 12:08:33
1
SUGAR Lady :
copy ယူပြီ
2026-08-21 06:41:15
1
Kate(ခိတ်) :
တောင်တန်းတွေကိုသဘောကျသလိုတောင်တန်းတွေနဲ့တူတဲ့လူကိုလဲပိုင်ဆိုင်ချင်မိတယ်🍀
2026-08-21 08:53:38
1
ginger🫚 :
ပင်လယ်ကြီးလို ဆိုးနွဲ့မှုလေးကိုလည်း
နားလည်ပေးရမယ်လေနော်🥰
2026-08-21 18:45:10
0
Thun Htet Htet Moe :
ရေးထားတာလေးက နူးညံ့ပြီးချစ်စရာလေးကွယ်🫠🫶
2026-08-21 16:35:01
0
Hnin Mya Sandar :
@✩Nᴀᴛ Sʜɪɴ Nᴀᴜɴɢ♡
🥺🥺🥺
2026-08-20 12:48:39
2
𝓗 ♡ 👑 :
@👑⚽Naing MA NA JR👑⚽
တောင်တန်းတွေကို သဘောကျတရ်
တာပေမဲ့ တောင်တန်းတွေထက် ကို" ရဲ့အပြုံးလေးတွေကို ပိုမြတ်နိုး သဘောကျမိပါတရ်...🥺🤍✅
2026-08-21 19:01:13
0
cole💕🤍🤍🍁🍀🏳️🌈 :
❤❤❤❤❤❤💚💚💚💚💚
2026-08-21 18:02:36
0
S:♋️ :
☘️🤎
2026-08-21 14:58:48
1
To see more videos from user @lwamsuya7002, please go to the Tikwm
homepage.