@weareallsinners01: pGb ( Feat : Wink ) ရဲ့ " Purple " သီချင်းဟာ တစ်ဖက်သတ်အချစ်ရဲ့ ခါးသီးတဲ့ဝေဒနာနဲ့ တန်ဖိုးမထားခံရတဲ့ ပေးဆပ်မှုတွေကို ဖော်ကျူးထားတာဖြစ်ပါတယ်ခင်ဗျာ။ မိမိအပေါ်မိမိချစ်သလောက်ပြန်မချစ်နိုင်တဲ့သူတစ်ယောက်အပေါ် အလွန်အမင်း သံယောဇဉ်တွယ်မိနေပြီး မျှော်လင့်ချက်နဲ့ လွမ်းဆွတ်မှုတွေကြားမှာ သောင်တင်နေရပြီး " နာရီများစွာကိုယ် မင်းအကြောင်းတွေးတယ် မင်းကဘယ်သူ့စီစိတ်တွေရောက်လို့နေမလည်း " ကိုယ်ကသာ သူ့အပေါ်မျှော်လင့်ချက်တွေထားနေရသော်လည်း သူ့ဘက်ကကိုယ့်ရဲ့အချစ်တွေ ပေးဆပ်မှုတွေကို သတိထားမိပါ့မလားဆိုတဲ့အတွေးတွေကိုလည်းပုံဖော်ထားပါတယ်ခင်ဗျာ။ စွန့်လွှတ်သင့်မှန်း သိရက်နဲ့ မစွန့်လွှတ်နိုင်ဘဲ အဆုံးအရှူံးမခံနိုင်သောကြောင့် သူပြန်ချစ်လာမယ့်နေ့အထိမယ့်နေ့အထိ မျှော်လင့်ချက်နဲ့ ဆက်လက်စောင့်စားနေရတဲ့ တစ်ဖက်သတ်အချစ်တစ်ခုကို ပုံဖော်ထားတာဖြစ်ပါတယ်ခင်ဗျာ။ "Purple" by pGb (feat. Wink) portrays the bitter pain of unrequited love and unappreciated devotion. The narrator is deeply attached to someone who cannot return their feelings, leaving them stranded between hope and longing. The lyrics capture this inner struggle through thoughts like, "I think about you for hours, but whose mind are you on?" Although the narrator clings to hope, they are constantly haunted by the uncertainty of whether the other person will ever notice their love and sacrifices. Incapable of accepting loss and unable to let go despite knowing they should, the narrator continues to wait with longing heart until the day that love is finally returned, illustrating the poignant reality of a one-sided romance. #purple #pgb #wink #lofirnb #lofipop