@aungkolat2007: ငယ်ငယ်တုန်းကတော့ မောင်နှမတွေဆိုတာ ကိုယ့်ဘဝထဲမှာ အမြဲရှိနေမယ့်လူတွေလို့ပဲ ထင်ခဲ့တယ်။ တစ်အိမ်တည်းနေတယ်။ တစ်စားပွဲတည်းမှာ ထမင်းစားတယ်။ တစ်ယောက်ပစ္စည်း တစ်ယောက်ယူသုံးတယ်။ TV Remote လုတယ်။ ကိုယ့်အခန်းထဲ ဝင်လာရင် စိတ်တိုတယ်။ မုန့်တစ်ခုကို ဘယ်သူပိုရလဲကအစ ရန်ဖြစ်တယ်။ တချို့နေ့တွေဆို မျက်နှာတောင် မမြင်ချင်ဘူး။ အဲ့ဒီအချိန်တုန်းကတော့… ဒီလိုနေ့တွေကို တစ်နေ့မှာ ပြန်လိုချင်လာမယ်ဆိုတာ ဘယ်သူကထင်မလဲဗျ။ အသက်ကြီးလာတော့ လူတိုင်း ကိုယ့်ဘဝကိုယ် တည်ဆောက်ကြတယ်။ အလုပ်တွေရှိလာတယ်။ ကိုယ့်မိသားစုတွေ ရှိလာတယ်။ တာဝန်တွေ များလာတယ်။ တချို့က တခြားမြို့၊ တချို့က တခြားနိုင်ငံ။ တစ်ချိန်က နေ့တိုင်းတွေ့နေရတဲ့ မောင်နှမတွေကို အခုတော့ အချိန်ယူပြီး ချိန်းမှတွေ့ရတဲ့ လူတွေဖြစ်လာတယ်။ တစ်ချိန်က ကိုယ့်အခန်းထဲ ခွင့်မတောင်းဘဲ ဝင်လာလို့ စိတ်တိုခဲ့တဲ့သူက… အခု ကိုယ့်အိမ်ကို လာလည်ရင်တောင် ဧည့်သည်တစ်ယောက်လို ဖြစ်လာတယ်။ ဒီအချက်က အသက်ကြီးလာလေလေ နည်းနည်းဝမ်းနည်းဖို့ကောင်းလာတယ် တကယ်တော့ မောင်နှမတွေကို လွမ်းတယ်ဆိုတာ အပြင်ထွက်ပြီး အတူတူလျှောက်လည်ချင်တာမျိုး သက်သက်မဟုတ်ဘူး။ တစ်အိမ်တည်း ပြန်နေချင်တဲ့ Feeling ကို လွမ်းတာ။ ညဘက် ရေသောက်ဖို့ထွက်လာရင်း မီးဖိုချောင်မှာ ဆုံတာမျိုး… ဘာမှအရေးမကြီးတဲ့အကြောင်းတွေ ပြောရင်း ရယ်နေတာမျိုး… ထမင်းစားပွဲမှာ တစ်ယောက်ကိုတစ်ယောက် စနေတာမျိုး… တံခါးမခေါက်ဘဲ ကိုယ့်အခန်းထဲ ဝင်လာတာမျိုး… အဲ့ဒီအချိန်တုန်းကတော့ ဒါတွေကို Memory လို့တောင် မထင်ခဲ့ကြဘူး။ သာမန်နေ့တွေလို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့် အသက်ကြီးလာတော့ နားလည်လာတယ် ဘဝမှာ တန်ဖိုးအရှိဆုံး အမှတ်တရတချို့က ဖြစ်နေတဲ့အချိန်မှာ အမှတ်တရလို့တောင် မသိခဲ့တဲ့ သာမန်နေ့တွေပါပဲ။ ငယ်ငယ်တုန်းက ရန်ဖြစ်ခဲ့တဲ့အကြောင်းတွေက အခု ပြန်ပြောရင် ရယ်စရာ Story တွေဖြစ်သွားတယ်။ တစ်ချိန်က ကိုယ့်ကို စိတ်အနှောင့်အယှက်အဖြစ်ဆုံး လုပ်ခဲ့တဲ့လူတွေက… အခုတော့ ပြန်တွေ့ဖို့ Calendar ကြည့်ပြီး အချိန်ညှိနေရတဲ့ လူတွေဖြစ်လာတယ်။ Growing Up ဆိုတာ ဒါလည်း ပါတယ်ထင်တယ်ဗျ။ လူကြီးဖြစ်လာတာဟာ ကိုယ့်ဘဝကိုယ် ရလာတာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာ အားလုံးအတူရှိခဲ့တဲ့ ဘဝလေးတစ်ခုကလည်း တဖြည်းဖြည်း ဝေးသွားတာပါ။ တစ်ယောက်နဲ့တစ်ယောက် မချစ်တော့လို့ မဟုတ်ဘူး။ ဘဝတွေက လူတိုင်းကို မတူတဲ့ Direction တွေဆီ ခေါ်သွားလို့ပါ။ ဒါကြောင့် တစ်ခါတလေ မောင်နှမတွေကို လွမ်းတယ်ဆိုတာ… သူတို့ကိုပဲ လွမ်းနေတာ မဟုတ်ဘူး။ သူတို့နဲ့အတူရှိခဲ့တုန်းက ကိုယ့်ဘဝကိုပါ လွမ်းနေတာ။ မိဘတွေ ငယ်သေးတဲ့အချိန်၊ မောင်နှမတွေအားလုံး တစ်မိုးအောက်မှာရှိနေတဲ့အချိန်၊ ဘဝက အခုလောက် မရှုပ်ထွေးသေးတဲ့အချိန်၊ မနက်ဖြန်အတွက် အများကြီး စိတ်ပူစရာမလိုသေးတဲ့အချိန်… အဲ့ဒီဘဝ Version ကို ပြန်လွမ်းတာပါ။ ကျွန်တော်ကတော့ မောင်နှမသုံးယောက်ထဲက အလတ်၊ အစ်မတစ်ယောက်နဲ့ ညီတစ်ယောက်ရှိတယ်။ ငယ်ငယ်တုန်းကတော့ ဒါကို ဘာမှထူးခြားတဲ့အရာလို့ မမြင်ခဲ့ဘူးဗျ။ အစ်မက အစ်မ၊ ညီက ညီပဲပေါ့။ အတူနေတယ်၊ ရန်ဖြစ်တယ်၊ ပြန်တည့်တယ်။ နေ့တိုင်းမြင်နေရတော့ တန်ဖိုးထားရမယ့်အရာတစ်ခုလို့တောင် မတွေးမိခဲ့ဘူး။ ဒါပေမယ့် အခု အသက်ကြီးလာတော့… အစ်မတစ်ယောက်၊ ညီတစ်ယောက်နဲ့ တစ်မိုးအောက်မှာ အတူကြီးပြင်းခွင့်ရခဲ့တာကလည်း ဘဝက ကျွန်တော့်ကိုပေးခဲ့တဲ့ လက်ဆောင်တစ်ခုပါပဲ အခုတော့ လူတိုင်း ကိုယ့်ဘဝကိုယ် လျှောက်နေကြပြီ။ ကိုယ့်အလုပ်၊ ကိုယ့်မိသားစု၊ ကိုယ့်တာဝန်နဲ့ကိုယ်။ ဒါပေမယ့် ဘယ်လောက်ဝေးဝေးရောက်ရောက်၊ ဘယ်လောက်အသက်ကြီးကြီး… ပြန်တွေ့လိုက်တာနဲ့ ငယ်ငယ်တုန်းကအတိုင်း ပြန်စနောက်လို့ရတဲ့၊ ကိုယ့်အကြောင်းကို အစကနေ ပြန်ရှင်းပြစရာမလိုတဲ့၊ ကိုယ့်ဘဝရဲ့ အစပိုင်းကို ကိုယ်နဲ့အတူ တကယ်ဖြတ်သန်းခဲ့ဖူးတဲ့ လူတချို့ ရှိနေသေးတယ်။ အဲ့ဒါ မောင်နှမတွေပဲဗျ။ ဒါကြောင့် အခုအချိန်ထိ မောင်နှမတွေနဲ့ တစ်အိမ်တည်း နေနေရသေးရင်… တစ်ခါတလေ စိတ်ညစ်ရင်လည်း စိတ်ညစ်ပါ။ ရန်ဖြစ်ရင်လည်း ရန်ဖြစ်ပါ။ ဒါပေမယ့် အဲ့ဒီ သာမန်နေ့တွေကို သိပ်အလွယ်တကူ မဖြတ်သန်းလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့… ဒီနေ့ ကိုယ်သာမန်လို့ထင်နေတဲ့ နေ့တစ်နေ့ဟာ နောင်တစ်ချိန်မှာ ဘယ်လောက်ပေးပေး ပြန်ဝယ်လို့မရတော့တဲ့ အမှတ်တရတစ်ခု ဖြစ်သွားနိုင်လို့ပါ... #fyppppppppppppppppppppppp #crd #fypシ゚viral #foryou #crd

