@chawsuusan2: ဂရန်အမည်ပေါက် ပြောင်းချင်သူများ သိထားသင့်တဲ့ "အချိန် နဲ့ ကုန်ကျစရိတ်" အိမ်ခြံမြေ ဝယ်ယူပြီးတဲ့အခါ ပိုင်ဆိုင်မှု ခိုင်မာသွားအောင် ကိုယ့်နာမည်ပေါက် ဂရန်လျှောက်ချင်ကြတာ သဘာဝပါ။ ဒီလိုလျှောက်တဲ့အခါ ဘယ်လိုအဆင့်တွေ ဖြတ်ကျော်ရမလဲ၊ ဘယ်လောက်ကြာပြီး ဘယ်လောက်ကုန်မလဲဆိုတာ မေးလေ့ရှိကြတဲ့အတွက် အနှစ်ချုပ် ရှင်းပြပေးချင်ပါတယ်။ ✅ လုပ်ငန်းစဉ်အဆင့်ဆင့် အရောင်းအဝယ် စာချုပ်ချုပ်ဆိုပြီးတာနဲ့ ကိုယ့်နာမည်ပေါက်ချင်ရင် အောက်ပါအဆင့်တွေကို လုပ်ဆောင်ရပါမယ် - ၁။ မူရင်းဂရန်၊ အရောင်းအဝယ်စာချုပ်နဲ့ ဝယ်သူရဲ့ မှတ်ပုံတင်တို့ကို ယူဆောင်ပြီး မြို့တော်ခန်းမ (YCDC) မြေယာဌာနမှာ လျှောက်ထားရပါမယ်။ ၂။ သတ်မှတ်ထားတဲ့ အမည်ပြောင်းကြေး၊ သတင်းစာကြော်ငြာခ စတာတွေကို ပေးသွင်းရပါမယ်။ ၃။ ကန့်ကွက်သူ ရှိ/မရှိ (၇) ရက် (သို့မဟုတ်) (၁၄) ရက် စောင့်ဆိုင်းရပါတယ်။ ၄။ ကန့်ကွက်သူမရှိရင်တော့ တာဝန်ရှိသူတွေက မူရင်းဂရန်မှာ အမည်ပြောင်းလဲမှတ်သားပေးမှာဖြစ်ပြီး ဂရန်အမည်ပေါက် ရရှိမှာဖြစ်ပါတယ်။ ⏳ ကြာချိန် (Timeframe) အစိုးရရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေဖြစ်လို့ စိတ်ရှည်ဖို့တော့ လိုပါမယ်။ ပုံမှန် အမည်ပေါက် : ၃ လ၊ ၄ လ ကနေ ၈ လ ဝန်းကျင် ကြာတတ်ပါတယ်။ SP (သို့) ဂရန်ဂတုံး : အဆင့်ဆင့် လိုက်ရတာတွေ၊ စိစစ်ရတာတွေ ပိုများတဲ့အတွက် ၁ နှစ်ဝန်းကျင် (သို့မဟုတ်) ၁ နှစ်ကျော်အထိ ကြာမြင့်နိုင်ပါတယ်။ 💰 ကုန်ကျစရိတ် (Estimated Cost) ဒါကတော့ ကိုယ်ဆောင်ရမယ့် "အခွန်နှုန်းထား" နဲ့ ငှားရမ်းတဲ့ "ရှေ့နေခ" ပေါ်မှာ အဓိက မူတည်ပြီး အနည်း/အများ ကွာခြားနိုင်ပါတယ်။ ရှေ့နေအသိုင်းအဝိုင်းနဲ့ လက်ရှိနှုန်းထားတွေအရ အကြမ်းဖျင်း မှန်းဆထားနိုင်တာကတော့ - ပုံမှန် အမည်ပြောင်း : သိန်း (၁၀၀) ဝန်းကျင် ဂရန်ဂတုံး : သိန်း (၂၀၀) ဝန်းကျင် #မှတ်ချက် သိန်း(၁၀၀)/(၂၀၀)တိကျစွာ တွက်ချက်ထားခြင်မျိုး မဟုတ်သည့်အတွက် ပိုများသောကုန်ကျစားရိတ်လည်းရှိနိုင်ပါသည် (မှတ်ချက် - ဂရန်ဂတုံးဆိုတာက အရပ်စာချုပ်ဖြင့် ပိုင်ဆိုင်မှုအဆင့်ဆင့် ပြောင်းလဲလာပြီး ဂရန်မှာ အမည်မပြောင်းရသေးတဲ့ အခြေအနေမျိုးမို့ စာရွက်စာတမ်း ရှုပ်ထွေးလို့ ကုန်ကျစရိတ် ပိုများတာ ဖြစ်ပါတယ်) အိမ်ခြံမြေဆိုတာ တန်ဖိုးကြီးပစ္စည်း ဖြစ်တဲ့အတွက် စာရွက်စာတမ်းကိစ္စတွေကို ကျွမ်းကျင်တဲ့ ရှေ့နေတွေနဲ့ သေချာတိုင်ပင်ပြီး ဆောင်ရွက်တာ အကောင်းဆုံးပါခင်ဗျာ။ ##capcut #အိမ်ခြံမြေအကျိုးဆောင် #အိမ်ခြံမြေ
