@meenge2412021: တကယ်တော့ အချစ်ဆိုတာ စကားလုံးအလှ အပတွေနဲ့ ဖွဲ့နွဲ့နေရုံတင်မဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက်ကြားက "လုံခြုံမှု" ကို တည်ဆောက်ယူရတာမျိုးပါ။ ကိုယ်ဘယ်သွားတယ်၊ ဘာလုပ်နေတယ်ဆိုတာကို အမြဲအသိပေးတတ်တာဟာ တစ်ဖက်လူကို စိတ်မပူစေချင်တဲ့ စေတနာအပြင် "ငါ့ရဲ့နေ့စဉ်ဘဝထဲမှာ မင်းကအမြဲတမ်းပါဝင်နေတယ်" ဆိုတဲ့ အလေးအနက်ထားမှုကို ဖော်ပြနေတာလည်း ဖြစ်တယ်။ အလုပ်တွေကြားထဲ ဒါမှမဟုတ် စာသင်ခန်းထဲမှာ ရုန်းကန်နေရတဲ့အချိန်မှာတောင် မမေ့မလျော့ဘဲ Message ပို့ဖို့ သတိရနေတာဟာ အဲဒီလူကို ကိုယ့် ရဲ့ Priority (ဦးစားပေး) စာရင်းထဲမှာ အထက် ဆုံးကထားထားလို့ပဲပေါ့။ တစ်ခါ တလေမှာ...."ချစ်တယ်" ဆိုတဲ့ စကားတစ်ခွန်းထက် "အိမ်ပြန်ရောက်ပြီ" ဆိုတဲ့ စကားလေး တစ်ခွန်းက ပိုပြီး စိတ်အေးရသလို၊ ပိုပြီးလည်း နွေးထွေးမှုပေး နိုင်ပါတယ်။ ကိုယ်တွေက အနားမှာ အမြဲရှိမနေနိုင်တဲ့အခါမျိုးမှာ ဒီလို အသိပေးမှု လေးတွေကပဲ တစ်ယောက်နဲ့တစ်ယောက်ကြားက အကွာအဝေးကို နီးကပ်စေတာပါ။ ဘယ်လောက်ပဲ အချိန်တွေ ကြာသွားပါစေ... ဒီလို ဘာမဟုတ်တဲ့ စာကြောင်း တိုလေးတွေနောက်က ဂရုစိုက်မှုတွေကိုပဲ အမြဲတမ်း တန်ဖိုးထားပြီး ဆုပ်ကိုင်ထားချင်မိတယ်။ #crd#fpyシ #foryoupage #foryou #fyppppppppppppppppppppppp

💦☃ နှင်း ☃💦
💦☃ နှင်း ☃💦
Open In TikTok:
Region: MM
Sunday 23 August 2026 03:18:47 GMT
36523
2377
11
792

Music

Download

Comments

ellie....88
Z♥️ :
စာသားလေးပေးလို့ရမလားရှင့်♥️
2026-09-23 11:57:20
0
khin43660
Khin Lay Mon :
ပြန်တင်မယ်နော်
2026-09-13 11:39:45
1
memory100000
memory1000 :
2026-08-23 10:56:01
1
user2793380516150
နင်းနှင်းဝင်း :
2026-08-24 09:14:34
1
phyo.phyo.win765
Phyo Dairys :
@Lee Min Htut (WHN)🇰🇷🇲🇲 🥰🥰🥰ဟူတ်လား
2026-09-07 13:34:37
2
chit.lay12154
chit hninn :
🥰🥰🥰🥰🥰🥰
2026-09-23 12:52:27
0
war.war.nyein58
War War Nyein :
🥰
2026-09-16 13:16:26
0
muhlachawlay
Mu Hla Chaw Lay :
@ongChan
2026-09-22 07:43:11
1
To see more videos from user @meenge2412021, please go to the Tikwm homepage.

Other Videos


About