@khinnyeinlwin70: ✨ "တစ်ခါသုံးပြီးရင် နောက်ပြန်မလှည့်ချင်တော့မယ့် Period Hack!" ✨ ခါတိုင်း ရာသီလာချိန်ဆို စိုစွတ်စွတ်နဲ့ စိတ်ရှုပ်စရာကြီးမဟုတ်လား? Pad ခဏခဏလဲရတာ၊ အနံ့အသက်နဲ့ မတော်တဆ ပေကျံမှာ ကြောက်နေရတဲ့ ဒုက္ခနဲ့ pad အပူလောင်ခြင်းကို တကယ် ငြီးငွေ့လွန်းလို့ Menstrual Cup ပြောင်းသုံးကြည့်ခဲ့တာပါရှင် စသုံးခါစကတော့ "ဟာ... ဒါကြီးကို ငါတကယ် သုံးနိုင်ပါ့မလား" ဆိုပြီး တော်တော်လေး ကြောက်ပြီး တွန့်ဆုတ်ခဲ့ရတာ အမှန်ပါ ပထမ ၁ ခေါက်၊ ၂ ခေါက်တော့ အဆင်မပြေဖြစ်ပေမဲ့ နည်းမှန်လမ်းမှန် ခေါက်ထည့်တတ်သွားတဲ့အချိန်မှာတော့... Life Changed ပဲ! ဘာလို့ ပြောင်းသုံးသင့်လဲဆိုတာ အတွေ့အကြုံအရ ပြောပြမယ်နော် - 👉🏻ပေါ့ပါးလွတ်လပ်မှုအပြည့်: Cup ထည့်ထားမှန်းတောင် မသိရလောက်အောင် ပေါ့ပါးတယ်။ လေ့ကျင့်ခန်းလုပ်၊ ရေကူး၊ ခရီးသွား ဘာပဲလုပ်လုပ် ခပ်လန်းလန်းနဲ့ ယုံကြည်မှုအပြည့်ပါ၊ pad အပူမလောင်တာတချက်နဲ့တင် အသုံးပြုခဲ့တာ မှန်ကန်တယ်လို့ ခံစားခဲ့ရပါတယ် 👉🏻 ၈ နာရီအထိ စိတ်ချရ: နံနက်တစ်ကြိမ်၊ နေ့တစ်ကြိမ်၊ညတစ်ကြိမ် toilet မှာ သွန်ပြီး ရေဆေးပြီးပြန်သုံးလို့ရပါတယ်ရှင် 👉🏻တစ်သက်တာ သက်သာစရိတ်: ၁ လတစ်ခါ Pad ဝယ်ရတဲ့ ပိုက်ဆံတွေကို စုမိသွားသလို ၃နှစ်ကနေ ၅နှစ်အထိ ပြန်သုံးလို့ရလို့ ရေရှည်မှာ အရမ်းတန်တယ်။ 👉🏻အနံ့နဲ့ အမှိုက် မရှိတော့ဘူး: ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သလို အရင်ကကြုံရတဲ့ စိတ်ရှုပ်စရာ အနံ့ဆိုးတွေပါ လုံးဝကင်းစင်သွားတယ်။ မကြောက်ပါနဲ့! စသုံးမယ့်သူတွေအတွက် အရေးကြီး Tips များ 💡 အစမှာ ကြောက်တာ ပုံမှန်ပါပဲ: ခန္ဓာကိုယ်ကို စိတ်လျှော့ထားပါ (Relax!)