@kotheinmg877: အနုပညာရှင် အဆိုတော်ကိုင်ဇာ ယခုကွယ်လွန် ----------------------------------------- သက်တံ့ ၂၂. ၈. ၂၀၂၆ ပြည်သူချစ်အနုပညာရှင် အဆိုတော်ကိုင်ဇာဟာ ဒီနေ့ညမှာ ဘဝတစ်ပါးဆီ ကူးပြောင်းကွယ်လွန်သွားခဲ့ပြီလို့ ဒါရိုက်တာသီတာလင်းက လွန်ခဲ့တဲ့ ၁၅ မိနစ်ခန့်မှာ အသိပေးလာပါတယ်။ အဆိုတော်ကိုင်ဇာဟာ မနေ့က အရေးပေါ်အခြေအနေနဲ့ ICU ထဲ တင်ပို့ကုသမှု ခံယူခဲ့ပေမဲ့ ဒီညနေစောင်းမှာတော့ စိုးရိမ်စရာအခြေအနေဖြစ်နေလို့ ဆုမွန်ကောင်းတောင်းနေရကြောင်း ဒါရိုက်တာသီတာလင်းက လွန်ခဲ့တဲ့ ၁ နာရီလောက်က အသိပေးအပြီး အခုည ၇ နာရီခွဲအကျော်မှာတော့ အဆိုတော် ကိုင်ဇာ (ခ) ကိုညီ ကွယ်လွန်ခဲ့ပြီလို့ အသိပေးလာတာပါ။ "ဒီပွဲလေးဟာ ကျမတို့ သူငယ်ချင်းသုံးယောက် နောက်ဆုံး အတူဆိုရမဲ့ပွဲလို့ ဘယ်သူထင်ကြမလဲနော် ... ကိုညီ ကောင်းရာသုဂတိ လားပါစေ 🙏🙏🙏" လို့ .... အဆိုတော်မေခလာက ကိုင်ဇာနဲ့အတူသီဆိုခဲ့တဲ့ အမှတ်တရပုံရိပ်ကို တင်ပြဆုတောင်းထားပါတယ်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှာ မွေးဖွားခဲ့တဲ့ အဆိုတော်ကိုင်ဇာဟာ.. ၁၉၇၀၊ ၁၉၈၀ ပြည့်နှစ်တွေမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို သီချင်းရှင်ကိုကြင်နာပါ၊ တူနှစ်ကိုယ်တိုင်းပြည်၊ မနိုးပါစေနဲ့မိုးရယ် စတဲ့ နာမည်ကျော် တေးသီချင်းတွေအပါအဝင် စီးရီးခွေ ၂၀ ကျော် ပြည်သူကို ဖျော်ဖြေခဲ့ပါတယ်။ #crd_to_owner_with_respect #RIP 😥😥😥 #kotheinmg #mdy
✰𝕂𝕠𝕋𝕙𝕖𝕚𝕟𝕄𝕘✰ -Official
Region: MM
Saturday 22 August 2026 14:10:20 GMT
Music
Download
Comments
သားချောလေးမေမေ(Chitsoe813) :
ဦးညီ အုတ်ဂူဘေး ရော ဘယ်သူ ထီး လာဆောင်ပေးနေမှလည်း😭😭😭
2026-08-22 15:46:49
191
♥️❤️ OO MYAT ❤️❤️🇲🇲 :
1970/1980 ဆိုတော့ 9 နှစ် 10 နှစ်သားလောက်ကတည်းက သီချင်းဆိုပြီးလျှမ်းလျှမ်းတောက်နေပြီလားဗျ။ တကယ်သိတာရယ်။
မဟုတ်ဘူးဆိုရင်လဲ သတင်းတင်ဆက်တဲ့ သတင်းသမား၊ သတင်းတွေကို တည်းဖြတ်ရတဲ့ အယ်ဒီတာ တွေက သေချာ စိစစ်ပေးကြဖို့လိုပါတယ် ဗျ။
(အကြံပြုတာပါ)
2026-08-22 16:39:01
53
John Feel :
So sad bro. Rest in Peace. 😥😢
2026-08-23 03:02:11
0
မိုးငယ်11 :
အစ်ကို.ကိုင်ဇာရဲ့သီချင်းတွေက..တကယ်ကိုအနှစ်အရသာရှိပြီး..အရန်ဘဲ..ကြိုက်ခဲ့ပါတယ်..ကွယ်လွန်သွားပြီးလို့ကြာရတော့.တကယ်ဝမ်းနည်းရပါတယ်..
