@momandbaby199: (မိခင်များအတွက် လမ်းညွှန်) 🤱🏻🤱🏻🤱🏻🤱🏻🤱🏻🤱🏻 ၁။ ရင်းနှီးကျွမ်းဝင်မှုနှင့် နို့တိုက်ကျွေးခြင်း 🌺 နီးကပ်စွာထားပါ:🌺 ကလေးကို မိခင်နှင့်တစ်အိပ်ရာတည်းဖြစ်စေ၊ ကုတင်အနီး ပုခက်ဖြင့်ဖြစ်စေ အတူထားပါ။ ၎င်းသည် မိခင်နှင့်ကလေး Bonding (သံယောဇဉ်) ကို ခိုင်မာစေပြီး ကလေးအတွက် လုံခြုံမှု၊ နွေးထွေးမှုနှင့် နို့အာဟာရကို အချိန်မရွေး ရရှိစေကာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည်။ 🌺 စောစီးစွာတိုက်ပါ🌺 🍼 ကလေးမွေးဖွားပြီး နာရီဝက်အတွင်း မိခင်နို့ စတင်တိုက်ကျွေးသင့်သည်။ 🌺 နို့ဦးရည်🌺 🍼 နို့ဦးရည်တွင် ရောဂါပိုးများကို ကာကွယ်ပေးသည့် Antibodies (ပဋိပစ္စည်း) များစွာ ပါဝင်ပါသည်။ 🌺၆ လအထိ မိခင်နို့တစ်မျိုးတည်း 🌺 🍼 အသက် ၆ လအထိ မိခင်နို့မှလွဲ၍ ရေပင် တိုက်ရန်မလိုပါ။ မိခင်နို့တွင် အာဟာရနှင့် ရေဓာတ် လုံလောက်စွာ ပါဝင်သည်။ 🌺 နို့တိုက်ချိန် 🌺 🍼 ကလေးဆာသည့်အချိန်တိုင်း (Demand feeding) အချိန်မရွေး တိုက်ကျွေးပါ။ 🌺 လေထုတ်ခြင်း 🌺 🍼နို့တိုက်ပြီးတိုင်း ကလေးကို ပခုံးပေါ်တင်ကာ လေထုတ်ပေးပါ။ ထို့နောက် ညာဘက်သို့ ခေတ္တစောင်းသိပ်ခြင်းဖြင့် Infantile colic (လေနာရောဂါ) ကို သက်သာစေပါသည်။ ၂။ အိပ်စက်ခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး 🌺 အိပ်စက်ပုံ🌺 🧸 ကလေးကို ပက်လက် (Supine) အနေအထားဖြင့် အိပ်စေပါ။ ၎င်းသည် SIDS (ကလေးရုတ်တရက် သေဆုံးခြင်း) ကို လျော့နည်းစေသည်။ 🌺 ချက်စောင့်ရှောက်မှု 🌺 🧸ချက်မကြွေမချင်း ရေမချိုးပေးသင့်ပါ။ ရေပတ်တိုက်ရုံသာ ပြုလုပ်ပါ။ ချက်ထဲသို့ မည်သည့်အရာမှ မထည့်ပါနှင့်။ ခြောက်သွေ့အောင်ထားခြင်းက အကောင်းဆုံးဖြစ်သည်။ 🌺 သန့်ရှင်းရေး🌺 🧸 နား၊ နှာခေါင်း၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံနှင့် ဒွါရကိုးပေါက်တို့ကို အထူးဂရုစိုက် သန့်ရှင်းပေးပါ။ ၃။ သဘာဝအတိုင်း ဖြစ်လေ့ရှိသော အပြောင်းအလဲများ 🌺 ဝမ်းသွားခြင်း🌺 🚽 နို့တိုက်ပြီးတိုင်း ခဏအကြာတွင် ဝမ်းသွားတတ်ခြင်းမှာ သဘာဝဖြစ်သည်။ 🌺 ဟော်မုန်းအပြောင်းအလဲ🌺 ❣ မွေးပြီး တစ်ပတ်ခန့်တွင် မိန်းကလေးငယ်များ၌ သွေးစွန်းခြင်း သို့မဟုတ် ရင်သားကြီးခြင်း ဖြစ်တတ်သည်။ ၎င်းမှာ မိခင်ထံမှ Estrogen ဟော်မုန်းကြောင့်ဖြစ်ပြီး အလိုလို ပြန်ပျောက်သွားပါမည်။ 🌺 