@zayartbz7news: ဝက်လက်တွင် စစ်တပ်သင်္ဘောအုပ်စု ဆန်တက်လာစဉ် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ခေါင်းပြတ်သေဆုံးပြီး ၂ ဦး ဒဏ်ရာရ၊ စစ်သင်္ဘောပေါ်မှ စက်လက်များဖြင့် မြစ်ကမ်း တစ်လျှောက်ကို ဆက်လက် ပစ်ခတ်နေ ရန်ကုန်၊ ဩဂုတ် ၂၂ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် အကြမ်းဖက် စစ်တပ် သင်္ဘောအုပ်စု ဆန်တက်လာစဉ် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ခေါင်းပြတ်သေဆုံးပြီး ၂ ဦး ဒဏ်ရာရကာ စစ်သင်္ဘောပေါ်မှ စက်လက်များဖြင့် မြစ်ကမ်း တစ်လျှောက်ကို ဆက်လက် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၂၁ ရက်နေ့ နံနက်အစောပိုင်းမှ စတင်၍ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ တိုက်ခိုက်ရေး စစ်သင်္ဘော ၂ စီး၊ ဖလပ် ၄ စီးနှင့် တွဲတွန်းသင်္ဘော ၈ စီး ထွက်ခွာလာပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ထိုစစ်သင်္ဘောအုပ်စုသည် မတ္တရာမြို့နယ်အတွင်း ဝင်ရောက်လာချိန်မှ စတင်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မြစ်ကြောင်း တစ်လျှောက် ရမ်သန်းပစ်ခတ် နေခြင်းဖြစ်ကြောင်း သိရသည်။ ထိုရေယာဉ် အုပ်စုသည် ယမန်နေ့ ညပိုင်းက ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာအနီး ညအိပ်ခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နံနက်အစောပိုင်း ၅ နာရီခန့်မှ စတင်ကာ အထက်သို့ ထပ်မံ ဆန်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ယင်း သင်္ဘောအုပ်စု ဆန်တက်လာစဉ် ယနေ့ နံနက်ပိုင်းတွင် တံတားဦးလေတပ်မှ တက်လာသည့် ကင်းထောက်လေယာဉ် တစ်စီးနှင့် Y-12 လေယာဉ် တစ်စီးတို့က ပျံဝဲကင်းလှည့်ကာ ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာအတွင်းသို့ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ်းဖြူကျေးရွာတွင်နေထိုင်သော ပြည်သူတစ်ဦးဖြစ်သည့် ကိုဆန်းထက်အောင် သည် ဗုံးစထိမှန်ခဲ့ပြီး ဦးခေါင်းပြတ်ထွက်ကာ နေရာတွင်ပင် သေဆုံးခဲ့ရပြီး ဒေသပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ လက်ရှိတွင် စစ်တပ်၏ ရှေ့ပြေး သင်္ဘော ၃ စီးမှာ စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်း ကြက်တူရွေးရွာအနီးသို့ ရောက်ရှိကာ အတန်းလိုက် ဆန်တက်နေပြီး သင်္ဘောများပေါ်မှလည်း စက်လက်များဖြင့် မြစ်ကမ်းဘေးသို့ တောက်လျှောက် ရမ်းသန်းပစ်ခတ်လျက်ရှိသည်။ ထို့အပြင် ကင်းထောက် လေယာဉ်များလည်း ဆက်တိုက် ပျံဝဲနေဆဲ ဖြစ်ကြောင်း သိရသည်။ "ဒီနေ့ မနက် ၅ နာရီလောက်မှာ အထက်ကို ဆန်တက်လာတဲ့ စစ်ခွေး သင်္ဘောအုပ်စုက ထက်ပြီးတော့ ဆန်တက်လာတယ်။ အဲ့လိုဆန်တက်လာတဲ့ အချိန်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ကင်းထောက် လေယာဉ် ၁ စီးနဲ့ Y-12 ၁ စီးတက်လာပြီးတော့ ကင်းလှည့်ပတ်ပြီးတော့ ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာထဲကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်။ လေကြောင်း တိုက်ခိုက်တာ ကမ်းဖြူရွာထဲမှာရှိတဲ့ ပြည်သူ ၁ ဦး ဆန်းထက်အောင် သေဆုံးပြီး ၂ ဦးဒဏ်ရာရတယ်။ သေသွားတဲ့သူက ခေါင်းပြတ်ပြီးသေဆုံးသွားတာပါ။ သင်္ဘောတွေကနေ စက်လက်တွေနဲ့က တောက်လျောက်ကို ရမ်းသန်းပစ်ခတ် နေတယ်။ ကင်းထောက်လေယာဉ်တွေလည်း ဆက်တိုက် ပျံဝဲနေတုန်းပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ သို့ဖြစ်ပါ၍ မြစ်ကြောင်းအတိုင်း စစ်ကောင်စီ သင်္ဘောများ ဆန်တက်လာနေသဖြင့် အထက်ပိုင်းရှိ မြစ်ကမ်းဘေးနှင့် ကျွန်းပေါ်တွင် မှီတင်းနေထိုင်ကြသော ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီး ကျရောက်မှု အန္တရာယ်များကို အထူးသတိပြု ကြိုတင်ရှောင်ရှားကြရန် သတင်းထုတ်ပြန် အသိပေးထားသည်။@ZayarTBZ 11 News @ZayarTBZ 7.1News🍉 #ပြည်တွင်းသတင်း #မြန်မာသတင်း #ဒေသသတင်းရင်းမြစ် #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #zayartbz
ZayarTBZ 7 News
Region: TH
Sunday 23 August 2026 01:30:00 GMT
Music
Download
Comments
Arkar Yamin :
လေယာဉ်နဲ့ပစ်တိုင်းအရပ်သားတွေဘဲသေတာ ေပါ့
2026-08-23 03:52:20
2
ချစ်ချစ် :
♥️♥️♥️
2026-08-23 01:35:18
1
Zin Mar Soe :
😳😳😳
2026-08-23 02:20:19
0
user31507160835611 :
❤❤❤❤❤❤❤❤❤
2026-08-23 01:37:45
0
သားသားရဲ႕ေမေမ :
😳😳😳
2026-08-23 06:44:35
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.