2026-08-22 23:33:39
41
Min Yadanar(မင်းရတနာ) :
တက္ကသိုလ် ကျောင်းသားဘဝကို
ချစ်လွန်းလို့ ၈နှစ်လောက် RC 2 ထဲမှာ ဂီတာတီးပြီး သီချင်းတွေ ရေးခဲ့တယ်လို့ ကြားသိခဲ့ဖူးပါတယ်
သူ့ သီချင်းတွေကြောင့်
(ဂီတာတီးတတ်ခဲ့တာပါ)
RIP ပါ
နောက်ထပ် ကိုင်ဇာလို အနုပညာရှင်
မပေါ်လာနိုင်တော့ဘူး
2026-08-22 16:23:19
72
💜May💜(အာကာလင်းမြတ်မေမေ) :
တကယ့်ပညာရှင်တွေတဖြုတ်ဖြုတ်နဲ့ကြွေလွင့်ကုန်ပီ
စိတ်မကောင်းလိုက်တာ မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်😭😭😭
2026-08-22 15:22:24
57
KoNaing18245 :
သူ့သီချင်း...သူ့အသံ...သူ့အရေး အတွေး
သူ့သံစဥ်တွေကိုကြိုက်လို့နားထောင်ခဲ့ ဆိုခဲ့အော်ခဲ့ ကြေနပ်နေတာခုထိပါ
နှမျှောမိ ဝမ်းနည်းမိပါတယ်....😳
2026-08-22 22:36:36
21
Ko Paing :
[Sticker] RIP
2026-08-23 02:50:04
0
Aung&phyoe🧑✈️🧑🎨🌹😘😘😘 :
အခုတလော ကိုညီသီချင်းတွေဘဲနားထောင်ဖြစ်နေတယ် မိုးအေးအေးနဲ့
အခုလိုကြားရတော့ စိတ်မကောင်းပါဘူး
မိသားစုနဲ့ထပ်တူခံစားရပါတယ် ကိုညီရေကောင်းရာဘုံးဘဝမှာ အေးချမ်းစွာ အနားယူပါတော့နော်
ကိုညီသီချင်းတွေ ထာဝရအားပေးနေတဲ့ပရိသတ်တယောက်ပါ
2026-08-22 22:49:15
9
Only me :
မနက်မိုးလင်း ကြားလိုက်ရတဲ့ သတင်းက တကယ်ကိုရင်ကွဲစရာကြီးပါလားရှင်😭😭😭😭😭😭
2026-08-22 22:59:03
5
🤍ℤ𝕚𝕟 𝕃𝕒𝕪🤍 :
နှာ မျောလိုက်တျာ😭 ဦးကိုင်ဇာ သီချင်း တွေအကုန်ကြိုက်တယ် Ripပါဦး ရေ ကောင်းရာဘုံဘဝ ရောက်ပါ စေ နော်😢😢😭😭😭
2026-08-23 02:01:54
9
mm🌺🌲 :
တူနှစ်ကိုယ်တိုင်းပြည်ကဆောင်းတွင်းဆိုချမ်းလဲချမ်းလဲလွမ်းတယ်လွမ်းပီးတသက်လုံးဘဲသတ်ိရနေမှာပါIdolကြီးရယ်ကောင်းရာဘုံဘဝရောက်ရှိပါစေ😢😢😢😢
2026-08-22 15:19:58
10
laminchocho :
မိုးတွေသည်းလာပြီလေ
တစ်သက်လုံးပဲသတိရနေမယ်ရင်ထဲမှာ
ရန်ကင်းသားကြီး လွမ်းရပြီ😪😓
2026-08-22 16:27:18
10
(𝐌𝐲𝐋𝐢𝐠𝐡𝐭)အလင်းရောင်လေး :
ကောင်းရာဘုံရောက်ပါစေ💞💞💞💞💞
2026-08-23 00:55:20
6
ချစ်ချစ်ချစ် :
မိုးဖွဲလေးနဲ့အတူထွတ်သွားခဲ့ပြီ
2026-08-22 17:07:39
12
Lay Lay Zaw :
သွားလာလှုပ်ရှားတာ စမတ်ကျသော အဆိုတော်ကြီး ခုတော့လဲ လွမ်းရပြန်ပီပေါ့
2026-08-22 22:16:18
5
Htay Htay Yee :
ဘာရောဂါနဲ့ဆုံးသွားတာလဲရှင့်။
2026-08-22 16:40:03
10
♥️❤️ OO MYAT ❤️❤️🇲🇲 :
သီချင်းထဲမှာ ကိုညီက ချစ်ရသူမိုးစိုမှာစိုးလို့ ထီးကလေးမိုးပေးမယ်တဲ့။ ချစ်ရသူလေးကြောက်နေမှာစိုးလို့ လက်ကလေးထွေးပွေ့ပေးထားမယ်တဲ့..........
ကိုညီ့ ကိုကျတော့ဘယ်သူက အဲ့လိုလုပ်ပေးမှာလဲ ဗျာ 😭😭😭😭😭😭
2026-08-22 16:44:13
30
shwemyintmho :
RIP
မိသားစုနဲ့ထပ်တူဝမ်းနည်းပါတယ်
2026-08-22 16:00:56
6
Aung Hlwan Moe :
ဦးကိုင်ဇာ ကောင်းရာဘုံဘဝ ရောက်ရှိပါစေ....
2026-08-22 16:43:41
5
Ko Toe Gyi :
မနှောက်ရဘူးနော်။ယြာတရာချေသာပဲဖြစ်ပါစေ
2026-08-22 14:46:10
6
YuYuMin23 :
ဂရုဏာသံအပြည့်နဲ့ ဘာသီချင်းလေးဆိုဆိုအရမ်းကောင်းတာ မိုးရွာရင်မိုးရေချိုးမယ် ငယ်ငယ်က ဆိုခဲ့ဘူးသောသီချင်းလေး ရဲ့အဆိုရှင်ကြီး အေးချမ်းရာဘဝရောက်ရှိပါစေ😢
2026-08-22 16:42:24
5
war war :
ဦးရယ်သီချင်းအတိုင်းမိုးတွင်းကြီးဆုံးသွားရတယ်ဦးရဲ့အုတ်ဂူနံဘေးမှာထီးဆောင်းပေမယ့်သူရော😔😔😔😔😔😔အရမ်းကြိုက်ရတဲ့အဆိုတော်တဦးကြွေလွင့်ပြန်ပြီ
2026-08-23 00:39:00
5
th. th :
ထက်တူခံစားရပါတယ်ဖျ🙏🙏🙏
2026-08-23 00:53:12
3
To see more videos from user @kotheinmg877, please go to the Tikwm
homepage.