နို့လျှံခြင်း🌺 🍼 နို့တိုက်ပြီးစတွင် နို့အနည်းငယ် ပြန်ထွက်လာခြင်း (Regurgitation) သည် ပုံမှန်ဖြစ်သည်။ သို့သော် ခဏခဏ အန်နေလျှင် (Vomiting) ဆရာဝန်ပြရန် လိုသည်။ ⚠️ ၄။ အထူးဂရုစိုက်ရမည့် အန္တရာယ်လက္ခဏာများ အောက်ပါအချက်များ ဖြစ်ပေါ်ပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပြသပါ-🏨 🌺 အသားအရောင်🌺 💙ကလေး ပြာနှမ်းလာခြင်း သို့မဟုတ် ဖြူဖတ်ဖြူရော် ဖြစ်လာခြင်း။ 💛 အသားဝါ: ၃ ရက်မှ ၅ ရက်အတွင်း အသားဝါတတ်သော်လည်း အန္တရာယ်ရှိနိုင်သဖြင့် နေပူပြရုံဖြင့် အချိန်မဆွဲဘဲ ဆေးကုသမှု ခံယူပါ။ 🌺 မျက်စိနာ🌺 👀 မွေးကင်းစ ကလေးမျက်စိနာခြင်းသည် အမြင်ကွယ်သည်အထိ ဖြစ်နိုင်သဖြင့် အထူးဂရုစိုက်ပါ။ 🌺 အဖြူဖုများ🌺 🤍ခန္ဓာကိုယ်တွင် အဖြူဖုလေးများ ပေါ်လာပါက ပိုးဝင်ခြင်း ဟုတ်မဟုတ် စစ်ဆေးပါ။ 🌺 အသက်ရှူနှုန်း🌺 ⏰ တမိနစ်လျှင် အကြိမ် ၆၀ ထက် မြန်ခြင်း သို့မဟုတ် ရင်ဘတ်ချိုင့်ဝင်ခြင်း။ 🌺 ကိုယ်အပူချိန်🌺 🌡 ဖျားခြင်း (သို့မဟုတ်) ကိုယ်အပူချိန် အလွန်အေးစက်သွားခြင်း။ 🌺 နို့စို့ပျက်ခြင်း🌺 🤱🏻 နို့စို့အားနည်းခြင်း၊ မှိန်းနေခြင်း။ 🌺 ဆီး/ဝမ်း🌺 🧻 မွေးပြီး ၂၄ နာရီအတွင်း (အကြာဆုံး ၄၈ နာရီ) ဆီး သို့မဟုတ် ဝမ်း မသွားခြင်း။ 🌺 မငိုခြင်း🌺 🧸 မွေးစတွင် မငိုခြင်း၊ ခြေလက်မလှုပ်ခြင်း (Asphyxia - မွန်းခြင်း)။ ၅။ မိခင်အတွက် အစားအစာ လမ်းညွှန်🍲🍜🥗🍝 🤱🏻 မိခင်အနေဖြင့် ငရုတ်ကောင်းပါသော ဟင်းချိုရည်၊ အလွန်ငန်သော အစားအစာများ (ငါးခြောက်၊ ငါးပိကောင်) နှင့် ဆီကြော်မုန့်များကို ရှောင်ကြဉ်သင့်သည်။ 🤱🏻 ဟင်းရည်သောက်များများ၊ ဆီပြန်ဟင်းထက် ဆီလည်ရေလည် ချက်ပြုတ်ထားသော အာဟာရပြည့်ဝသည့် အစားအစာများကို စားသုံးပေးပါ။ Credit and Respect to original writer... ပို့စ်လေး ကြိုက်နှစ်သက်တယ်ဆို Like💗Follow💗Share လေး လုပ်ပေးသွားပါဦးနော်🥰🥰🥰 #မေ့ရင်ခွင် #knowledgesharing #babycaretips #forbabies #မေမေတွေဆီရောက်

🤱🏻မေ့ရင်ခွင်🤱🏻
🤱🏻မေ့ရင်ခွင်🤱🏻
Open In TikTok:
Region: MM
Sunday 23 August 2026 02:12:40 GMT
19143
945
1
87

Music

Download

Comments

user24813413334787
မြစ်တာရိပ် :
😁😁😁😁
2026-08-24 10:35:45
0
To see more videos from user @momandbaby199, please go to the Tikwm homepage.

Other Videos


About