@icon1221icon: တကယ်ဂေါ်တဲ့ ဘဲကြီးဆိုတာ သူများတွေ ဘယ်လိုမြင်လဲတော့မသိဘူး.. ကိုယ်ကတော့ ဦးထီးပဲ ပြေးမြင်တာ.. (တကယ်တော့ သူ့ နောက်ကွယ်က လက်မဲကြီးက ဆရာ စိုင်းခမ်းလိတ် 😂) သူဆိုသမျှ သီချင်းတွေ သေချာနားထောင်ကြည့်.. 360 လှည့်ပတ် ပစ် တာ.. ထိချင်ရာထိပဲ.. စော်လေးဒေတစ်ယောက်မှမလွတ်ဘူး.. အရင်ဆုံး ပထဝီအနေအထားနဲ့ကြည့်မယ်.. ဟိုးအထက် ကချင်ပြည်က စ ကိုင်တာ.. "ဂျိန်းဖောသူ.. ဂျိန်းဖောသူ" ဆိုပြီး အေးအေးလူလူ သီချင်းလေးတညည်းညည်းနဲ့ကို စ တာ.. ပြီးတော့ "မောင့်လားဟူမလေး" ဆိုပြီး အဲ့အနီးအနားက တိုင်းရင်းသူလေးနဲ့က တစ်စခန်းထခဲ့သေးတယ်..ဒါ အကင်းပဲရှိသေးတာ တိုင်းရင်းသူချည့်ပဲလားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ.. နော် လိမ္မာပါတယ် ဗမာမလေး စိတ်မညိုနဲ့.. ဆိုပြီး မရှိ ရှိတဲ့ပန်း အတင်းပန်ပေးပြီး ချော့ချက်ကြီးက နိုင်းး+ .. (ချယ်ရီပန်းပြောပါတယ်) 🙄 ပြီးတော့ သူ မန္တလေးရောက်လာတယ်.. "မန္တလေးရောက်ရှမ်းတစ်ယောက်" ရဲ့အဖြစ်ဟာ မလွယ်ပါလား ဆိုနေဘေမက် "စကားနည်းသောမန္တလေးသူ" လေးခမျာမှာတော့ ခေါင်းလေးညိတ်ခဲ့ရှာပါသတဲ့.. ပြီးတာနက် "တောင်လှေကားမြို့ကို ကိုယ်လာမယ်" ဆိုတဲ့ပြီး ပြင်ဦးလွင်တက် ဝိုက်ပါရောလား.. တစ်ခါတည်းမထင်နဲ့နော်.. "ချယ်ရီပင်အောက် နောက်တစ်ခေါက်" ဆိုတဲ့သီချင်းက အလကားမဟုတ်ဘူး.. နောက်ပိုင်းတော့ ရေစိုထမီနဲ့ မိုးရေမှာ လှပခဲ့ဖူးတာ ပြန်မြင်ယောင်လိုက်.. တက်သွားလိုက်ပဲ.. ဘာမှမတတ်နိုင်ဖူး..လက်လျှော့လိုက်ရပြီ 😕 ပြီးတော့ ရှမ်းပြည်ပြန်သွားတယ်.. "ကွတ်ခိုင်ကဇာတ်လမ်းတစ်ပုဒ်" ရိုက်ခဲ့သေးတယ်.. တို့ဖူးနွေးရောင်းတဲ့ရှမ်းမလေးလဲ မနေရပါဖူး.. တို့ဖူးကချိုနေလို့လား.. ဆိုင်ရှင်သူလေးပဲ လှပလွန်းလို့လား တရွာသားစဉ်းစားမရပါ.. ဘာ ညာ အဲ့တောင်ပေါ်နေနေရင်းနဲ့ကိုပဲ လာလည်တဲ့ "မြေပြန့်သူလေး" ကိုလဲ တို့ရဲ့အရပ်မှာပျော်ပါစေ ဆိုပြီး ချုပ်နိုင်ခဲ့သေးတာနော်.. နောင်းဗိန်နောင့် နောင်းဗိန်နောင်ပဲ.. ဘာပြောကောင်းမလဲ.. ပြီးတော့ အညာဘက်တက်သွားပြီး ရွှေညာမြေပြန့်သူကို "တို့တောင်ပေါ်ကိုဖိတ်ခေါ်ပါတယ်" တို့ ဘာတို့ ပိုင်နက်ထဲဆွဲသွင်းဖို့လုပ်သေးတယ်.. အာ့လဲ ရတာပဲ ခရီးမထွက်ပဲနားတဲ့အချိန် ဘယ်မှမသွားရင် ပချုပ်ဆိုင်သွားတယ်.. "မောင့်အရိုင်းပန်း" လေးဆီကနေအပြန် ခန်းစီးစ မ ရင်းတွေးတယ်.. ကိုယ့်ရင်မှာ ဘယ်သူရှိမလဲ မင်းသိနိုင်မလား မေးတယ်.. မပိုင်ဖူးလား 🙂 ပြီးတော့ ရန်ကုန်ရောက်လာတယ်.. "ရန်ကုန်မှာသာတဲ့လ" ဟာ သာပေမယ့်လဲ အလကားဆိုပြီး သူ အသည်းကွဲတယ်.. လေလွင့်ပြီး ပလက်ဖောင်းမင်းသားလုပ်တယ်.. နောက်တော့ အောက်ဖက်ဆက်ဆင်းသွားတယ်နဲ့တူပါရဲ့.. ဟိုဘက်ကမ်းကတစ်ယောက်ငိုနေ.. ဒီဘက်ကမ်းကတစ်ယောက်မျက်ရည်ဆိုတာ သံလွင်မြစ်ကြီးဗျ.. သံလွင်မြစ်ကြီး!! မွန်မတွေ ကရင်မတွေ ကုန်တာပဲ.. အဲ့ဒီ့မှာ.. မြိတ် ထား၀ယ်ထိတော့ ရောက်ပုံမပေါ်တာလေး ကျေးဇူးတင်ရမှာပဲ.. ဘဲကြီး အဲ့ဒီ့မှာ တစ်နိုင်ငံလုံးပတ်ပြီး စော်ကြည်နေလိုက်တော့.. 😭 ................. ဒီလောက် သောင်းကျန်းတဲ့ဘဲရီး အရိုးကြည့်မရှောင်တော့ ဆေးရုံရောက်ပြီလေ.. "အခြေအနေမကောင်းဘူး ခွဲရမယ်.." "မျက်နှာဖုံးစွပ်နဲ့ ဆရာမလေးရယ်.. ခွဲစိတ်ခန်းက ဆရာမလေးရယ်" ဆရာ၀န်မလေးခမျာ ခဲရာခဲဆစ် ခွဲပြီးလို့ ဝါဒ့်ထဲမှာ ထားထားတော့လဲ.. နာစ့်မလေးခမျာ ဇောချွေးပျံရ.. "ဒီဆေးရုံကြီးထဲ အတွင်းလူနာအဖြစ် အမြဲ နေချင်တယ်.. ရမလား.. ဆရာမရယ်.. ရမလား.. ဆရာမရယ်.. ဆေးရုံကို လူနာလာကြည့်တဲ့ ဘော်ဒါမလေးကိုလဲ "မောင်နှမသဘောမျိုး ဆိုခြင်းထက်တော့ မကဘူးနော်" ဆိုပြီး ကပ်ချုပ်သေးတာ.. မင်းမကြည့်လို့ မသိတာပါ.. အချစ်က မင်းအနားမှာပါ ပေါ့.. 😏 ................ ပထဝီ အနေအထားအရ ကြည့်ပြီးတဲ့အခါမှာ marital status အနေနဲ့ ပြောင်းကြည့်မိတယ်.. တခုလပ်မလေးတို့ မုဆိုးမလေးတို့ကို အင်မတန်ချစ်တတ်တဲ့ ဦးရှမ်းကြီးဟာ "ကိုယ့်အချစ်နဲ့အရာရာကိုအကောင်းအတိုင်းဖြစ်စေမယ်"ဆိုပြီး "မောင့်တပတ်နွမ်း" လေးတွေကို အရမ်းကာရော နှစ်သိမ့်ပေးချင်ခဲ့တာ သွားတွေ့ရတယ်.. ပိုက်ဘောတော့ ဖမ်းပုံမပေါ်ဘူး.. "မပူပါနဲ့ အချစ်ရယ်.. မပူပါနဲ့ အချစ်ရယ်.. ဒီတောင်ကိုမောင်ဖြိုကာပြပါ့မယ် တကယ်.." တဲ့.. ငင့်.. ဘာတေလား အင်းလေ.. ပျိုတယ် အိုတယ် ဆိုတဲ့ ကျဉ်းမြောင်းတဲ့အယူအဆတွေကို သူမှ မကြိုက်တာပဲလေ လူတွေဆိုတာ ထာ၀စဉ်ခြောက်ပစ်မကင်းနိုင်ပါဘူး.. ဒါပေမယ့် နေပါဦး.. ဟို "အပြာရောင်မျက်ရည်" ဆိုတဲ့သီချင်းကျတော့ အပျိုစစ်စစ်လေးနဲ့ ဖြစ်နေပြန်ပါရော့လား.. လွန်နေပြီလေ.. အားရ၀မ်းသာကြီးအော်နေသေးတာနော်.. စိုစေမယ်.. စိုစေမယ်!! တဲ့ အေးလေ.. ဘယ်တတ်နိုင်မလဲ.. အပျိုအရွယ်တော့ ယောက်ျားတိုင်းကြိုက်တတ်တာပဲ.. ရှိပါစေတော့ ဆိုနေဘေမက် မီးကောင်ပေါက်လေးတွေ ဆယ်ကျော်သက်လေးတွေကိုတော့ ဒီရှမ်းဦးလေးကြီး ကင်းကင်းရှင်းရှင်းနေခဲ့မှာပါ.. ဟ.. နားထောင်စမ်း.. သီချင်းလေးကောင်းတယ်ဟ.. ဘာတဲ့ "ဟိုဘက်အိမ်က ညတိုင်း ညတိုင်း စာအကျယ်ကြီးကျက်တတ်တဲ့.. ဆယ်တန်းကျောင်းသူကို" ဟာ.... ဒီ....ဘဲကြီးကွာ.... တောက် 😫😫😫 .. ဘဝ.အမောများခဏမေ့နိုင်ကြပါစေ ပြုံးရယ်နိုင်ကြပါစေ သူငယ်ချင်းများတို့ CRD
ICON
Region: MM
Saturday 22 August 2026 04:40:51 GMT
Music
Download
Comments
Wyan :
😂😂😂That right😅
2026-08-22 16:10:30
1
Icon :
သူကတစ်နိုင်လုံးပတ်မွေသွားပေမဲ့ မောတော့မောတာပေါ့ဒါပေမဲ့မမောဘူးလို့ပြောသွားသေးတယ်နော်😁
2026-08-22 05:17:50
357
ဦးအောင်ပိုင် :
လျောက်မပြောကြပါနဲ့ဗျာ သေတဲ့လူကိုယ် သူကိုယ်သူသိပါတယ် နောက်ဆုံး မောင်ဟာလူဆိုးပါတဲ့ ဝန်ခံသွားတယ်လေ🥰🥰🥰
2026-08-23 03:14:06
70
Ko Dang :
နှလုံးသားလမ်းကြောင်းမှာကျွန်းခံနေလို့သာ မဟုတ်လို့ကတော့မြန်မာတစ်နိုင်ငံလုံးနဲ့ပြီးပါ့မလား😇😇😇
2026-08-22 07:37:29
89
sayarhla naypyitaw :
မြိတ်ကို ရောက်တာ စာရေးဆရာမသိလို့ပါ လေညှာရပ်ကအချစ် ဆိုတာ မြိတ်မြို့နယ် တနင်္သာရီမှာ လေညှာမြို့ရှိတရ်ဆရာရေ😁
2026-08-22 10:32:33
33
こどくなひと😔 :
ဘယ်သူဘာပြောပြောသူက ချစ်တာတစ်ခုဘဲသိတာလေ😔
2026-08-22 07:02:54
51
U.Kyaw :
နောက်ဆုံးသခင့်ဆီပဲအပြေးပြန်လာတာပဲ😂
2026-08-22 07:21:43
21
Ko Win Naing :
ဂီတာအိုတောင်ပျိုရွယ်နေဆဲဆိုရင်
အကြင်နာဆိုတာလဲဒီတယောက်နဲ့ပဲပီးသင့်သလားတဲ့
လုပ်ပုံ
2026-08-22 10:45:32
24
Koko Phyo :
သူများတွေတော့မသိကောမတ်တွေဖြတ်ပြီရီလို့ကိုမဆုံးဘူးစာသာတွေမိုက်ပ🥰🥰🥰🥰🥰
2026-08-22 11:14:38
41
putra :
နောက်ဆုံးမွေးရက်မြေဖြစ်တဲ့လင်းခေးကိုပြန်သွားတယ်ဆိုလားပဲဗျ🥰
2026-08-22 16:43:23
19
Pumpkin Luxe :
ဒါမျိုးကို ဗဟုသုတနဲ့ ပြည့်စုံတယ်ခေါ်တာ၊ စာရေးသူရော မန့်တဲ့သူရော 😂😂😂 ကိုယ်တွေက လိုက်ဖတ်တဲ့သူ.. 😁
2026-08-23 06:35:14
5
ဦးအောင် :
