@myinttheinacn: Property Tax (အိမ်ခြံမြေ ပိုင်ဆိုင်မှုအခွန်) သာ စတင်ကောက်ခံလိုက်ရင် စက်ဝိုင်းကြီးတစ်ခုလုံး ပြောင်းလဲသွားတော့မှာပါ။ အဓိကပြောင်းလဲလာမယ့် ၄ ချက်ကို အလွယ်ဆုံး ခွဲခြားပြပေးလိုက်ပါတယ်။ ​အိမ်ခြံမြေဈေးနှုန်းများ တည်ငြိမ်သွားမည်: အိမ်ပစ်ထားရုံနဲ့ နှစ်စဉ် အခွန်ဆောင်ရတော့မှာမလို့ ဈေးနှုန်းတွေကို အဆမတန် ကစားဖို့ ခက်သွားပါပြီ။ ​နာမည်ပေါက် မဖြစ်မနေ ပြောင်းရမည်: GP/SP သာယူထားရင် မူလပိုင်ရှင်ဆီ အခွန်စာရွက်ရောက်သွားမှာမလို့ မဖြစ်မနေ အမည်ပေါက်ပြောင်းလာကြရပါတော့မည်။ ​ပိုင်ဆိုင်မှု အချက်အလက်များ ပွင့်လင်းလာမည်: စာရင်းဇယား အမှန်တွေ ထွက်ပေါ်လာပြီး မည်သူ မည်မျှပိုင်ဆိုင်ကြောင်း တိကျစွာ သိရှိနိုင်မည်။ ​ဈေးကစားရန် ဝယ်စုခြင်းများ လျော့နည်းသွားမည်: ၂ လုံး/၃ လုံး ပိုင်ဆိုင်ပါက အခွန်နှုန်း နှစ်ဆတိုးပေးရမည်ဖြစ်၍ အပိုဝယ်စုသူများ လျှော့နည်းသွားပါမည်။ ​Property Tax ဟာ အိမ်ခြံမြေဈေးကွက် ကစားသူတွေကို ထိန်းချုပ်ပေးပြီး တကယ့် နေထိုင်လိုသူတွေအတွက် ဈေးနှုန်း တည်ငြိမ်စေမယ့် စနစ်တစ်ခု ဖြစ်ပါတယ်။ #ခိုင်မာတဲ့လက်ရာ စိတ်ချရတဲ့အနာဂတ် #Property Tax #ရန်ကုန်,မန္တလေး #U Myint Thein,ACN #ဆောက်မယ်,တည့်မယ်,မြှောက်မယ်

U Myint Thein-ACN Construction
U Myint Thein-ACN Construction
Open In TikTok:
Region: MM
Saturday 22 August 2026 04:51:21 GMT
227150
9092
347
2464