။ C-Fold သို့မဟုတ် Punch-down fold နည်းနဲ့ ခေါက်ပြီး စိတ်အေးအေးထား ထည့်ကြည့်ပါ။ သန့်ရှင်းရေးက နံပါတ် ၁: မသုံးခင်နှင့် သုံးပြီးချိန်: မသုံးခင်မှာ ရေနွေးနှင့် cupကို ၅မိနစ်ခန့် စိမ်ပြီးအသုံးပြုပါရှင်၊ သုံးနေစဉ်အတော့အတွင်းမှာတော့ ရေသန့်နဲ့ဆေးပြီး ပြန်လည်အသုံးပြုပါ၊ သုံးပြီးတဲ့အခါမှာ Silicone သီးသန့်သုံး Mild Soap (ဆပ်ပြာအပျော့) သို့မဟုတ် Cup Wash နည်းနည်းနဲ့သန့်စင်ပေးပြီး လေဝင်လေထွက်ကောင်းမွန်သော ဇာ/ပိတ်ပါးချည်အိတ်မှာ ထည့်ထားပေးပါရှင် Pad တွေနဲ့ ရေရှည်ဒုက္ခခံမယ့်အစား စမတ်ကျပြီး လွတ်လပ်တဲ့ Lifestyle ဘက်ကို ပြောင်းလဲကြည့်ဖို့ တကယ်ကို Highly Recommend ပေးပါတယ်နော်! ❤️ #အမျိုးသမီးကျန်းမာရေး #menstrualcup #recommendations #knowledge #follow
@𝑪𝒂𝒓𝒆𝑩𝒚𝑲𝒉𝒊𝒏
Region: MM
Friday 21 August 2026 05:19:35 GMT
Music
Download
Comments
K🍃 :
ခွက်ကိုအပေါက်ထဲးထိုးထည့်ရမာလားဟင်။ တိုင်ပတ်နေလို့☹️ကြိူနဲ့ချည်ပြီးပေါင်နားချည်ထားရတာလားဟင်
2026-08-24 07:51:38
165
Allison✨ :
ကုန်ကြစရိတ်များချင်လဲများပါစေ
အမှိုက်ပုံတိုးလဲတိုးပါစေ
ထည့်ရဲဘူး 🤧
2026-08-24 15:17:37
88
💥ဒေါ်ဖြိုးလေး💥 :
မန့်လိုက်ဖက်သူတေစုမယ်😂
2026-08-25 15:16:40
42
ᰔᩚ 𝑺𝒖 ᥫ᭡ :
cmလိုက်ဖတ်ပီးငါအူတက်🤣
2026-08-24 14:43:28
119
𝑩𝒐𝒐𝑩𝒐𝒐 :
အဲ့တာနဲ့ဆို ထိုင်လို့ရော ရပါ့မလား🙂
2026-08-25 14:05:10
12
Laweh 러에🍁 :
ဘာပဲဖြစ်ဖြစ် ထည့်မယ်အစား peds ထုတ်ပဲသုံးပါတောမယ်🙂
2026-08-25 13:41:02
44
Țĥēîń Mū Hâń(ချစ်သမီးလေး) :
မသုံးဖူးဘူး ဘယ်လိုသုံးရတာမှန်းလဲမသိဘူး အာ့တာကြီးထည့်လိုက်ရင် ဗိုကိထဲ ရောက်သွားမှာကြောက်လို့
2026-08-25 09:48:07
8
Zell's queen✨ :
Period timeဆို padကပ်ဖို့တောင်စိတ်မရှည်နေတာ အဲ့ဟာကြီးထည့်ဖို့ဆိုပိုဆိုးမလားပဲ ချွေးတွေပါပြန်နေလောက်တယ်
အရမ်းမများတဲ့သူမို့ padပဲသုံးဖြစ်နေပါတယ်😑😑
2026-08-24 15:13:22
5
Perica :
သုံးတာ ၁ နှစ်ရှိပြီ။ Pad လုံးဝမလိုတော့တာ။ စစသုံးတဲ့ ပထမ ၁ လ ၂ လလောက်ပဲ လုပ်နေကျမဟုတ်လို့ တိုင်ပတ်တာ။ လုပ်လည်း တတ်သွားရော အိုး ဖလန်း ဖလန်းပဲ။ Honest Review နော် Girl လေးတို့ရေ…
2026-08-24 06:14:59
70
🪼𝓟 ⋆.ೃ :
