@ko.nine193: #သူ့ကို တန်ဖိုးထားမိတဲ့ အချိန်တိုင်းမှာ ကိုယ်က အမြဲတမ်း အလျှော့ပေးခဲ့ရတယ်။ စိတ်ဆိုးစိတ်ကောက်ပြေဖို့ထက် စိတ်ခုလာတဲ့အခါ ညဘက်တွေမှာ မျက်လုံးကြောင်ပြီး အိပ်မပျော်တတ်တာ၊ တွေးပြီး ရင်ထဲမွန်းကြပ်နေတတ်တာတွေကို သူ အသိဆုံးပါ။ အဲဒီလို ခံစားရချိန်မျိုးမှာ ကိုယ်က ဘယ်လောက်ထိ အားငယ်တတ်လဲ၊ ဘယ်လောက်အထိ အငိုသန်လဲဆိုတာကိုလည်း သူ ကောင်းကောင်းသိပြီးသားပါ။ ဒါပေမဲ့... အဲဒီအချက်တွေအားလုံးကို လက်တွေ့သိနေပါလျက်နဲ့ သူက ဘာမှမဖြစ်သလို နေပြတယ်။ အရေးမစိုက်ဘဲ လျစ်လျူရှုပစ်တတ်တယ်။ ကိုယ့်ရဲ့မျက်ရည်တွေ၊ ကိုယ့်ရဲ့ညတွေက သူ့အတွက် ဘာမှမဟုတ်သလို ဖြစ်သွားတဲ့အခါ... ရင်ထဲမှာ နာကျင်ရတာထက် ပိုပြီး ပင်ပန်းလာတာက မျှော်လင့်ချက်တွေပါပဲ။ သိပ်ချစ်ရတဲ့သူဆီကနေ နားလည်မှုနဲ့ နှစ်သိမ့်မှုကို လိုချင်မိတာက အပြစ်တစ်ခုတော့ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ ကိုယ်လိုချင်တဲ့ အနွေးဓာတ်အစား အေးစက်မှုတွေနဲ့သာ တုံ့ပြန်ခံရတဲ့အခါမှာတော့ တောင်းဆိုနေဖို့တွေ, ဂျီကျနေဖို့တွေ အားမရှိတော့ပါဘူး။ ဒီလိုနဲ့ပဲ... တောင်းဆိုလို့မရမှန်း သိလာတဲ့အခါ၊ မျှော်လင့်လို့မရတော့ဘူးဆိုတာ သဘောပေါက်လာတဲ့အခါ... ကိုယ့်မျက်ရည် ကိုယ်သုတ်ပြီး နေတတ်အောင် ကြိုးစားလိုက်ပါတော့တယ်။#ကော့သောင်းသား💫💕 #fypပေါ်ရောက်စမ်း😒👊🏻မရောက်လည်းနေ🥴
ကိုဈေးဗန်း🤪🙊
Region: MM
Saturday 22 August 2026 14:43:43 GMT
Music
Download
Comments
Thae Ei👸Mon🌞💃 :
သူပြောတဲ့စကားကို မကြိုက်လို့ ဝမ်းနည်းပြီးငိုမိတာကိုသူ့ကိုလာပြီး မျက်ရည်စမ်းစမ်း နဲ့ လုပ်မပြနဲ့ တဲ့လေ [Sad]
2026-10-04 02:49:50
4
Watermelon 🍉🍉 :
အခုခံစားချက်နဲ့တူလို့ပြန်တင်မယ်နော်🥺🥺
2026-10-04 09:41:34
1
🌸SAKURA🌸 :
အကုန်သူသိတယ်ခက်တာကငါတစ်ဖက်လှည့်ရုံရှိသေးသူအိပ်ပျော်သွားပီ🤧🤧
2026-10-04 00:03:41
1
🍑ကိုကြီးရဲ့ခလေးလေး🍑(Ingyin) :
စားသားလေးပေးပါလား
2026-10-03 09:52:33
2
Yuki :
စာသားလေးပေးပ့လား
