@honey20042212: ယောက်ျားတွေ ဘဝမှာ စိန်မခေါ်သင့်တဲ့ အမျိုးသမီး တမျိုးရှိတယ် .. ဘယ်လိုအမျိုးသမီးမျိုးလဲ ဆိုတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိတဲ့ အမျိုးသမီးမျိုး... ဘယ်သူ့ကိုမှ မှီခိုမနေဘူး ဘယ်သူ့ဆီကမှ လက်ဖြန့်နေစရာမလိုဘူး ဘယ်သူငြိုငြင်သွားမှာမှ ကြောက်နေစရာမလိုဘူး ... တစ်ယောက်ထဲ နေခဲ့ရမှာလား နေခဲ့ရဲတယ်။ တစ်ယောက်ထဲ သွားရမှာလား သွားရဲတယ်။ တစ်ယောက်ထဲ ခရီးဆုံးထိ လျှောက်ရမှာလား လျှောက်ရဲတယ် ... တယောက်ထဲနေသားကျနေတဲ့ အမျိုးသမီးတွေဟာ တယောက်ထဲ နေသားပြန်ကျဖို့အတွက် လေ့ကျင့်ရတာ ခက်ခဲမယ်လို့ ထင်ပါသလား ? ဘဝမှာ အဆိုးဝါးဆုံး အကြမ်းတမ်းဆုံး နေ့ရက်တွေကို တစ်ယောက်ထဲအကောင်းဆုံး ကျော်ဖြတ်ခဲ့ကြတဲ့သူတွေမို့ တစ်ယောက်ထဲနေသားကျခြင်းဟာ သူတို့အပိုင်နိုင်ဆုံး ဘာသာရပ်ပဲ ... ငါမရှိရင် မဖြစ်ဘူးလို့ ပညာပြချင်တဲ့သူတွေ ငါ့ကိုလိုကိုလိုအပ်မှာပဲလို့ တွေးနေတဲ့သူတွေ ၊ ငါရှိလို့ သူရပ်တည်နေနိုင်တာလို့ ကို့ကိုယ်ကိုအထင်ကြီးနေတဲ့သူတွေအတွက်တော့ တကယ် စိတ်မကောင်းစရာပါပဲ ... တစ်ယောက်ထဲ ရပ်တည်ရဲတဲ့ အမျိုးသမီးတွေက နင်မရှိလဲ ဖြစ်တယ် နင်မကူလဲ ဖြစ်တယ် ... နင်ဆိုတာ အရေးကိုမပါတာလို့ ပြောနိုင်တဲ့နေ့ရောက်လာခဲ့ရင် အဲ့ဒီနေ့ဟာ အရာအားလုံး အဆုံးသတ်သွားတဲ့နေ့ပါပဲ ... ဒီလိုအမျိုးသမီးက သင့်ကို အားကိုးနေသေးတယ်ဆိုရင် သူ့ကိုယ်သူထက် သင့်ကို ပိုလိုအပ်နေလို့ပါ ... ဒီလိုအမျိုးသမီးက သင့်ကို လိုက်ရှာနေသေးတယ်ဆိုရင် သူ့ကိုယ်သူထက် သင့်ကို ပိုရှာတွေ့ချင်လို့ပါ ... ဒီလိုအမျိုးသမီးက သင့်အနားမှာ နေချင်နေသေးတယ်ဆိုရင် သူ့ကိုယ်သူထက် သင့်ကိုအနားမှာ ကပ်တွယ်မှီခိုချင်လို့ပါ ... အရာအားလုံးကို လွှတ်ချပြီး သင့်ကို The End လို့ လှလှပပပြောထွက်တဲ့နေ့ ရောက်လာခဲ့ရင် သင့်ဘဝမှာ ဒီအမျိုးသမီးမျိုးကို နောက်ထပ် ဘယ်တော့မှ ပြန်ရှာတွေ့တော့မှာ မဟုတ်ပါဘူး။ သူအစွမ်းကုန် တောက်ပမယ့်နေ့ရက်တွေကို သူရွေးချယ်သွားလိမ့်မယ် ... သူအစွမ်းကုန် လှပမယ့်နေ့ရက်တွေကို သူရွေးချယ်သွားလိမ့်မယ် ... သူအထူးချွန်ဆုံး အောင်မြင်မယ့်နေ့ရက်တွေကို သူရွေးချယ်သွားလိမ့်မယ် ... အဲ့ဒီနေ့ရက်တွေ ရောက်လာခဲ့တဲ့အချိန်မှာ နောက်ဆုတ်ပြီး ငေးကြည့်နေနိုင်ရုံသာ သင် ကြိုးစားနေလိုက်ပါ ... ဘဝမှာ သွားပြီးစိန်မခေါ်သင့်တဲ့ အမျိုးသမီး တမျိုးရှိတယ်။ ဘယ်လို အမျိုးသမီးမျိုးလဲဆိုတော့ သင် ဘာကောင်ကြီးဖြစ်ဖြစ် သင့်ကိုလုံးဝ ဂရုမစိုက်တော့မဲ့ အမျိုးသမီးမျိုးပဲ ....။ #လူငယ်များဆီသို့ #foryou #crd_to_owner_with_respect #motivation #strongwomen

𝓐𝓩   📚🍀
𝓐𝓩 📚🍀
Open In TikTok:
Region: TH
Friday 21 August 2026 04:00:40 GMT
3370
272
2
16

Music

Download

Comments

hla.moe698
Hla Moe :
🥰🥰🥰
2026-08-21 08:57:41
1
To see more videos from user @honey20042212, please go to the Tikwm homepage.

Other Videos


About