ကိုယ်တစ်ယောက်ထဲပဲသုံးရမှာကြောက်နေတယ်လို့ထင်ခဲ့မိတာ🥹
2026-08-24 11:46:27
9
Daw Mee"♡ :
တွေးရင်းနဲ့ မသုံးရဲ အဆင်ပြေလောက်ပ့မလား ဟိုလေ အဲ့တာကြီးက ခုလုခုလု မဖြစ်ဘူးလား တစ်ခါမှလဲ မသုံးဘူးလို့လေ ဟိုလေ ထည့်ရင် မနာလောက်ဘူးလား တစ်နေလို့ ပြန်ထုတ်မရရင် ဘယ်လို လုပ်ကြမလဲ စပ်စုတယ်မထင်ကြပါနဲ့ တကယ်သိချင်လို့ပါ သိသူများ ပြောပြကြပါအုံး
2026-08-26 10:50:15
9
Shwe Yi :
မဆံ့လောက်ဘူးထင်တယ်နော်🥹 တော်ကြာလင်မရသေးဘဲ ယောက်ျားယူမှအထင်လွဲခံနေရပါအုံးမယ်🤦♀️ဟိုတခါမိန်းကလေးရောဂါဖြစ်လို့ ဆရာမကဆေးလုံးလေးထည့်အိပ်ရမယ်ဆိုလို့ ထည့်တာတောင် အဆင်ပြေမနေဘူး😑🥹😂
2026-08-26 15:36:37
6
Amara Myat♊ :
သုံးချင်တယ် မထည့်ရဲဘူး ဓမ္မတာလာတာများတော့ pad နဲ့ကသိပ်အဆင်မပြေဘူး ဒါမဲ့ထည့်ရမှာကြောက်တာ
2026-08-24 02:39:20
24
Crysie :
လုံးဝမသုံးဘူး😏 ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့ pad ပဲကြိုက်တယ် ကိုယ့်လို self awareness အပြည့်နဲ့ sensitiveလွန်းလို့ လက်သည်းအရှည် ထားတာ နဲ့ မျက်ကပ်မှန်လေးတပ်တာတောင် တမျိုးကြီး uncomfortable ဖစ်နေတာ ဒါကြီးဆိုရင်တော့ တချိန်လုံး ခုလုကြီးဖစ်ပီး အာရုံကအက်ပဲရောက်နေမှာ so uncomfortable
2026-08-24 16:43:33
13
^ :
အဲ့ခွက်ကိုအပေါက်ထဲခေါက်ပီထည့်ထားရမှာ လားထိုင်တာထတာ များပြီးဝင်သွားရင်ရော😕
2026-08-24 05:57:07
7
🍁{ Äĥ Ñôé }🍁 :
အပေါက်မခွဲတက်ဘူး😁😁
2026-08-24 15:13:36
1
(Loon Nge) ✌️♥️ :
ဘယ်လိုသုံးရလဲဆိုတာမသိသောအခါ😫
2026-08-27 07:12:55
1
🇲🇲khin that htar 🇹🇭♍ :
ထည့်ဖို့မရဲဘူး ထည့်ပြီးရင်လည်းပြန်ထုတ်မရရင်ဘယ်လိုလုပ်မလဲ😂
2026-08-26 13:56:54
1
Nann Mu :
ခွက်နဲ့ tempon ဘယ်ဟာပိုအဆင်ပြေလဲရှင့်
2026-08-25 14:10:08
1
Hlaing Tha Zin :
ဘယ်လိုပဲတွေးတွေးငါတော့အဆင်မပြေပါဘူးဟယ်😂😂🤧
2026-08-24 10:46:28
1
To see more videos from user @khinnyeinlwin70, please go to the Tikwm
homepage.