@sawsithuhein4: စစ်ပွဲထဲကနေ ထွက်လာတာ တစ်နှစ်နီးပါးရှိပြီ။ လူတွေကတော့ “အခု အေးအေးဆေးဆေး နေနိုင်ပြီပေါ့” လို့ ပြောကြတယ်။ ဟုတ်တယ်… အပြင်မှာတော့ ငြိမ်းချမ်းနေပြီ။ ဒါပေမယ့် ငါ့ခေါင်းထဲမှာတော့ စစ်ပွဲက မပြီးသေးဘူး။ ညရောက်ရင် အိပ်မပျော်ဘူး။ မျက်လုံးမှိတ်လိုက်တာနဲ့ အရင်ကအသံတွေ ပြန်ကြားရတယ်။ တစ်ခါတလေ ငါ ပြန်မသွားချင်ဘူးလို့ တွေးတယ်။ နောက်တစ်ခါကျတော့ “ဘာလို့ ပြန်မသွားတာလဲ” လို့ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။ ထူးဆန်းတယ်။ ငါမုန်းခဲ့တဲ့နေရာကို ငါပြန်လွမ်းနေမိတယ်။ ငါအသက်ရှင်ဖို့ ကြောက်ခဲ့တဲ့နေရာကို ငါ့စိတ်က ပြန်ရှာနေတယ်။ အပြင်လောကထဲ ရောက်လာတဲ့အခါ လူတွေက သူတို့ဘဝကို ဆက်နေကြတယ်။ အလုပ်သွားတယ်။ အိမ်ပြန်တယ်။ ရယ်တယ်။ စားတယ်။ အိပ်တယ်။ ငါကတော့… ဘာလုပ်ရမှန်း မသိဘူး။ ငါ့ဘဝရဲ့ ငါးနှစ်လောက်ကို စစ်ပွဲထဲမှာ ထားခဲ့ပြီးပြီ။ အခု ငါ့ကိုယ်ငါ ပြန်ရှာနေရတယ်။ တစ်ခါတလေ ငါ စစ်သားတစ်ယောက်ဖြစ်ခဲ့တာကို လွမ်းတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ငါဘာလုပ်ရမလဲဆိုတာ သိခဲ့တယ်။ ဘယ်သူ့ဘေးမှာ ရပ်ရမလဲ သိခဲ့တယ်။ ဘယ်အရာကို ကာကွယ်ရမလဲ သိခဲ့တယ်။ မနက်ဖြန်အတွက် ဘာကြောင့် အသက်ရှင်ရမလဲဆိုတာတောင် သိခဲ့တယ်။ အခုတော့ ငါ့ရှေ့မှာ လမ်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဘယ်လမ်းကို လျှောက်ရမလဲ မသိဘူး။ ဒါကြောင့်ပဲ ဖြစ်မယ်… စစ်ပွဲထဲကို မပြန်ချင်ဘူး။ ဒါပေမယ့် စစ်ပွဲထဲကို ပြန်သွားချင်နေတယ်။ တကယ်တော့ ငါလွမ်းနေတာ စစ်ပွဲကို မဟုတ်ဘူးထင်တယ်။ ငါလွမ်းနေတာက— အဲဒီအချိန်က ငါ့ကိုယ်ငါ။ အခု ငါက အသက်ရှင်ကျန်ခဲ့တဲ့လူတစ်ယောက်ပဲ။ ဒါပေမယ့် ဘယ်လိုဆက်အသက်ရှင်ရမလဲဆိုတာကိုတော့ မသိတော့ဘူး #crdမူရင်းစာသား

Si Thu
Si Thu
Open In TikTok:
Region: TH
Saturday 22 August 2026 14:38:24 GMT
84710
4588
50
158

