@berry.berry2120: 🌷နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေဖို့ 🌷 ~~~~~~~~~~~~~~~~~~~~~~~~~~~ ​"အရာရာတိုင်းမှာ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတဲ့အခါ စိတ်တိုတတ်ကြတယ်၊ ဒေါသဖြစ်တတ်ကြတယ်။ စိတ်တိုတယ်ဆိုတာ သူတစ်ပါးရဲ့ အမှားအတွက် မိမိကိုယ်မိမိ ပြန်ပြီး အပြစ်ပေးနေတာနဲ့ တူပါတယ်။" ​"သူများက ကိုယ့်ကို လာဆဲတယ်၊ လာပုတ်ခတ်တယ်ဆိုတာ သူတို့ရဲ့ စရိုက်၊ သူတို့ရဲ့ ကံပေါ့။ ဒါပေမဲ့ အဲဒီအပေါ်မှာ ကိုယ်က ပြန်ပြီး စိတ်ဆိုးနေမယ်၊ အာဃာတထားနေမယ်ဆိုရင် သူတို့ဆီက မီးလျှံက ကိုယ့်ရင်ထဲကို ကူးလာတာနဲ့ အတူတူပါပဲ။ သူတစ်ပါးက ကိုယ့်ကို မီးနဲ့ လာတိုက်တဲ့အခါ ကိုယ့်ဘက်က ရေနဲ့ပဲ တုံ့ပြန်ရမယ်။" ​"လောကမှာ ​လူတိုင်းကို စိတ်တိုင်းကျအောင် လိုက်လုပ်ပေးလို့မရသလို၊ ​လူတိုင်းကလည်း ကိုယ့်ကို စိတ်တိုင်းကျအောင် လိုက်လုပ်ပေးမှာ မဟုတ်ဘူး။ ​ဒါကြောင့် လောကကြီးကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့၊ ကိုယ့်ရဲ့ စိတ်နေစိတ်ထားကိုပဲ ပြောင်းလဲအောင် ကြိုးစားပါ။ ဘယ်လိုအခြေအနေမျိုးပဲ ကြုံကြုံ 'ဒါဟာ ဖြစ်သင့်လို့ ဖြစ်တာပဲ' ဆိုတဲ့ အသိနဲ့ သည်းခံခွင့်လွှတ်နိုင်အောင် ကြိုးစားရမယ်။" ​"စိတ်ကောင်းနှလုံးကောင်း ရှိတယ်ဆိုတာ သူတစ်ပါးအတွက်တင် မဟုတ်ပါဘူး၊ ကိုယ့်စိတ်ကလေး အေးချမ်းဖို့အတွက် အဓိက ဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ မနာလိုမှု၊ ဝန်တိုမှု၊ အာဃာတတရားတွေ ကင်းစင်နေသမျှ ကာလပတ်လုံး ကိုယ်ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး အငြိမ်းချမ်းဆုံးလူသား ဖြစ်နေမှာပါ။" ​"ဒါကြောင့် သူတစ်ပါးအပေါ် အကောင်းမြင်ပေးပါ၊ အမှားရှိရင် ခွင့်လွှတ်ပေးပါ၊ ကိုယ့်စိတ်ကလေးကိုပဲ အမြဲတမ်း ဖြူစင်အောင် စောင့်ရှောက်ထားပါလို့ အဆုံးအမပေးချင်ပါတယ်။" . 🪷 အရှင်ဆန္ဒာဓိက 🪷 ရွှေပါရမီတောရ . ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ၏ "နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေဖို့ စိတ်ကို ဖြူစင်အောင်ထားနည်း" တရားဒေသနာတော်မှ ကောက်နုတ်မျှဝေ ပူဇော်ပါသည်။ ​#အရှင်ဆန္ဒာဓိက #ရွှေပါရမီတောရ #နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့ #တရားတော်များ #ဓမ္မဒါန

တရားတော် များ 🙏🏻
တရားတော် များ 🙏🏻
Open In TikTok:
Region: TH
Friday 21 August 2026 04:05:05 GMT
2271
317
11
16

Music

Download

Comments

khin.la.min.taw
khin la min taw :
🙏🙏🙏
2026-08-21 05:23:26
0
ko.myat6695
Ko Myat :
🙏🙏🙏
2026-09-26 15:34:03
0
user19792833090094
ငယ်လေးကိုကို :
🙏🙏🙏
2026-09-26 09:04:28
0
win.ning08
Win ning :
[ဆုတောင်း][ဆုတောင်း][ဆုတောင်း]
2026-09-11 02:32:09
0
user11316139
Aung Lay :
🙏🙏🙏
2026-08-21 19:31:05
0
mzo150001
mzo1500 :
🙏🙏🙏
2026-08-21 12:59:15
0
user785092478
Sandar :
🙏🙏🙏
2026-08-21 09:36:06
0
rose482126
Thar Din :
🙏🙏🙏
2026-08-21 08:01:15
0
alien404477337
ကံဆွေမျိုးများ ဆုံဆည်းရာ :
🙏🙏🙏
2026-08-21 05:12:09
0
user1041586955914
user1041586955914 :
🥰🥰🥰
2026-08-21 04:48:02
0
ma.swe949
Ma Swe :
🙏🙏🙏
2026-10-06 13:09:49
0
To see more videos from user @berry.berry2120, please go to the Tikwm homepage.

Other Videos


About