ကိုထီး သီချငိးတွေကို ခံစားလာတာ ပို့စ်မြင်ဆော့မှ ပါးစပ်ညောင်းရတယ်
2026-08-22 07:13:00
24
Simon Says ? :
ဘိတ် ထားဝယ်အထိ မရောက်တာက
*ဘီးNo.OK0122L* စက်ဘီးကလေးကို
တနိုင်ငံလုံး ပတ်စီးနေရတော့
ဦးထီး ခြေကုန်လက်ပန်းကျသွားလို့ပါတဲ့ 😁👌
2026-08-22 18:31:06
15
ကိုးဆယ် :
ဒါတောင်လေညာအရပ်ကအချစ်မပါသေးဘူး
2026-08-22 07:12:04
12
ပန်းဥယျာဥ် :
သူပြောသွားတာလဲရှင်းတယ်လေ
ငယ်စဥ်က ကလေးဘဝက ပျော်ပါးရတာလွယ်ပါတယ်ဆိုမှ။ 😂
2026-08-23 03:05:37
6
LOVE :
ဒါတောင်သူက ကံဇာတာရယ်တစ်ခါတော့အလှည့်ပေးပါတော့လုပ်သေးတာ😂😂
2026-08-22 05:25:49
20
Břǿķęŋ Đėmǿŋ✨⚡ :
လိမ်ညာတာ ကိုယ့်သဘောနဲ့ ဆန့်ကျင်တဲ့အရာတခုပါ=သူ့ကိုလာမလိမ်နဲ့ မကြိုက်ဘူးပေါ့🙄🙄
ဒါပေမယ့် မင်းမသိအောင် ဖုံးကွယ်ထားတာရှိတဲ့😁😆😄😅 လုပ်ပုံ....
2026-08-22 14:34:24
8
kyawlinthu :
ပိုနေရင်မသိသာတယ်လို့ဆိုလိုက်သေးတယ်😂😂😂
2026-08-22 07:40:34
7
👤H. Linn🌿🌿🎧 :
တော်ပီ comment ပဲဖတ်တော့မယ်😳😳
2026-08-22 07:11:04
9
..𝓣𝓱𝓲𝓻𝓲🍓 :
ကျောက်တိုင်းအပြစ်ကလေးရှိတယ်လူတိုင်းချို့ယွင်းချက်ရှိတယ်တဲ့တော်သေးတာပေါ့ပြီးပြည့်စုံနေရင်တော့ဘယ်လောက်များမွှေလိုက်မလဲလို့ဒီလူကြီး😁🤭
2026-08-23 02:54:20
7
LOVE :
တွဲလို့လဲ ဝရော ကို့ရဲ့သီချင်းနဲ့ပဲနှုတ်ဆက်ခဲ့တယ် အချစ်ရယ်းးး နေရစ်တော့ကွယ် သွားတော့မယ်ဆိုပီး ပလစ်ခဲ့တာ😂😂😂
2026-08-22 05:15:23
157
tun.tun :
ပြီတော့ရှိသေးတယ်နေချင်တာတညထဲပါလွန်နေရင်ခွင့်တဲ့အဲ့မှာခရီးသွားရင်းအိမ်ရှင်မခေါပဲအတင်းတစ်ညဝင်အိပ်သွားသေးတယ်..ပြီးတော့ချိုမှိန်တဲ့အရသာကုန်ချိန်အစာဝလို့ဌာနကိုပြန်လိုတဲ့ငှက်ဆိုပြီးသင်ခန်းစာပေးပြီးလစ်သွားသေးတယ်😅
2026-08-22 11:45:19
30
Moe Hain :
ခွဲစိတ်ခန်းမှာတောင် မေ့ဆေးမလိုဘူးတဲ့လေ ဆရာမလေးအပြုံးနဲ့ခွဲမှာတဲ့
2026-08-22 07:46:20
9
Ulaygyi :
အဲလူကြီးချစ်သူလမ်းကြားကိုလာသေးတယ်ဗျမသိလိုက်ဘူး😁
2026-08-22 06:41:28
61
Charm ချမ်း :
ဒါတောင် အချစ်ကို ရှာမတွေ့သေးလို့
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ ဖြစ်သေးတယ်
2026-08-22 07:45:47
18
To see more videos from user @icon1221icon, please go to the Tikwm
homepage.