@zayartbz7news: အိမ်ခြံမြေတိုက်ခန်းဝယ်ယူထားသူများ စက်တင်ဘာလမှစတင်၍ ဝင်ငွေရလမ်း စိစစ်ခြင်းနှင့်အခွန်ကင်းရှင်းကြောင်း တင်ပြနိုင်မှသာလျှင် ပိုင်ဆိုင်မှုအမည်ပြောင်းပေးမည်ဟု စစ်တပ်က ကြေညာ 🟥 ကျပ်သိန်း ၁၀၀ ကျော်သော အမြတ်ငွေများ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးရမည်ဟုအမိန့်ထုတ် ရန်ကုန်၊ ဩဂုတ် ၂၂ အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများ ဝယ်ယူထားသူများအနေဖြင့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ဝယ်ယူရန် အသုံးပြုသည့်ငွေကြေး၏ ဝင်ငွေရလမ်း စိစစ်ခံယူပြီး ဝင်ငွေခွန် စည်းကြပ်ပြီးစီးကြောင်း အထောက်အထား တင်ပြနိုင်မှသာ ပိုင်ဆိုင်မှုအမည်ပြောင်း မှတ်ပုံတင်ပေးမည့် လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။ အလားတူ အိမ်ခြံမြေ၊ တိုက်ခန်းများ ရောင်းချသူများအနေဖြင့်လည်း ရောင်းချခြင်းမှ မြတ်စွန်းငွေ ပေါ်ပေါက်ခြင်း ရှိ၊ မရှိ စိစစ်ခံယူပြီး အဆိုပါမြတ်စွန်းငွေအပေါ် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ရယူထားမှသာ အမည်ပြောင်းမှတ်ပုံတင်ခြင်းကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သတ်မှတ်ချက်သည် အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများ ဝယ်ယူရောင်းချပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စာချုပ်ချုပ်ဆိုခြင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် အမည်ပြောင်းလျှောက်ထားခြင်း သို့မဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ပိုင်ဆိုင်မှုအမည်ပြောင်း လျှောက်ထားခြင်းများ ပြုလုပ်သည့်အခါ အကျုံးဝင်မည်ဖြစ်သည်။ ဝယ်ယူသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ဝယ်ယူရန် အသုံးပြုသည့်ငွေကြေး၏ ဝင်ငွေရလမ်းကို စိစစ်ခံယူရမည်ဖြစ်ပြီး ဝင်ငွေခွန် စည်းကြပ်ပြီးစီးကြောင်း အထောက်အထားများကို တင်ပြရမည်ဖြစ်သည်။ ရောင်းချသူများကလည်း အဆိုပါ အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံ သို့မဟုတ် တိုက်ခန်းကို ရောင်းချခြင်းကြောင့် အခြေပစ္စည်းမှ မြတ်စွန်းငွေ ရရှိခြင်း ရှိ၊ မရှိ စိစစ်ခံယူရမည်ဖြစ်ပြီး မြတ်စွန်းငွေ ပေါ်ပေါက်ပါက ကျသင့်အခွန်ကို ပေးဆောင်ပြီး အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ရယူထားရန် လိုအပ်မည်ဖြစ်သည်။ ပြည်တွင်းအခွန်များဦးစီးဌာန၏ သတ်မှတ်ချက်အရ အခြေပစ္စည်းဆိုသည်မှာ မြေ၊ အဆောက်အအုံနှင့် ယင်းတို့၏ အခန်းများအပြင် ယာဉ်၊ လုပ်ငန်းဆိုင်ရာ မတည်ပစ္စည်း၊ အစုရှယ်ယာ၊ ကတိခံဝန်ချုပ်၊ ငွေချေးသက်သေခံလက်မှတ်များနှင့် အလားတူ စာချုပ်စာတမ်းများကို ဆိုလိုသည်။ အခြေပစ္စည်းမှ မြတ်စွန်းငွေဆိုသည်မှာ အဆိုပါပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြုလုပ်ရာမှ ရရှိသည့် မြတ်စွန်းငွေကို ဆိုလိုသည်။ အမွေဆက်ခံခြင်း၊ အဖိုးစားနားမပါဘဲ မေတ္တာဖြင့် ပေးကမ်းခြင်းနှင့် လှူဒါန်းခြင်းတို့ကိုမူ အဆိုပါ လွှဲပြောင်းမှုတွင် ထည့်သွင်းတွက်ချက်မည်မဟုတ်ကြောင်း သိရသည်။ တစ်နှစ်အတွင်း အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားနည်းလမ်းဖြင့် လွှဲပြောင်းခြင်းပြုလုပ်ရာတွင် အဆိုပါအခြေပစ္စည်းများ၏ တန်ဖိုးစုစုပေါင်းသည် ကျပ်သိန်း ၁၀၀ ထက်ကျော်လွန်ပြီး မြတ်စွန်းငွေပါ ပေါ်ပေါက်ပါက ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း ပြုလုပ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာအခွန်ရုံးတွင် ဝင်ငွေကြေညာလွှာ တင်သွင်းပြီး ကျသင့်သည့်အခွန်ကို ပေးဆောင်ရမည်ဖြစ်သည်။ အခွန်တွက်ချက်ရာတွင် အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံနှင့် အခန်းများအတွက် သက်ဆိုင်ရာ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်ပေးသည့် တန်ဖိုးကို အခြေခံမည်ဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အိမ်ခြံမြေများအတွက် ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က တန်ဖိုးသတ်မှတ်ပေးမည်ဖြစ်ပြီး စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ အိမ်ခြံမြေများအတွက် သက်ဆိုင်ရာ မြို့နယ်ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က တန်ဖိုးသတ်မှတ်ပေးမည်ဖြစ်သည်။ ယင်းသတ်မှတ်အရောင်းတန်ဖိုးမှ မူလဝယ်ယူခဲ့သည့် တန်ဖိုးကို နုတ်ပယ်မည်ဖြစ်သကဲ့သို့ အဆိုပါအခြေပစ္စည်းကို ရောင်းချရန်၊ လဲလှယ်ရန် သို့မဟုတ် လွှဲပြောင်းရန်အတွက် အသုံးပြုခဲ့သည့် သာမန်ကုန်ကျစရိတ်များကိုလည်း နုတ်ပယ်ပေးမည်ဖြစ်သည်။ ယင်းကုန်ကျစရိတ်များတွင် အိမ်အဆောက်အအုံများ ဆေးသုတ်ပြုပြင်ခြင်းစရိတ်၊ ရောင်းချရာတွင် ပေးရသည့် ပွဲခစသည့် ကုန်ကျစရိတ်များ ပါဝင်နိုင်သည်။ အဆိုပါ နုတ်ပယ်မှုများပြုလုပ်ပြီးနောက် မြတ်စွန်းငွေ ပေါ်ပေါက်ပါက ယင်းမြတ်စွန်းငွေအပေါ် ၁၀ ရာခိုင်နှုန်း ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက သတ်မှတ်ထားသည်။ "အိမ်ခြံမြေ အရောင်းအဝယ်နဲ့ အိမ်ခြံမြေထဲ စီးဝင်နေတဲ့ ငွေတွေကို တားဆီးဖို့ ကြိုးစားတဲ့သဘောလို့ မြင်ပါတယ်။ ဒါပေမယ့် အောက်ခြေယန္တရားက ငွေပေးပြီး ညှိလို့ရနေသမျှကာလပတ်လုံးကတော့ လုပ်စားဂွင်ကြီးတွေဖြစ်လာဦးမှာပဲ။ အထက်က စည်းမျဉ်းစည်းကမ်းတင်းကျပ်လေ​ အောက်ခြေမှာ လာဘ်ပေးလာဘ်ယူဂွင်ကြီးက ပိုကြီးလာလေလေပါပဲ" ဟု ရန်ကုန်အခြေစိုက် စိုင်းဝမ့်မောင် အိမ်ခြံမြေအကျိုး