Chaw Suu San" Real Estate"
Region: MM
Sunday 23 August 2026 03:48:49 GMT
Music
Download
Comments
Ma ThiDa :
အ ဖေဂရမ်အမည် ပေါက်ကိုသမီး၂ ယောက်အမည် ပေါက် ပြောင်းတာ ရှေ့ နေအကျိုး ဆောင်အတွက်သိန်း၉၀ ပေးရပါတယ်အခွန်က ကျမ ဆောင်ရပါမယ်ကျပ်သိန်း၁၀၀ လောက်ကျမယ်ထင်ခု၄ လရှိပီမပီး သေး
2026-08-27 03:10:21
9
Nwe :
စလစ်ကို ဂရန်ဖောက်ရင်ဘယ်လောက်ကုန်နိုင်မလဲ
2026-08-23 12:42:44
3
kaungkaung1146 :
အမွေဆက်ခံလျှာက်ရင်ဘယ်လောက်ကြာမလဲ
အဖေမရှိတော့အမေက အမွေဆက်ခံလျောက်ထားချင်လို့ပါ ကုန်ကျစရိတိသိချင်လို့ပါဆရာ
2026-08-23 09:22:31
7
Phey Myint :
မြေပေးမိန့်ရရှိပြီးဖြစ်ပါတယ် ဘာတွေဆက်လုပ်ရအုံးမလဲခဗျာ မြေအမျိုးအစားက ဘယ်လိုသတ်မှတ်မလဲဗျ
2026-08-24 05:55:25
2
NICKNAME :
ညီမရေ40*60 ဂရန်နာနည်ပြောင်းရင်ကုန်ကျစရိတ်ဘယ်လောက်ရှိမလဲဗျ နြောက်ဒဂုံပါ
2026-10-07 01:43:24
1
kk :
ဂရံခွဲဂရံလျှောက်တာ 3နှစ်ကျော်ပြီ ဘာကြောင့်ကြာမှန်းလည်းမသိ
အပ်ထားတဲ့ရှေ့နေကတော့ရတော့မယ်ပြောပါတယ်
2026-09-30 14:44:52
1
ကမ္ဘာမြေ :
စိတ်ညစ်တယ်ဗျာ သက်တမ်းကုန်ဂရမ်ဝယ်မိထား အစိုးရကလည်း 10ရာခိုင်နှိုန်း အိမ်ပေါင်ပြီး အိမ်ဆောက်ထားတယ် အိမ်ရောင်းရင် ပြန်ရွေးရမယ့်အတိုးတွေနဲ့ပွဲစားခ 2% ဘဝပျက်ပြီးပေါ့။တဖက်မှာ ကျောင်းသူကျောင်းသား၊အိမ်ဌားနေရသည်။ဘာမှန်းမသိ အခွန်လိုချင်တဲ့ဒီအစိုးရအရမ်းကိုမုန်းတယ်။ 2%အခွန်ယူလေ ပြည်သူထံအဲလိုလုပ်တာကောင်းလား။ဂရံ၊စလစ်ရုံး လွပ်လပ်စွာဖွင့်ပြီး အခွန်တွေ ပြေစာ သက်သာ ယူသင့်ပါတယ်။ ပြည်သူတွေဘက်ကို ဘယ်တော့မှမကြည့်တဲ့ အစိုးရ ဒီနိုင်ငံနေရတာ ဘာလုပ်လုပ်အဆင်မပြေဘူး။အဆင်မလား အိမ်လုပ်ငန်းထလုပ်တာ အထိနာမယ်သူတွေ ရှိတာလေးရင်းပြီးလုပ်နေသူတွေ အင်မတန် ဘဝပျက်စေပါတယ်။
2026-08-28 07:28:47
6
sweet :
15×50ဆိုရင်ဂရမ်လျှောက်မရဘူးလားရှင့်
ပေမပြည့်တော့ဘယ်လိုဆောင်ရွက်ရမလဲ
ဖြေပေးပါလား
2026-08-23 11:59:26
2
Nicky :
ညွှန်မှူး လက်မှတ် မတူလို့ ဆိုပီး ဂရံ နာမည် ပြောင်း လို့ မရတာ မျိုး ရှိ လား ဟင်
2026-08-30 12:33:24
1
👑Rising_Sun-Man :
ဘယ် မြေက အပိုင် ပေးလို့ အလုအယက် အငှား ဘဝ ထဲ ပစ်ဝငိနေကြရတာလည်း ။
ပါမစ်က အပိုင်ပေးတာ
ဂရမ်က အငှား..