2026-10-04 08:05:30
1
Chit Hnin Phyu🤍 :
တစ်ခုခုဆို မျက်ရည်လွယ်မှန်း သူကောင်းကောင်းသိတာပေါ့ ဒါမဲ့.... သူအမြဲတမ်း အိပ်စက်ခြင်းကိုပက် ရွေးချယ်ခဲ့တယ်☺☺
2026-10-08 15:03:41
1
🦋🦋🦋 :
စာသားလေးပေးပါလား
2026-10-04 11:35:06
1
Shwe Zin :
စာလေးcopyချပေးပါလား🥺
2026-10-04 02:02:53
1
t :
စာသားလေးယူသုံးလို့ရလား
2026-10-04 17:23:24
1
"🐷🐷Wai🐷🐷" :
စာသားလေးပြန်ယူသုံးမယ်နော်🥺
2026-10-04 00:19:58
1
@T Bhone Myat11 :
နေတက်အောင်နေချင်ပေမဲ့ သူမရှိရင်မနေနိုင်ဘူးဆိုတဲ့အတွေးကဝင်လာတယ်😓
2026-10-04 05:39:55
1
🚭ŁǻŷĽįǻ🔞(မိုးညိုသူ)🔞🚭 :
တခုခုဆိုအငိုသန်တာလဲသူသိတရ် 😟😟
2026-10-04 11:40:57
1
Putu💜💜♉ :
[Teary eyed][Teary eyed]တချိန်ကကိုယ်လဲအဲ့လိုခံစားခဲ့ရဘူးတယ်
2026-10-04 01:02:13
1
ရုပ်ဆိုးဆိုးနဲ့ကောင်လေး :
စာသားလေးယူသုံးပီနော်[Heartwarming]
2026-10-04 05:19:07
1
🍀Snow🍀 :
စာသားလေးယူသုံးပါရစေရှင့်🥰
2026-10-03 06:55:36
1
🌹🌿💐KyuKyuThin 💐🌿🌹 :
ဒို့လဲနေတက်အောင်ကြိုးစားနေပါပီ🥺
2026-09-26 12:40:48
1
😘😍Lovelyn😍 :
😥သူ သိတယ်
2026-10-04 16:58:03
1
😘@#မှုံကြီး#@သာယာဝတီသူလေပါ😘 :
ခုတော့တော်တော်နေတက်နေပါပြီ😭
2026-08-23 10:50:42
1
🇲🇾𝓣𝓱𝓾𝔂𝓪🇲🇲 :
copy လေးယူလို့ရမလား
2026-10-03 06:38:03
1
@.🇲🇲Kyaw thu ya 💝@sar Oo❤ :
မပျော်တော့ဘူ
2026-08-22 15:48:08
1
Hnin Hnin :
ကျမကိုများ တည့်တည့်လာပြောနေတာလား🥺
2026-09-14 15:16:17
1
Aries♈️🌸 :
ကိုယ်ကဘဲနေတတ်အောင်နေလိုက်တော့တာပါဘဲရှင့်🥺
2026-08-22 19:15:36
1
🍀Mî Sû🍀💙💙 :
စာသားလေးပြန်ယူတင်ခွင့်ပေးပါနော်🙂
အခုလက်ရှိဖစ်နေတာနဲ့တူနေလို့ပါ🥹🥹
2026-10-03 11:12:26
1
🔒🔑No Love🥴 :
သေချာတာပေါ့ရှင်တကယ်ချစ်ပေးတဲ့လူနဲ့မချစ်တဲ့လူကကွာတယ်လေ🫥🙂↕️
2026-10-09 11:23:13
0
@khine :
တဖြေးဖြေးနဲ့နေသားကျလာမှာပါ🥺
2026-08-27 01:57:03
1
To see more videos from user @ko.nine193, please go to the Tikwm
homepage.