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Saturday 22 August 2026 06:10:19 GMT
362426
14798
158
5659

Music

Download

Comments

eianalysis
Ei Analysis :
ဝင်ငွေရလမ်းကိုစိစစ်မယ်ဆို သူတို့ဝင်ငွေရလမ်းတွေ အရင်စိစစ်ရမှာ
2026-08-22 07:19:14
197
sandarwin0763
♥️♥️♥️sandarwinlae♥️♥️♥️ :
ပိုက်ဆံကိုဘယ်လိုညှစ်ယူရမလဲပဲတွေးနေကြတာလားရှင်။🙄🙄🙄🙄🙄
2026-08-22 07:50:32
103
user09252928814.m.gthid
ပန်းဘုရင် :
အခွန်မှူးအမျိုးသမီးယောကျားတွေ ကားအကောင်းစားကြီးဝယ်စီးကြပါ တော့မည်
2026-08-22 07:19:02
84
user6355336159572
ကိုကိုချစ် :
တရား ဥပဒေ နဲ့ မညီဘဲ ရရှိလာတဲ့ ငွေ တွေ ဟာ အိမ်ခြံမြေမှာ ဝယ်ရောင်းလုပ်နေကြလို့ အိမ်ခြံမြေ တွေ စျေးတတ်လွန်း နေတာ ကြာပြီ အခုလို လုပ်လိုက်တော့ အိမ်ခြံမြေ စျေးကစား လို့မရ တော့တဲ့အပြင် စျေးပါပြန်ကျနိုင်တယ်
2026-08-22 09:39:29
31
user5060598384546
မေမြို့သားလေးကျွန်တော် :
ငွေမဲတွေစီစစ်တဲ့သဘော
2026-08-22 07:53:21
16
user667165663
si thu :
လူယုတ်မာတွေလက်ထဲကို လုပ်ပိုင်ခွင့်နဲအာဏာရသွားရင် အမျိုးမျိုး နှိပ်စပ်မှာပဲ
2026-08-22 12:02:49
11
bagothar471
V Halen :
ပြည်သူအပေါင်းကို နည်းပေါင်းစုံ အကျင့်ယုတ်နေတာ။
2026-08-22 08:08:51
21
kyi.hlaing951
ko kyaw :
အိမ်ငှားခဘာထက်တတ်တော့မှာ
2026-08-22 07:07:19
10
menar1988
မ န665 :
နောက်ဆိုရင် အီ းပေါက်ရင်လဲ အခွန်ပေးရတော့မယ်😅😅😅😂😂😁
2026-08-22 08:22:50
13
wai.gyi07302
ဖောက်ပြန်ရေးသမားများ မလာရ :
စစ်တပ်ကအကောင်ကြီးကြီးတွေကိုယ်တိုင် သူတို့ပိုင်ဆိုင်သမျှကို ချပြရဲလို့လား?
2026-08-22 09:23:58
14
129xin
☸️🤍☸️ :
တစ်တိုင်းပြည်လုံးနဲ့အတူအံဩမိပါကြောင်း😁
2026-08-22 09:23:38
14
nyo.maung55
Nyo Maung :
ဌါဏ ဆိုင်ရာ အခွန်းဦးစီး တွေကတော့ ကါး တစီး ကနေ ကါး။ 2စီး ။3စီး 4 စီး အဖြစ်။ တိုးပွါးလာတါပေါ့ ဗျာ
2026-08-22 12:59:03
6
kyile069
Noir :
ကုန်ဈေးနှုန်းတွေသာတက်သွားတယ် လစာကတက်မလာပူး ကြာရင်သတောင်းစားဖြစ်တော့မယ်
2026-08-22 12:44:01
5
aunty.mon5
Aunty Mon :
အခွန်ဝန်ထမ်းများချမ်းသာကြတော့မည်
2026-08-22 08:51:43
9
ma.soe.moe64
Ma Soe Moe :
အခွန်ရုံးကဝန်ထမ်းတွေချမ်းသာတော့မယ်
2026-08-22 08:58:58
5
ohmar.khin56
💕Ohmar Khin 56💖 :
ပွဲစားခကတစ်မ်ျူး အခွန်က တစ်မျိူး ရောင်းသူက ဘာကျန်တော့မှာလဲ ဒုက္က ဒုက္ခ များပါလားနော်😏😏😏😏😏
2026-08-22 09:28:59
7
khinmyowinmu
Khin Myo Win Mu :
ဘာတွေလုပ်နေကျမှန်မသိအမျိုးမျိုး
2026-08-22 07:36:49
6
phyusin1221
သဒ္ဒါခင်မင် :
Aww..လူ တွေစားဘို့တောင် မရှိရတဲ့ကြားထဲ နေစရာပါမရှိအောင်🥺
2026-08-22 09:53:17
3
u.sein.win772
U Sein Win :
အဲအခွန်ရုံးကလူတွေကိုဝင်ငွေစီစစ်ပါ။
2026-08-22 08:08:15
17
ggyp23
arua :
ရုံး တော့ ထောတော့မယ် 😂
2026-08-22 07:29:01
6
24567.phwar
(လင်မယူတဲ့) ခင်မူ :
ငွေညစ်မဲ့အစီစဉ်😂😂
2026-08-22 09:20:12
2
niniwai09
NiNiwai :
ကိုယ့်ပိုက်ဆံနဲ့ကိုယ် ေတာင်မှ မ ေွပာချင်ဘူး😏
2026-08-22 10:22:55
2
aungmyat382
နွေ :
အထက်လူတေကိုအရင်စစ်ဆေးသင့်တယ်😁
2026-08-22 09:31:07
2
may289192
May pearl 289192 :
သူတို့အဖွဲ့ကလူတွေအရင်စစ်ပေးပါ🤣🤣
2026-08-22 14:09:51
2
player_5662
ပန်းရိုင်း :
နည်းပေါင်းစုံနဲ့ နော်😁😁
2026-08-22 08:20:41
3
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About