@aungthikedi: မိလိန္ဒမင်းကြီးက အရှင်ဘုရား- နိဗ္ဗာန်ဟာ ရှိနှင့်တယ်ဆိုရင်လည်း ရှေးကလူတွေ တွေ့ဖို့ကောင်းတယ် ရှိဆဲဆိုရင်လည်း အခုလူတွေ တွေ့ဖို့ကောင်းတယ်၊ စောင့်နေတယ်ဆိုရင်လည်း တပည့်တော်တို့ ဘယ်အချိန်သွားသွား ရတာပဲဆိုပြီး နေလို့ရတယ် ဒီတော့ နိဗ္ဗာန်ဟာ ဘယ်လိုရှိပါသလဲဘုရားလို့ အရှင်နာဂသိန်ကို မေးလိုက်တယ် ဒီတော့- အရှင်နာဂသိန်က- ဘယ်ကာလမှာမှ မရှိဘူးတဲ့ အတိတ်မှာလည်း~ မရှိဘူး ပစ္စုပ္ပန်မှာလည်း~ မရှိဘူး အနာဂတ်မှာလည်း~ မရှိဘူး ဒါဖြင့် နိဗ္ဗာန်မရှိဘူးလို့ ယူရမှာလားဘုရာ ရှိပါတယ်၊ ဥပမာအားဖြင့် ဝါးလုံးနှစ်လုံးပွတ်ရာမှာ ~ မပွတ်ခင်က~ ဝါးလုံးထဲမှာ မီးမရှိဘူး။ တကယ်တမ်း ပွတ်လိုက်တော့~ မီးထွက်လာတာဟာ... ဘယ်က မီးလဲဆိုရင်~ ဝါးထဲကပဲ ထွက်တဲ့ မီးလို့ဆိုရမယ်။ မီးဟာ- အရင် ရှိနှင့်တာလားဆိုရင်လဲ~ မဟုတ်ဘူး၊ ပွတ်ဆဲ ရှိတာလားဆိုရင်လဲ ~ မဟုတ်ဘူး၊ ရှိလတ္တံ့လား ဆိုရင်လဲ~ မဟုတ်ဘူး။ ဒီအတိုင်းပဲ- နိဗ္ဗာန်ဟာ... ကာလသုံးပါးမှ လွတ်တယ်၊ ဘယ်ကာလမှာမှ မရှိဘူး။ နိဗ္ဗာန်ဟာ... မရှိဘူးလားဆိုရင်~ အနိစ္စ ဒုက္ခ အနတ္တ ဒီတရားသုံးပါးနဲ့ ဝိပဿနာဉာဏ်နဲ့ ပွတ်ပေးလိုက်ရင်~ ဝါးနှစ်လုံးပွတ်တော့ မီးထွက်သလို နိဗ္ဗာန် ထွက်လာတယ်တဲ့။ ဒါဖြင့်- ဘယ်ကာလမှာ ရှိသလဲဆိုရင်~ ဘယ်ကာလမှာမှ မရှိဘူး။ ပွတ်တဲ့ပုဂ္ဂိုလ်မှာတော့~ ရှိတယ်။ ဝိပဿနာအလုပ် လုပ်တဲ့ ပုဂ္ဂိုလ်မှာ~ နိဗ္ဗာန်ရှိတယ်၊ မလုပ်တဲ့ပုဂ္ဂိုလ်မှာ ~မရှိဘူးလို့ မှတ်လိုက်ပါ။ ဒီအတိုင်းပဲ- ခန္ဓာရဲ့ဖြစ်ပျက်ကို ကိုယ့်ဉာဏ် မဂ်နဲ့ ကြပ်ကြပ်ပွတ်ပေးပါ။ ဝေဒနာက္ခန္ဓာမှာ ဖြစ်ဖြစ်၊ ဝိညာဏက္ခန္ဓာမှာ ဖြစ်ဖြစ်... ဉာဏ်နဲ့သာ ပွတ်ပေး။ အနိစ္စဉာဏ်နဲ့ ပွတ်ပေး၊ ဒုက္ခဉာဏ်နဲ့ပွတ်ပေး၊ အနတ္တဉာဏ်နဲ့ ပွတ်ပေး။ ဒီလိုပွတ်ပေးလိုက်ရင်- မီးနဲ့ တူတဲ့ နိဗ္ဗာန်ဟာ~ အနိစ္စအဆုံးမှာ နိစ္စနိဗ္ဗာန်၊ ဒုက္ခအဆုံးမှာ သုခနိဗ္ဗာန်၊ အနတ္တအဆုံးမှာ အတ္တနိဗ္ဗာန်ဆိုတာ ပေါ်လာမှာပဲ-တဲ့။ ဝါးနှဈလုံးပှတျရာမှာ- မပွတ်ခင်က ဘယ်ဝါးမှာမှ~ မီးရှိနေတာ မဟုတ်ပါဘူး၊ ပွတ်တိုက်ခြင်း လုံ့လပယောဂကြောင့် သာလျှင်... မီးထွက်လာရသလို~ ခန္ဓာကို- အနိစ္စတရားနဲ့ ရှု၊ ၀ိပူနာ ဥာဏ်တရားနဲ့ လုံ့လစိုက် ပွတ်တိုက်ပေးလိုက်ပါ။ မီးနဲ့တူတဲ့ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ ဒါကြောင့် - နိဗ္ဗာန်ဟာ~ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ ~ ရထိုက်တယ်၊ အားမထုတ်တဲ့ပုဂ္ဂိုလ်မှာ ~ မရထိုက်ဘူး။ နိဗ္ဗာန်မရှိဘူးလားမေးရင်တော့- ရှိတယ်။ ဘယ်လိုနည်းနဲ့ နိဗ္ဗာန်ပေါ်လာအောင် လုပ်ရပါလိမ့်မလဲဆိုရင်တော့- ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ပေးရမယ်။ ဖြစ်ပျက်နဲ့ မဂ် တိုက်ပေးရမယ်။ မနောထဲက ဉာဏ်နဲ့ ခန္ဓာနဲ့ တိုက်ပေးရမယ်။ ၀စီကံနဲ့ ဆုတောင်းနေတာဟာဖြင့် - ဝေးသောအကြောင်းသာ ဖြစ်ပါလိမ့်မယ်။ မနောကံနဲ့ ပွတ်တိုက်ပေးလိုက်ရင်တော့- အင်မတန်နီးသောအကြောင်းဖြစ်လို့ အားစိုက်လိုက်ရင် မီးပွင့်လာမှာ အမှန်ပါပဲ။ ဒါဖြင့်-နိဗ္ဗာန်ဟာ~ လူတိုင်းမှာ ရှိသလားဆိုရင်လဲ - မရှိပါဘူး။ အနိစ္စနဲ့ မဂ္ဂ တိုက်နေတဲ့ ပုဂ္ဂိုလ်မှာတော့. ~ ရှိတယ်။ မတိုက်နေတဲ့ ပုဂ္ဂိုလ်မှာတော့ ~ မရှိဘူး။ နိဗ္ဗာန်ဟာ~ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ယူရပါတယ်။ ခန္ဓာက~ ဖြစ်ပျက်၊ ဉာဏ်က~ မဂ် မခွဲစေနဲ့။ ခန္ဓာ~ဖြစ်ပျက်၊ ဉာဏ်~မဂ်နဲ့ မခွဲကြလို့ရှိရင်ဖြင့်- ခန္ဓာ ~ဖြစ်ပျက်လည်း ဆုံးပါရော- ဥာဏ်~မဂ်ဆိုက်ပြီး မီးပွင့်ကြမှာ အမှန်ပါပဲ။ ဝါးနှစ်လုံးပွတ်တိုက်လိုက်တော့- ပွတ်ဖန်များသဖြင့် မီးထွက်ရသလို~ အနိစ္စနဲ့ မဂ္ဂ ~ကြပ်ကြပ်တိုက်ပေးပါ။ အနိစ္စနဲ့ မဂ္ဂ မတိုက်ရင်~ကိလေသာရှိနေလို့ မီးနဲ့ တူတဲ့ နိဗ္ဗာန်က ထွက်မလာနိုင်ဘူး။ တိုက်ဖန်များတော့ ကိလေသာက ပါးပါး,ပါးပါး သွားလို့ ကိလေသာ ဝေးတဲ့အချိန် နိဗ္ဗာန်တည်းဟူသော မီးဟာ ထွက်လာရတယ် ဘာကြောင့် နိဗ္ဗာန်မထွက်တာလဲ ဆိုရင်တော့- ကိလေသာ မဝေးသေး ၊ ပွတ်တိုက်မှု နှေးသေးလို့ပဲ ဒါကြောင့် အနိစ္စနဲ့ မဂ္ဂ မတိုက်ရင်~ ရကို မရဘူးလို့သာ မှတ်လိုက်ပါ ဘာကြောင့်လဲဆိုရင် ကိလေသာကို~ မဂ်ကမှ ဖြတ်နိုင်တာ။ ရှေ့က - အနိစ္စ မြင်တာက- မဂ္ဂ မဂ်၀င်တော့~ ပဋိစ္စသမုပ္ပါဒ်ရှေ့ဆက်လို့ မရတော့ဘူး ရှုစရာသာ ပေါ်လာလို့- ရှုပ်ထွေးတဲ့ ကိလေသာ လာခွင့်မရတော့ဘဲ ဝေးသွားတယ် ကိလေသာ ဝေးတဲ့အခါ ဖြစ်ပျက်အဆုံးမှာ တိုက်ဖန်များတော့ မီးထွက်လာရသလို~ နိဗ္ဗာန်ဟာ ပေါ်ထွက်လာတာပဲတဲ့။ ကြပ်ကြပ်တိုက်ပါ များရင် မီးထွက်ကို ထွက်ရသလို... ကြပ်ကြပ်သာ ရှုလို့ရှိရင် ကိလေသာ ဝေးသည်ထက် ဝေးပြီး ကိလေသာကုန်ခမ်းသွားရာ နိဗ္ဗာန်ကို ရကို ရမယ်လို့ ယုံကြည်ထားလိုက်ပါ။ #မိုးကုတ်ဆရာတော်ဘုရားကြီး #tiktok
အောင်သိဒ္ဓိဓမ္မရိပ်သာ(၈၀၀)
Region: MM
Saturday 22 August 2026 23:38:53 GMT
Music
Download
Comments
lulu78655 :
မန်လှပါဘုရား
2026-08-23 09:13:10
2
novembernovember943 :
ကောင်းလိုက်တဲ့တရားနှလုံးသားထဲစ္စဲကျန်ခဲ့....
2026-08-24 03:03:58
2
U Take Kha :
သာဓုသာဓုသာဓုပါဘုရား
2026-08-23 04:20:46
2
May Than Nu :
good
2026-08-23 13:54:47
1
user80130681568746 :
🍀🌹🙏🙏🙏🙏🙏🌹🍀မှန်လှပါဘုရား
2026-08-24 11:36:29
1
U- သန်းထိုက်(ဗမာ) :
[Photo] မင်္ဂလာပါ သာဓုသာဓုသာဓုပါဘုရား 🙏🙏🙏
2026-08-24 06:30:59
1
uku mara 969969 :
သာဓုသာဓုသာဓု
2026-08-24 03:51:04
1
Daw Mya Thu Zar :
🙏
2026-08-28 01:37:27
1
Khin Yu May :
သာဓုသာဓုသာဓုပါဘုရား
2026-08-26 23:03:16
1
DawWin :
🙏
2026-08-23 03:42:17
1
ဆရာမင်းသီလ (အယူတော်မဂ်လာခြံ) :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-08-26 11:14:18
1
Aye New :
🙏🙏
2026-08-26 17:09:38
1
U Myo Aung :
🙏
2026-08-23 03:16:28
1
ya min 🥰🥰 :
🙏🙏🙏
2026-08-25 08:46:16
1
PannYaHell*** :
🙏🙏🙏🙏🙏
2026-09-04 13:44:42
1
ယုဝတီ :
2026-08-27 13:08:23
1
Diamond :
တင်ပါ့ဘုရား
2026-08-24 09:59:33
2
To see more videos from user @aungthikedi, please go to the Tikwm
homepage.