Aung ko latt
Aung ko latt
Open In TikTok:
Region: MM
Friday 21 August 2026 13:17:25 GMT
254288
27144
117
4033

Music

Download

Comments

elisehom
Elise Hom 🍀✨ :
16နှစ်တာဆိုတဲ့သံယောဇဉ်ကကြီးလွန်းတယ်😌 16နှစ်ပြည့်ခါစမောင်လေးဘုရားရင်ပြင်ပေါ်သောကတ်ခံလိုက်ရတယ် ခေါင်းလောင်းထိုးတဲ့တုတ်တွေနဲ့ တရားခံတွေက ထောင်5လနဲ့လွတ်လာတယ် အဖေကမရှိငွေကြေးမပြည့်စုံတော့ တရားမျှတမှုလည်းမရခဲ့ဘူး😌
2026-08-28 08:42:37
58
moe.thar412
Ei😖😏🤐😃 :
မန့်တွေထဲကြည့်တော့ ငါကကံအကောင်းဆုံးသူထင်တယ် မနက်ဆို အိမ်မှာ ကားလာယူတဲ့ ငါ့အစ်ကိုငယ်ရဲ့ ငါ့နာမည်ကိုအော်ခေါ်တဲ့ အသံပြဲရီးကို နေ့တိုင်းကြားရတယ် နေ့တိုင်း တစ်နေ့တစ်မျိုးမရိုးအောင် ဆူနေရတဲ့ ငါ့အစ်ကိုကြီးနဲ့လည်း အတူနေရတဲ့အပြင် အဖေ့ရဲ့ ညီအစ်ကိုမောင်နှမ ငါးယောက်က မွေးတဲ့ မောင်နှမဝမ်းကွဲတွေနဲ့ကလည်း တစ်ရပ်ကွက်ထဲ အိမ်နားတင် အမေ့ရဲ့ တစ်ဦးတည်းသော အစ်ကိုက မွေးထားတဲ့ မောင်နှမ ငါးယောက်ကလည်း ငါသတိရရင် ပြေးတွေ့လို့ရတဲ့နေရာမှာ ငါ့ဘဝရီး ပျော်စရာရီးပါလားလို့ တွေးမိပြန်ရော ဝမ်းနည်းမိတာကတော့ အဖေနဲ့ အမေက မရှိတော့ဘူး 😭
2026-08-29 00:48:27
18
freedomlike12
🇲🇲Su Su🇸🇬 :
အသက်တွေကြီးလာတာနဲ့အမျှ မောင်နှမလေးယောက်အတူနေရတဲ့အချိန်တွေကနည်းလာလေပါပဲ 🥺
2026-08-28 13:39:11
7
mable1086065536916
👑Poe Ei✨💫 :
ငယ်ငယ်က ကိုကိုနဲ့မုန့်တစ်ဝက်စီခွဲကျွေးရင် ဘယ်သူ့မုန့်ကကြီးလဲ လက်နဲ့တိုင်းကြည့်ပီး လုစားခဲ့ကြတာ🥺
2026-08-28 04:39:33
6
aniyaeilish_511
KYAL :
ဘာလို့ငိုမိမှန်းမသိဘူး😭
2026-08-28 11:49:30
4
pwintzue
Z :
ပြန်တင်လို့ရလားရှင့်
2026-08-28 05:04:39
1
ngebwarpay6
M🍀 :
စာသားလေး ချပေးပါလားရှင်🥰
2026-08-27 20:30:49
1
pkyki
Y✨ :
စာသားလေးချပေးလို့ရလားရှင့်💗
2026-08-27 16:10:38
1
siglan8
💞Nan💞🇲🇲🇸🇬 :
စာသာလေးပေးပလား
2026-08-28 00:35:20
1
htetwutyee3
Ĥ🍄 :
စာသားလေးcrdယူမယ်ရှင့်🥰
2026-08-28 09:42:51
1
chokyizinoo2
Ah Gue :
အစ်မတွေကိုလွမ်းတယ်🥺🥺
2026-08-28 22:51:19
1
october.linn4
October linn :
copy ယူမယ်နော်
2026-08-28 04:34:58
1
nora_is_not_urs_gurl
Nora🐿 :
