@serendipity1770: :ကျွန်တော်က ဒိတ်အောက်နေတဲ့ လူငယ်တစ်ယောက်နဲ့ တူတယ် စိတ်ပေါက်လို့ သီချင်းထဆိုတဲ့အခါ တွံတေးသိန်းတန် သီချင်းတွေ ထွက်ချင်ထွက်လာတာမျိုးပေါ့ ပြီးတော့ ... အများကြီး ပြန်လွမ်းစရာ လူငယ်ဘ၀တွေ ရှိမနေတဲ့ ကျောင်းပြီးသွားပြီဆိုကတည်းက အလုပ်ခွင်ထဲ ရောက်ခဲ့တဲ့ လူငယ်ဘ၀ပေါ့ ကလပ်တွေ ဘားတွေ မကြိုက်တတ်ဘူး ဆူညံတဲ့ အရပ်တွေ မကြိုက်တတ်ဘူး စသည်ဖြင့် ကိုယ့်အခန်းကျဥ်းလေးက ကိုယ့်ရဲ့ နိဗ္ဗာန်ဘုံဆိုပြီး သတ်မှတ်ထားတဲ့ လူတစ်ယောက်ပါပဲ ဘာစားချင်လဲ မေးတဲ့အခါ ထမင်း နဲ့ ဟင်းကောင်းကောင်းစားရရင် အဆင်ပြေတယ် ဆိုတာမျိုး တစ်နေရာရာသွားရမယ်ဆို အေးချမ်းပြီး တိတ်ဆိတ်နေရင် အဆင်ပြေပြီ ဆိုတာမျိုး ရွေးစရာတွေရှိနေရင်တောင် ကတ္တီပါ ဖိနပ်လေးတွေကလွဲရင် တခြား အများကြီး ကြိုက်မနေတတ်တာမျိုးပေါ့ လူကြီး တစ်ယောက်မဖြစ်သေးပေမယ့် တချို့နေရာတွေမှာ သက်တူရွယ်တူချင်းတောင် ဒိတ်အောက်နေတဲ့ လူငယ်တစ်ယောက်ပေါ့ သီချင်းအဟောင်းတွေကို ထပ်တလဲလဲနားထောင်တတ်တဲ့ အကျင့်ရယ် ပြီးတော့ ... တစ်ခုခု မလုပ်မှာ အစအဆုံးပြန်တွေးနေတတ်တဲ့ အကျင့်ရယ် သေချာပြန်တွေးကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကလေ အလုပ်ထဲမှာ ပင်ပန်းနေတဲ့ ဆယ်ကျော်သက်လေးကိုပဲ တွေ့တယ် ဘယ်လိုပျော်အောင်နေရမယ်ဆိုပြီး လောကကြီးက သင်ပေးဖို့ ပျက်ကွယ်ခဲ့တယ်ဆိုပါတော့ သင်ခန်းစာတွေတော့ သေချာပေါက်ကို အများကြီး ပေးခဲ့တယ် ။ #crd #foryoupage #fypシ゚

ရွှေရင်အေး🐝
ရွှေရင်အေး🐝
Open In TikTok:
Region: MM
Friday 21 August 2026 16:19:07 GMT
402
63
6
4

Music

Download

Comments

natmaukthar43
『』AU͜͡NGMYOWIN͡ජ 🩶 :
စာသားချပေးပါလားအမ🥰🥰
2026-08-22 05:22:56
0
every.smile6171
AMay Hlae :
😁😁😁
2026-08-22 03:02:05
1
mon.lay.5115
🎀 𝓜𝓸𝓷 𝓛𝓪𝔂 🎀 :
🥰🥰🥰
2026-08-22 00:22:57
1
To see more videos from user @serendipity1770, please go to the Tikwm homepage.

Other Videos


About