@thuzarwin1996: တစ်ခုခုအဆင်မပြေတာ ကြုံရရင် တစ်ယောက်တည်း နေလိုက်တာများတယ်။ ပြောရရင် အကုန်လုံးဆီက space ယူလိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်တာမျိုးပေါ့ ဒီနှစ်တွေက ကိုယ့်အတွက်တော့ စိတ်ရောလူရော အထိအခိုက်များတယ်။ဒါပေမဲ့ ပိုဆိုးတာက တစ်ခုဆီကမှ ကိုယ်ဟာ space ယူလို့မရနေခဲ့တာပဲ အလုပ်ကိစ္စနဲ့ ဆက်ဆံရေးတွေမှာ personal အရ ကိုယ်က space လိုအပ်နေကြောင်း ထုတ်ဖော်လို့မရတဲ့ အရွယ်ရောက်လာခြင်းတွေပေါ့ အရာအားလုံးကို တစ်ကန့်စီ ခွဲတတ်လာတဲ့နောက် ဒါက ဘ၀ပဲဆိုတာ လက်ခံလာရတယ် တချို့ break ယူလို့ မရတဲ့ ဆက်ဆံရေးတွေမှာ ဘယ်လို handle ရမလဲဆိုတဲ့ နည်းလမ်းရှာပြီး အဆင်ပြေအောင် နေထိုင်ရတယ် ဒီလိုနဲ့ အဆင်ပြေတဲ့ပုံစံပါပဲ အဲ့ဒါကြောင့် သေးငယ်တဲ့ တုန်လှုပ်စရာတွေက သာမန်လို အသားကျသွားခဲ့တာ ၀မ်းနည်းနေရင်းနဲ့ အလုပ်အကြောင်း ဆွေးနွေးနိုင်တာ။ ကိုယ့်ဒဏ်ရာက သွေးထွက်နေရက်နဲ့ တစ်ဖက်လူကို အဆင်ပြေရဲ့လား မေးခွန်းတွေ သုံးနိုင်တာ။ ဒါဟာ ကြီးပျင်းလာရမှုရဲ့ အစိတ်အပိုင်းတွေပဲ ထင်ပါတယ်။ #crdစာသား #fyp #fyp #myanmartiktok🇲🇲🇲🇲
T🐻
Region: MM
Friday 21 August 2026 12:46:27 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @thuzarwin1996, please go to the Tikwm
homepage.