@zayartbz7.1: မလေးရှားနိုင်ငံ၊ ထရန်ဂါးနူးနှင့် ဂျိုဟိုးပြည်နယ်တို့တွင် အော်ပရာစီများဖြင့် ဝင်ရောက်ဖမ်းဆီးရာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ ဦး ဖမ်းဆီးခံရ ရန်ကုန်၊ ဩဂုတ် ၂၀ မလေးရှားနိုင်ငံ၊ ထရန်ဂါးနူးပြည်နယ်နှင့် ဂျိုဟိုးပြည်နယ်တို့တွင် အာဏာပိုင်များက အော်ပရာစီ စစ်ဆင်ရေးများဖြင့် ရှောင်တခင် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၁၇ ဦး အပါအဝင် တရားမဝင် အလုပ်သမား ၉၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ထရန်ဂါးနူးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသည် ကီမာမန်၊ ဒွန်ဂွန်နှင့် ကွာလာထရန်ဂါးနူး မြို့နယ်များအတွင်းရှိ အလုပ်သမားတန်းလျား၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ ပျိုးပင်စိုက်ပျိုးရေးခြံနှင့် စီးပွားရေးဆိုင် စသည့် နေရာ ၁၁ ခုကို အော်ပရာစီ စစ်ဆင်ရေးများဖြင့် ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့သည်။ အဆိုပါ စစ်ဆေးမှုအတွင်း နိုင်ငံခြားသားအလုပ်သမား ၅၁ ဦးကို စိစစ်ခဲ့ရာမှ တရားမဝင် မြန်မာနိုင်ငံသား ၁၀ ဦး (အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ ဦး) နှင့် အင်ဒိုနီးရှားနိုင်ငံသား အမျိုးသား ၅ ဦး၊ စုစုပေါင်း ၁၅ ဦးကို စိစစ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အလားတူ ဩဂုတ်လ ၁၈ ရက် နံနက် ၁၁ နာရီအချိန်တွင်လည်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသည် မလေးရှား နယ်စပ်ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (AKPS) နှင့် ပူးပေါင်း၍ ဂျိုဟိုးပြည်နယ်၊ ပန်ဂရမ်း (Pengerang) ဧရိယာအတွင်းရှိ ဆံပင်ညှပ်ဆိုင်၊ ကားရေဆေးဆိုင်၊ စားသောက်ဆိုင်နှင့် ဝန်ထမ်းအိမ်ရာများကို အော်ပရာစီဖြင့် ရှောင်တခင် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့သည်။ ထိုစစ်ဆေးမှုအတွင်း တရားမဝင် မြန်မာနိုင်ငံသား ၇ ဦး (အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး)၊ အင်ဒိုနီးရှားနိုင်ငံသား ၃၆ ဦး၊ ပါကစ္စတန်နိုင်ငံသား ၂၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦး၊ စုစုပေါင်း တရားမဝင်အလုပ်သမား ၇၈ ဦးကို စိစစ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများသည် မလေးရှားနိုင်ငံအတွင်း တရားဝင် ခရီးသွားအထောက်အထား ပါမစ်မရှိခြင်း၊ ခွင့်ပြုချက်ထက် ပိုမိုနေထိုင်ခြင်းနှင့် ဗီဇာ/ပါမစ် စည်းကမ်းချက်များ ချိုးဖောက်ခြင်းတို့ကြောင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေများဖြင့် ဖမ်းဆီးအရေးယူခံရခြင်း ဖြစ်သည်။ လက်ရှိချိန်တွင် ထရန်ဂါးနူးပြည်နယ်အတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၀ ဦး အပါအဝင် ၁၅ ဦးကို အာဂျေးလ် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားပြီး၊ ဂျိုဟိုးပြည်နယ်မှ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် ၇၈ ဦးကို စတီယာ ထရိုပီကာ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ အသီးသီး ပို့ဆောင်ကာ တရားဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။@ZayarTBZ 11 News @ZayarTBZ ေမာင္သံဒိုး @ZayarTBZ 7 News #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ပြည်သူများဘေးကင်းကြပါစေ #ပြည်တွင်းသတင်း #မြန်မာသတင်းများ #zayartbz
ZayarTBZ 7.1News🍉
Region: TH
Friday 21 August 2026 06:37:26 GMT
Music
Download
Comments
user8802286404842 :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-21 07:57:34
0
To see more videos from user @zayartbz7.1, please go to the Tikwm
homepage.