@linaung.official: ယောက်ျားလေးတွေ ဆိုတာ နာကျင်နေလည်း အပြုံးမပျက်တတ်ကြတဲ့ သူတွေပါ။ ရင်ဘတ်ထဲ မုန်တိုင်းတွေ တိုက်နေတဲ့ နေ့မှာတောင် အပြင်ပန်းမှာတော့ ဘာမှမဖြစ်သလိုငြိမ်ငြိမ်လေး လျှောက်သွားတတ်ကြတယ်။ အဆင်ပြေပါတယ် ဆိုတဲ့ စကားတစ်ခွန်းရဲ့နောက်ကွယ်မှာ မပြောဖြစ်တဲ့ အလွမ်းတွေ၊မမြင်ရတဲ့ ဒဏ်ရာတွေ အများကြီး ဝှက်ထားတတ်တယ်။ ချစ်ရတဲ့သူကို လွမ်းတဲ့အခါ ဖုန်းဆက်ဖို့ထက် သူနဲ့ဆိုင်တဲ့ အမှတ်တရလေးတွေကို တိတ်တိတ်လေး ပြန်ကြည့်ဖြစ်တယ်။ သတိရတယ်လို့ မပြေတတ်ပေမယ့် သူကြိုက်ခဲ့တဲ့ သီချင်းတွေကို နားထောင်ဖြစ်တယ်။ သူနဲ့ ရောက်ဖူးခဲ့တဲ့ နေရာတွေကို အလွမ်းဖြေရင်း ငေးကြည့်ဖြစ်တယ်။ ယောက်ျားလေးတစ်ယောက်ရဲ့ အလွမ်းကမျက်ရည် ကျတာထက် တိတ်ဆိတ်သွားတာက ပိုများပါတယ်။ အလုပ်တွေနဲ့ အချိန်ကို ဖြည့်ထားပေမယ့် တစ်ယောက်ထဲ ဖြစ်သွားတဲ့ အချိန်တိုင်း အမှတ်တရတွေက ပြန် ပြန်ရောက်လာတတ်တယ်။ လူတွေက ရ"သူမခံစားဘူးလို့" ထင်ချင်ထင်မယ်။ ဒါပေမယ့် တကယ်တော့ယောက်ကျားလေးတစ်ယောက်ရဲ့ ငိုရှိုက်သံဟာ မျက်ရည်အဖြစ် မကျပဲရင်ဘတ်ထဲမှာပဲ တိတ်တိတ်လေး ပဲ့တင်ထပ်နေတတ်တာပါ။ မာကျောတဲ့ မျက်နှာတစ်ခုရဲ့ အောက်မှာ အင်မတန် နူးညံ့ သိမ်မွေ့တဲ့ နှလုံးသား တစ်စုံက ရှိပြီးသားပါ။ ဒါဟာ ယောက်ျားလေးတစ်ယောက်ရဲ့ တိတ်ဆိတ်တဲ့ အလွမ်းပါပဲ။ #စာတို #feel #ဒဏ်ရာအပြင်းစား #foryoupage❤️❤️ #မူရင်းကိုcrdပေးပါတယ်

Ⓜⓤⓢⓘⓒ.Ⓥⓘⓑⓔⓢ
Ⓜⓤⓢⓘⓒ.Ⓥⓘⓑⓔⓢ
Open In TikTok:
Region: MM
Saturday 22 August 2026 11:30:00 GMT
2647
195
7
23

Music

Download

Comments

zin.mar.oo0875
Zin Mar Oo :
2026-08-22 11:43:40
2
gi.gi2546
Gi Gi :
2026-08-22 12:16:51
1
kyikyi.aye56
K 21 :
မိန်းကလေးတွေကခံစားရပြီဆိုတိတ်ဆိတ်ငြိမ်သက်သွားတယ်မခံစားရအောင်ကြိုးစားတယ်နောက်ဆံုးတော့မမြင်ရင်သူ့အတွက်ကိုယ့်အတွက်အကောင်းဆံုးဖြစ်စေဘို့အဝေးမှာနေတတ်အောင်ကြိုးစားတယ်.. that’s it bro lay 😊⭐️🥰🌺 စာရေးတတ်အောင်ကြိုးစားနေပါသည်။
2026-08-23 02:17:01
1
minthein7149
Min Thein :
2026-08-22 17:16:08
0
kyaw.zayar.oo60
Kyaw Zayar Oo :
✌🏿✌🏿✌🏿
2026-08-22 13:13:36
1
user801286162
Zin Min :
🥰🥰🥰
2026-08-22 12:37:04
1
user232186438
Tik Toker :
အချစ်နဲ့ ဒဏ်ရာ အချစ် ကိုကိုယ့်ကိုချစ်နေသရွေ့တော့ ဒဏ်ရာတွေပဲ့ကျန်ခဲ့မှာ သူ့ကို ချစ်တတ်လာတဲ့တစ်နေ့ ငါကိုကိုယ့် ချစ်နေတာလား သူ့ကို ချစ်နေတာလားလို့ သိလိုက်ရချိန် သူ ထားပြစ်ခဲ့လဲ ကျေနပ်နိုင်တဲ့ ခွန်အားတွေရလာလိမ့်မယ်
2026-08-22 16:57:23
1
To see more videos from user @linaung.official, please go to the Tikwm homepage.

Other Videos


About