Music

Download

Comments

pz46228
PizzaPrime :
မင်းတို့ပြောပြောနေတဲ့ နှစ်ဖက်လူတွေကိုငါကမလိုချင်တော့ဘူးကွ အေးအေးငါက အေးအေးချမ်းချမ်းပဲနေချင်တော့တာ💔
2026-08-24 08:12:51
13
aung.khing.soe24
Aung Khing Soe :
အဲ့နေရာလေးအဲ့ဒီလူတွေနဲ့ပြန်တွေ့ချင်မိတယ်သူငယ်ချင်ရာ🥺
2026-08-24 07:14:22
4
sergioheinkhant0
SERGIO. :
ပြန်ယူတင်မယ်နော်…#CRDပါဗျား။
2026-08-24 11:18:54
4
explosive44
MYO MIN AUNG :
ကူးယူပရစေဗျာ😔
2026-08-24 07:05:22
0
naing.naing.aung678
Naing Naing Aung :
အချစ်နဲ့ စစ်ကိုဘယ်နည်းနဲ့မှမသက်မိစေနဲ့တဲ့bro ရုံးထွက်ရခက်လိုတဲ့😌
2026-08-24 11:06:18
3
mgcxangnge
MG Cxang Nge :
စာသားcopy ယူလို့ရလားbroတိုက်ဆိုင်မှု့ကြီးကလဲကြိုတင်ပြင်ဆင်ထားသလားကွာ🥺
2026-08-24 01:25:21
1
htunminnaung1
Htun Min Naung☑ :
စာကို ဆုံးအောင်ဖတ်ခဲ့ပါတယ်ဗျာ ပျော်ရွှင်ရမယ့် ဘဝကိုပိုင်ဆိုင်နိုင်ပါစေဗျာ😍
2026-08-24 14:43:10
2
saw.shine.htet.my8
♈ယမကတခွင်ပြဲ"စင်မဝါဝါရဲ့လင်🍀 :
အခု ထပ်တူ ကျတယ်ဗျာ ဘယ်လို ရုံးထွက် ရမလဲ စိတ်တွေ ထွေးတယ် ရှုပ်တယ်
2026-08-23 17:05:01
0
nyinyiaung5667
Nyi Nyi Aung :
တချို့ရက်တွေ အိပ်မယ်ဆိုမျက်စိမှိတ်လိုက်တိုင်းအကုန်အစကနေပြန်မြင်နေရတယ် ဘာကိုမှအဆင်ပြေမနေဘူး ၂၂ထဲကနေ၂၅ထိဗျာ အဲ့နှစ်အပိုင်းခြားရဲ့အရာအားလုံးကပြန်ပြီးတခုချင်းစီပေါ်လာတာ တကယ်အဆင်မပြေနေပါဘူးဗျာ ပြီးတော့တကယ်လမ်းပျောက်တယ်
2026-08-24 16:54:29
0
blay2009zho
u lay gyi :
တကယ် အာ့လိုပဲ ၁၆နှစ်ထဲ ကရောက်ခဲ့တဲ့ နေရာ ခု၃၂ နှစ် ပြန်သွား ရမလားဆိုပီး တွေဝေနေပေမဲ့ မသွားချင်ဘူး မသွား ပဲနေရာမလားဆိုတော့လဲ လွမ်းနေမိပြန်တယ်
2026-08-24 04:11:19
1
jokej08
Joke :
စစ်သားဘဝကနေ ထွက်လာလို့ ရတယ်ဆိုတော့ သေချာတယ် အမှန်တရားရဲ့ရဲတော် ေတွပဲ ဖြစ်မယ်♥️
2026-08-24 15:54:25
0
mankyauk
Man Kyauk :
ဘဝတူမို့နားလည်တယ်ဗျာ အ့ဒီခံစားချက်ကြီးကို အိပ်မပျော်တဲ့ညတွေ လက်ချိုးရေတွက်လို့မရနိုင်တဲ့ အမှောင်ညတွေ🤡
2026-08-24 13:54:16
0
khant.khant.7
Xenon :
ဖိုင်တင်းအကိုတို့ယေ
2026-08-24 13:52:35
0
ybyz02
👑Ko. Toe👑🖤🥴 :
🥰လုပ်ပေးနိုင်သလောက် လုပ်ပေးပြီပြီပဲ တာဝန်ကို အသက်နက် လောင်းကြေးထက်ပြီး လောင်းခဲ့တာတောင် ရေပေါ်စီတေမလုပ်နိုင်တာကို ကိုယ်တိုင်လုပ်ပြီပြီမို့ သူတို့တေလက်သူံးစကားကို နားမရောင်ပဲနက် ဘဝကို အနာဂတ်ရှာဖွေချိန်ရောက်ပိ ☺
2026-08-24 14:04:32
0
ye_thura_475
🌀ⓎⒺⓉⒽⓊⓇⒶ🌀 :
(ငါမုန်းခဲ့တဲ့နေရာကို ငါပြန်လွမ်းနေမိတယ်။ ငါအသက်ရှင်ဖို့ ကြောက်ခဲ့တဲ့နေရာကို ငါ့စိတ်က ပြန်ရှာနေတယ်) ၊အဲ့စကားလေးကမှန်တယ်ဗျာ ၊အခုချိန်ထိကို ပြန်သတိရနေတုန်းပဲဗျ
2026-08-24 12:22:52
0
aung.ko.ko0983
O akar aung :
[စတစ်ကာ]
2026-08-23 07:36:53
0
mgcxangnge
MG Cxang Nge :
စာသားချပေးပါလားbro
2026-08-24 01:27:34
0
jo.lay1108
Jo lay11 :
အတူတူပဲ😌
2026-08-24 10:12:46
0
user056837587
Naing. lin. Htet :
အတူတူပါဘဲ
2026-08-24 09:36:40
0
tun..lin.aung1
Tun. Lin Aung :
တစ်ခါစစ်သာဖြစ်ရင်အမြဲတန်းဘဲစစ်သားဖြစ်ခဲ့တယ်...ကျုပ်လည်းထွက်ခဲ့ပိ.. မိသားစုတစ်စုကြောင့်....ကျုပ်ရင်မှာတော့စစ်သားဘဲနောက်လည်းစစ်သားအခုလည်းစစ်သား....သစ္စာတရားလေးချက်ကိုကြားလိုက်တိုင်းအမြဲလေးပြုမိတယ်...🥰🥰😘
2026-08-24 14:30:07
0
user508350304
Thant Zin🖤💨🇲🇲 :
စစ်ပွဲကြီးတွေဖြစ်မဲ့အစား မြန်မာတိုင်ရင်းသားရိုးရာ ပွဲကြီးတွေပဲဖြစ်စေချင်တယ်ဗျာ🍂🍂
2026-08-24 15:17:51
0
user1982733740677
F'I'R'E'___ :
ရင်ဘတ်တွေလဲ နာရပါတယ်ကွာ🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺
2026-08-24 10:06:47
0
To see more videos from user @sawsithuhein4, please go to the Tikwm homepage.

Other Videos


About