Music

Download

Comments

bow.daw35
bow daw :
ကောက်တဲ့အခွန်ကိုထပ်တင်ရောင်းမှာပါ စျေးကျစရာမရှိပါ
2026-08-22 08:42:05
66
ko.latt5954
KO LATT :
ဇေကမ္ဘာလို FMI လို Star City လို ပိုင်ရှင်တွေ မြေရှင်တွေ အရင် ဆောင်ခိုင်းလိုက်ပါ မျှမျှတတ ပေါ့😂😂😂
2026-08-22 08:38:28
88
sansanaye3301
sansanaye :
good post sister you are great 👍 Thanks 👏
2026-08-22 15:09:32
1
may.14th7
May 14th :
မထင်ပါဘူးအိမ်ဈေးမြေဈေးကျမယ်ဆိုတာ ရွှေတောင်အစိုးရပေါက်ဈေးကိုဘောင်ချာမှာရေးပီး သူတို့ရွှေဆိုင်ကပေါက်ဈေးအတိုင်းဝယ်ရတာပဲ ရွှေဈေးတောင်အစိုးရပေါက်ဈေးအတိုင်းဘယ်သူရောင်းလဲလုပ်နေကျအကွက်တွေသူတို့ကျွမ်းပါ့ရောင်းတာတစ်ဈေး အခွန်ဆောင်ရမဲ့စာရွာစာတန်းစာချုပ်မှာကတစ်ဈေး 😂😂😂😂 အခွန်ရှောင်တာက ကျွမ်းကျလွန်းလို့ ဒို့မြန်မာပြည်ကလူတွေက😂
2026-08-22 13:53:22
17
ko.toe8639
Ko Toe :
ကုန်ဈေးနူန်းထိုးကျဖို့က ပိုအရေးကြီးနေပါပြီ ငတ်မသေအောင်ကြိုးစားနေရတဲ့ သူတွေအများကြီးပါ ဦးစားပေးက ကြက်ဥဈေးကျဖို့ ကံစွန်းရွက်ဈေးကျဖို့ ဆန်ဈေး ဆီဈေးကျဖို့ အရင်လုပ်ပေးပါ
2026-08-22 13:49:32
13
kophyo244926
Than Htike Phyo :
ထိုးကျမယ်ဆိုတာက ဟူတ်ပါ့မလား. အခွန်ဆောင်ရမယ်ဆို ဆောင်ရမယ့်အခွန်အတွက် အိမ်ငှားရှိရင် အိမ်ငှားကို ထပ်တိုးတောင်းမယ်. ရောင်းမယ်ဆိုရင်လဲ သူဆောင်ခဲ့ရတဲ့အခွန်အခတွေ ထပ်ပေါင်းတွက်ပီးမှ စျေးဖြတ်မှာပါ. ဥပမာတစ်ခုက စား သောက်ဆိုင်တွေမှာ အခွန်ကောက်သလိုပေါ့ ဆိုင်ရှင်က မထိဘူးလေ. စားသုံးသူဆီက ထပ်တိုးကောက်လိုက်တဲ့အတွက် စားသုံးသူထိတဲ့သဘောပါ. တကယ်ထိမှာက ငွေမရှိသူသာ ထိမှာပါ.ပိုက်ဆံရှိ အိမ်ခြံမြေပွဲစား အိမ်တွေဝယ်စုထားသူတွေကလဲ ဆောင်ရမယ့်အခွန်ကို ဆက်ဆောင်နေပီး သူဆောင်ခဲ့ရသမျှ အခွန်ဖိုးကိုပါ ရောင်းမယ့် စျေးထဲ ထည့်တွက်မှာပါ. တွေးမိသလောက်ပါ.
2026-08-23 07:25:31
5
la.min3564
Aye Chan Mg :
လုပ်သင့်ပါတယ်စျေးအများကြီးတင်ရောင်းကြတာမဖြစ်နိင်တဲ့စျေးတွေခေါ်နေတာ
2026-08-22 07:06:45
14
simple.life4904
simple life :
ငွေရှိသူတွေကို အခွန်နည်းနည်းနဲ့ ပိုင်ဆိုင်မှူ့ခိုင်မာပြီး တရားဝင်ဈေးကစားခွင့်ရသွားမှာပေါ့ဟ ဘိန်းရောင်းကျားဖြန့်လုပ်လို့ရတဲ့ငွေကို သိန်းတစ်သောင်းရှိရင် သိနိးတစ်ထောင်ဆောင်ပြီးတရားဝင် လုပ်စားခွင့်ပေးလိုက်တာပေါ့ဟ😂😂😂 ငွေမရှိသူနဲ့ ငွေမရှိတရှိ ချင့်ချိန်သုံးစွဲနေရသူတွေက တရားဝင် မတန်တဆဈေးနဲ့ အိမ်ခြံမြေကို ဝယ်ရဝော့ာ့မှာပေါ့ကွယ် ရိုးရိုးလေးပါ
2026-08-22 07:19:46
72
ye.min.aung4280
Ye Min Aung(ဘီးကျဲ) :
ဒီဥပဒေ ဒီစနစ်ကကောင်းတယ်။ကျောသားရင်သားမခွဲခြားရင်ပေါ့
2026-08-22 07:58:24
15
user3812007008798
Aye Aye :
အဲဒါဆိုအိမ်ငှားခတွေဈေးတတ်တော့မှာပေါ့နော်အခွန်ဆောင်ရမယ်ဆိုတော့အိမ်ရှင်တွေကဈေးတတ်တော့မယ်နဲ့တူတယ်😥😢😢😢😢😢😢
2026-08-22 07:53:21
6
dawgangardawi
MY LIFE IS BUDDHA :
အိမ်ငှါးခတွေစျေးတတ်မယ် နောက်ဆုံးကြရင်တော့ ပိုက်ဆံမရှိတဲ့လူတွေပဲခံစားကြရတော့မယ်ဗျ 🥹 အိမ်ငှါးတွေကိုတိုးတောင်းကြတော့မယ်ဗျ🥹🙏
