@htoomyatkhant05: ဒီယတြာက ချစ်သူရည်းစားသက်တမ်းရင့်လာတာနဲ့ဖြစ်လေ့ဖြစ်ထရှိကြတဲ့ အချစ်မရှိတော့တာ၊သွေးအေးတာနဲ့အမြဲတမ်းရန်တကျက်ကျက်ဖြစ်တာ၊အမုန်းတရားအညိုးတေးတွေထားကြတာ စတဲ့ပြသနာတွေငြိမ်းအေးပြီး အချစ်ရေးခရီးလမ်းကိုကောင်းစွာလျှောက်လှမ်းဖို့အတွက် ပြုလုပ်သင့်တဲ့ယတြာအမျိူးအစားဖြစ်ပါတယ်။သက်တမ်းရင့်စုံတွဲမှမဟုတ်ဘူး၊ပုံမှန်စုံတွဲများလည်းပြုလုပ်လိုရပါတယ်။ ဒီယတြာကပြုလုပ်မယ်ဆိုရင် ကို့ချစ်သူရဲ့ဓာတ်ပုံနဲ့ လိပ်ပြာစေဖို့အရိုးတံတိုတိုနှင်းဆီနီနီသုံးပွင့် နဲ့ စာအိတ်တအိတ်လိုပါတယ်။ ပြုလုပ်ရမဲ့အချိန်ကတော့ ထွေထွေထူးထူးမရှိပေမယ့် လပြည့်လိုနေ့ရက်တွေမှာပြုလုပ်နိုင်ရင်တော့အကောင်းဆုံးပါ။ လုပ်ရမဲ့နေရာက အမိုးအကာမရှိတဲ့ဝရံတာလေသာဆောင်မျိုးမှာလုပ်ရပါမယ်။မရှိရင်တော့ ကို့အခန်းထဲပဲကိုလုပ်ပါ။ ဘာလုပ်ရမလဲဆိုရင် ပထမဆုံး မြောက်အရပ်ကိုမျက်နှာမူပြီး အစီရင်စရပါမယ်။ ဖယောင်းတိုင်အဖြူသုံးတ်ိုင်ကိုအစီရင်စမဲ့နေရာမှာ အဆင်ပြေသလိုအရင်ထွန်းပါ။ လင်ဗန်းဖြစ်စေကြွေပန်းကန်ပြားဖြစ်စေ အဲ့အပေါ်မှာ ကို့ချစ်သူဓာတ်ပုံတင်ပါ။ပြီးရင် ကိုချစ်သူနဲ့ကို့ချစ်သူအပေါ်ထားရှိတဲ့ချစ်ခြင်းတရားကိုအာရုံပြုခံစားပြီး နှင်းဆီပန်းတပွင့်ကိုနမ်းရှိုက်ပါ။ နမ်းပြီးရင် ပြုလုပ်သူကအမျိူးသားဆိုရင်ဒီမန္တန်ကို တခေါက်ရွတ်ပါ။ ဥုံတောကလာသည့်လိပ်ပြာ မောင့်လိပ်ပြာ မယ်ထံသို့သွား မယ့်ရင်ခွင်မှာနားပါတော့လား ပြုလုပ်သူက အမျိူးသမီးဖြစ်ပါက ဥုံတောကလာသည့်လိပ်ပြာမယ့်လိပ်ပြာ မောင့်ထံသို့သွား မောင့်ရင်ခွင်မှာနားပါတော့လား ဆိုပြီးတခေါက်ရွတ်ပါ။ ရွတ်ပြီးရင် နှင်းဆီပန်းတပွင့်ကို သူ့ဓာတ်ပုံပေါ်တင် လိုက်ပါ။ နောက်ထပ်နှင်းဆီပွင့်တွေနဲ့လည်း အပေါ်ကအတိုင်းနမ်းတာတွေမန္တာန်ရွတ်တာတွေလုပ်ပါ။ လုပ်ပြီးရင် နှင်းဆီသုံးပွင့်နဲ့ ဓာတ်ပုံကို စာအိတ်တအိတ်ထဲထည့်ပြီး ပိတ်ပါ။ ပိတ်ပြီးရင် ကိုဖြစ်ချင်တဲ့ဆန္ဒကိုတိတိကျကျသေသေချာချာဆုတောင်းပါ။ ခေါင်းအုံးအောက်ထားပြီးတညအိပ်ပါ။ နောက်ရက်မှာ အဲ့စာအိတ်ကို ကိုနဲ့သူနဲ့အမှတ်တရရှိတဲ့နေရာမျိူးကိုမြုပ်ပါ။ LDRS လိုချစ်သူစုံတွဲတွေကတော့ ပန်းရောင်မိုးပျံပူဖောင်းသုံးလုံးနဲ့ စာအိတ်ကိုချည်ပြီးလွှတ်တင်ပါ။ ဒါဆိုရင်ယတြာကပြီးပါပြီ။ယတြာလုပ်ပြီးတာနဲ့ မကြာခင်ပဲ ကိုနဲ့သူနဲ့ အချစ်ရေးကအရင်ထက်အဆင်ပြေလာပြီး ပြသနာတွေသွေးအေးတာတွေတစတစပါးလာပြီး သည်းသည်းလှုပ်ချစ်လာပါလိမ့်မယ်။ ချစ်သူရည်းစားစုံတွဲတိုင်း အိုအောင်မင်းအောင်ပေါင်းရပါစေ။ လောကီအဆောင်အစီအရင် ထူးမြတ်ခန့် (လက်ဝဲကိုးသိန်းလက်ယာကိုးသိန်းပညာခွင်) #အချစ်ရေး #ယတြာ #myanmartiktok🇲🇲🇲🇲 #fyp #myanmartiktok
Htoo Myat Khant
Region: MM
Friday 21 August 2026 02:02:20 GMT
Music
Download
Comments
Amara :
မြှုပ်စရာမရှိရင်ရော ဘယ်လိုထားရမလည်း
2026-08-21 12:30:49
0
Su Lwin Myo :
အိမ်ထောင်သည်လည်းလုပ်လို့ရလား
2026-09-17 12:34:38
0
mera :
ဆရာမသိလို့ပါနော်အဲ့လိုလုပ်ရင်ငရဲကြီစလားဆရာ ဆရာကအထက်လမ်းလား🥰
2026-08-22 00:50:34
0
To see more videos from user @htoomyatkhant05, please go to the Tikwm
homepage.