မောင်နှမတိုင်းလည်းမဟုတ်နိုင်ပါ ( မောင်နှမတိုင်းကိုမဆိုလိုပါ ) တချို့ကြတော့ဒီpostလေးလိုပဲတစ်ချိန်ကြရင်အမှတ်တရကောင်းတွေအဖြစ်ကျန်ရှိနေတတ်ကြသလို တချို့မောင်နှမတွေကြတော့လည်း " အမွေ "စိုတဲ့စကားလုံး၂လုံးကြောင့်သေခန်းပြတ်မခေါ်မပြောဖြစ်တော့တဲ့လူတွေလည်းရှိသွားကြတာပဲနော် အဲ့လိုလူတွေအတွက်ကြလောဘတွေသာမရှိခဲ့ကြရင်ပျော်စရာကောင်းလိုက်မယ့်မောင်နှမတွေဖြစ်ကြမှာ
2026-08-28 14:20:46
1
baby.thoon.thoon1
Baby Thoon Thoon :
ဟုတ်ပါရဲ့ ဒီလိုဘဲ အချိန်တွေကုန်ပြီ အတူတူ အသက်တွေ ကြီးသွားကြမယ် ထင်နေခဲ့တာ အစောကြီးသေကွဲ ခွဲရလိမ့်မယ်လို့ ဘယ်လိုမှ မထင်ခဲ့မိဘူး ထွက်သွားတာ အရမ်းစောလွန်းခဲ့တယ် ငလျှင်ကြီးက ခေါ်သွားရတယ်လို့ ၁၈နှစ်မွေးနေ့လေးတောင် မလုပ်သွားနိုင်ဘူး😞😞😞
2026-08-28 16:31:20
3
winezinzinmoe67
🍀 Strong girl 🍀♐Sagittarius♐ :
တကယ်ပြန်လွမ်းမိတယ်ငယ်ဘဝလေးတွေကို ဘာအပူအပင်မှမရှိခဲ့တဲ့အချိန်တွေပေါ့😔
2026-08-28 22:23:59
1
queen998344
Hnin Thazin :
ပြန်တင်ခွင့်ပြုပါရှင့်
2026-08-28 02:28:53
1
userxcp3jium2h
user41206874823 :
ဟုတာပေါ့
2026-08-23 09:18:41
2
yaungchi182
Char Htet Paing/항지원(1) :
မျပ်ရည်ကျမိတယ်🥺🥺
2026-08-29 16:16:51
0
user3510550021840
May Thazin :
အဲ့နေ့က နောက်ပြန်လှည့်ခဲ့ရင်......
2026-08-30 02:03:12
0
haeman272
Hae Man Aung :
တို့ညီမနှောက်အမှတ်တရတွေ♥️♥️🥰
2026-08-30 04:36:03
0
user3845117940075
Yuhan :
ငါ့မှာအိမ်ထောင်ကျသွားတဲ့အကိုနှစ်ယောက်ရှိတယ် သူစိမ်းလိုပါပဲ သူတို့ဘက်ကစိမ်သွားတာပါ ငါကမစိမ်းနိုင်ပါဘူး တူတွေ တူမတွေလည်းချစ်ရသေးတာ
2026-08-30 00:04:38
0
zarzarminn12345
🌹🌹zarzar🌹🌹 :
လွမ်းစရာပေါ့မိသားစုလူဆုံချိန်ကို🥰🥰🥰
2026-08-29 14:53:27
0
jinmesan
JinMeSan :
ဟုတ်ပါတယ် ကံကောင်းတယ်လို့မှတ်ယူထားတယ်။ ခုချိန်ထိ တူတူနေကြတုန်းပဲ။ ရန်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ ပဲ။ မောင်နှမတွေဆိုတာ ကိုယ့်ဘဝစတင်တဲ့အချိန်ထဲက ကောင်းကောင်းဆိုးဆိုးတူတူဖြတ်သန်းခွင့်ရတဲ့ အကောင်းဆုံးသော ကံကောင်းမှုလေးပါ။
2026-08-29 01:36:00
0
To see more videos from user @aungkolat2007, please go to the Tikwm homepage.

Other Videos


About