2026-08-22 13:16:09
23
aungkurm5iw
aungkyaw :
ခရိုနီတွေ ၊ ဌာနဆိုင်ရာ ညွှန်ချုပ်တွေ အုပ်ချုပ်သူအစိုးရပါမကျန် ကျောသားရင်သားမခွဲခြားပဲ အခွန်ဆောင်မယ်ဆို ကောင်းမွန်တဲ့စနစ်ပါ ဦးခင်ရီ ပြောသလို မြေ ၁ ကွက် ၊ ၂ ကွက် ထက်ကျော်ပြီး ပိုင်ဆိုင်သူကို အခွန်ကောက်မယ်လို့ပြောထားတယ် နေစရာ မြေ ၁ ကွက် ထက်ပိုရင်တောင် ကောက်သင့်ပါတယ်
2026-08-22 09:47:18
54
aung.thuya104
Aung Thuya :
အိမ် 10လုံး ပိုင်ဆိုင်ထားတဲ့ သူက အစိုးရက အခွန် အတိကျဆောင်ရရင် အိမ် 5 လုံးလောက်ပဲ ပိုင်ဆိုင်ရတော့မှာပါ ဘာကြောင့်ဆို အခွန်က ထပ်တိုးနဲ့မို့လို့ပါ
2026-08-22 09:36:50
9
aung.gyi8685
Than Htay Aung :
1.5လို့ အခွန်နှုန်းသေချာပြီလားဗျ သိန်း1000တန် အိမ်ခြံမြေ ပိုင်သူဟာ တနှစ် 15သိန်းဆောင်ရမဲ့သဘော သာသာလုပ်လည်းသေပါတယ်
2026-08-22 06:36:55
17
winn.zaw5
(မြေနီကုန်းအမျိုးသားအဆောင်) :
တစ်ဘက်မှာ အခွန်ကောက်ချင်ရင် တစ်ဘက်မှာ ပြည်သူ့အလုပ်ကိုင်ကို ဖန်တီးပေးရမှာမဟုတ်လား
2026-08-22 09:31:57
5
ayemintun2012
Aye Min Tun :
စနစ်တကျနဲ့ စနစ်ကောင်းကောင်းနဲ့ ကိုင်တွယ်နိုင်ရင်တော့ အလွန်ကောင်းမယ့် ကိစ္စပါ။ မဟုတ်ပဲ ဒီမိုး၊ဒီလေ၊ဒီလူတွေ နဲ့ ဥပဒေကို အပေါ်ကကျော်ခွ၊ အောက်ကငုံ့ဝင်၊ ဘေးကပတ်သွား နဲ့ ပရမ်းပတာ တွေနဲ့ လုံးခြာလည်လိုက်နေမှာပဲ။
2026-08-22 13:02:37
5
heinz.field
Heinz field :
@Heinz field:property ရဲ့ AV annual value ပေါ်မူတည်ပြီး စင်္ကာပူမှာကောက်တဲ့နှုန်းပါ။
2026-08-22 11:04:13
5
min.thet.naing300
Min Thet Naing :
မြေဈေးကျ၍ ရွှေဈေးတက်လာမည်။ မြေကို လူမြင်ရ၍ ရွှေကို လူမမြင်ရအောင် သိန်း၍ ရသည်။
2026-08-22 08:08:06
6
user1458424331774
cherry :
အိမ်ငှားတွေဘ၀မတွေး၀င့်စရာ ဘယ်အိမ်ရှင်က အခွန်အလကားဆောင်မလဲ
2026-08-22 12:29:04
7
kokositt36
sitt htoo aung :
အဆို အိမ်ငှါးဈေးတွေယေားတက်နိုင်လားဗျး
2026-08-22 07:18:19
5
u.mg3029
U Mg :
အခွန်မရှောင်နိုင် အောင်ကြီးကြပ်နိုင်မရမှာမှာပါ လုပ်နိုင်ဖို့မလွယ်ပါဘူး
2026-08-22 06:47:55
5
nway.nway3391
Nway Nway :
ပြသာနာမရှိပါဘူးနောက်တစ်လုံးအိမ်ငှားရင်အခွန်ဖိုးတိုးပြီးလစာတိုးထားမှာလေအိမ်ခြံမြေဈေးကျဖို့ဆုတောင်း😁😁😂အိမ်မပိုင်သေးသူတွေပဲဒိုးခရောက်မှာအိမ်ခြံဝယ်နိုင်ပါတယ်ဆိုမှလုပ်ကွက်အများကြီး😂😂😂 စီးပွားရေးလုပ်နေတဲ့သူတွေကဉာဏ်မနည်းဘူးသိဖို့😂😂😂အောက်ခြေပြည်သူတွေကိုထောင်းနေတာကြည့်လဲလုပ်ကျအုန်း😳😳
2026-08-23 07:38:04
2
taungshwe0
Ko Taung Shwe :
@ကြောက်စရာကောင်းတဲလူဘဝ
2026-08-23 00:24:33
1
komin65463
ko min :
နိင်ငံကျတော့အေးချမ်းအောင်မလုပ်ဘူးဟင်
2026-08-23 07:06:58
1
sirimyanmar
M☘️1993(Libra) :
ဈေးကျမှာမဟုတ်ဘူး ဈေးတက်မှာရှင့်
2026-08-22 18:51:33
2
To see more videos from user @myinttheinacn, please go to the Tikwm homepage.

Other Videos

يعد برج المملكة# واحدًا من أبرز المعالم المعمارية في الرياض، ورمزا حديثا يعكس تطور المملكة العربية السعودية ونهضتها العمرانية. منذ افتتاحه، أصبح البرج وجهة رئيسية للسكان والزوار، ليس فقط لارتفاعه المميز، بل أيضًا لما يقدمه من مرافق متنوعة وتجربة فريدة. تم افتتاح برج المملكة عام 2002، وهو مشروع تابع لشركة شركة المملكة القابضة التي يملكها الأمير الوليد بن طلال. يبلغ ارتفاع البرج حوالي 302 متر، ويتكون من 99 طابقا، ما جعله لفترة طويلة أحد أطول المباني في قدد الشرق الأوسط، تضميمه الفريد الذي يشتبه فتحة القوسة فلي عط أعلاه يميزه عن بقية ناطحات السلحاب، وقد صمم ليكون تحفة معمارية تجمع بين الحداثة والهوية المحلية. يضم البرج مجموعة واسعة من المرافق، منها مكاتب إدارية، وشقق سكنية فاخرة بالإضافة إلى فندق فورسيزونز الرياض الذي يعد من أفخم الفنادق في المدينة. كما يحتوي على مركز تسوق ضخم يعرف باسم مملكة مول، ويضم العديد من العلامات التجارية العالمية والمطاعم الراقية من أبرز معالم....
يعد برج المملكة# واحدًا من أبرز المعالم المعمارية في الرياض، ورمزا حديثا يعكس تطور المملكة العربية السعودية ونهضتها العمرانية. منذ افتتاحه، أصبح البرج وجهة رئيسية للسكان والزوار، ليس فقط لارتفاعه المميز، بل أيضًا لما يقدمه من مرافق متنوعة وتجربة فريدة. تم افتتاح برج المملكة عام 2002، وهو مشروع تابع لشركة شركة المملكة القابضة التي يملكها الأمير الوليد بن طلال. يبلغ ارتفاع البرج حوالي 302 متر، ويتكون من 99 طابقا، ما جعله لفترة طويلة أحد أطول المباني في قدد الشرق الأوسط، تضميمه الفريد الذي يشتبه فتحة القوسة فلي عط أعلاه يميزه عن بقية ناطحات السلحاب، وقد صمم ليكون تحفة معمارية تجمع بين الحداثة والهوية المحلية. يضم البرج مجموعة واسعة من المرافق، منها مكاتب إدارية، وشقق سكنية فاخرة بالإضافة إلى فندق فورسيزونز الرياض الذي يعد من أفخم الفنادق في المدينة. كما يحتوي على مركز تسوق ضخم يعرف باسم مملكة مول، ويضم العديد من العلامات التجارية العالمية والمطاعم الراقية من أبرز معالم....

About