ဘယ်အရာမှ ပိုင်တယ် မရှိဘူး။
2026-09-13 09:28:17
1
Tay Tay :
နှစ်၃၀ဂရံပြည့်သွားလို့သက်တမ်းပြန်တိုးရင်ကုန်ကျစရိတ်လေးသိချင်ပါတယ်ရှင့် ခန့်မှန်းဆိုလဲရပါတယ်ရှင့်
2026-09-30 17:39:05
1
Ko Khaing :
မိမိအမည်ပေါက်ဂရမ်သက်တမ်းကုန်နေတာသက်တမ်းတိုးခြင်လို့ဘာတွေလိုအပ်လဲဗျ၊
2026-08-24 09:04:01
1
kwinaung :
အိုးအိမ်မြေချပါမစ်ကိုဂရမ်လျှောက်ရပြီလားဗျ
2026-08-23 21:35:31
0
kozawmin :
ကုန်ကြစရိတ်လေးပြောပေးပါ
2026-08-30 14:15:50
1
Double K :
ဂရမ် မိတ္တူ ၁၀ ၆၀ ကော လုပ်လို့ရလားဗျ
2026-08-26 05:40:37
0
Har Bat :
ရွာမြေလေး၃၀ ၄၀ဝယ်ထားတာအမည်ပေါက်လ ှောက်ဖို့လိုလား ရွာမြေအမှန်ဟုတ်မဟုတ်ဘယ်လိုစစ်ရမလည်းဗျာစစ်ဘေးရှောင်ဆိုတော့ နားလည်းမလည်အများကြီးလည်းမတတ်နိုင်တော့လိုပါ🥰
2026-08-26 07:29:38
1
Paing Soe Aung :
ဂရမ်တွေက သက်တမ်းကုန်ရင် ထပ်တိုးရတာလားဗျ(နှစ် ၃၀ ဂရမ်တို့ နှစ် ၅၀ ဂရမ်တို့ ကြားဖူးလို့ပါ)
2026-09-08 03:41:27
1
sawmoesatt :
လျောက်တော့ထားပါတယ်
2026-08-31 14:07:06
0
sawmoesatt :
မြေတိုင်းတော့ဆင်းသွားပီးပါပြီ
2026-08-31 14:08:02
1
တိမ် တမန် :
ကိုယ်အမည်ပေါက်ကိုသက်တမ်းတိုးချင်တာပါဗဘယ်လောက်ဆောင်ရနိုင်လဲသိတဲ့သူများပြောပေးကြပါ
2026-08-30 13:17:34
2
ZawMyintAg :
30-45ကို ဂရံအမည်ပေါက် ပြောင်းရင်ရော ဘယ်လောက်ကုန်ကျမလဲခင်ဗျာ။🙏🙏🙏
2026-08-29 15:22:49
0
pho htoo :
ဂရမ်ခွဲရင်ဘယ်လောက်ကြာ။ ဘယ်လောက်ကုန်ပါသလဲခင်ဗျား
2026-08-23 11:54:51
2
💙Thae Thae💙 :
2023လောက်တုန်းက ပေ100ပတ်လည် ရွာမြေ ဂရမ်မြေ ကိုပေ50/100ခွဲပြီးဝယ်လိုက်တယ်
ရောင်းသူကလည်း ရပ်ဆွေရပ်မျိုးဆိုတော့ ဂရမ်မိတ္တူပဲ ယူထားလိုက်တယ် ရပ်ရွာလူကြီးတွေရဲ့ ရှေ့မှာ စာချုပ်နဲ့ပဲ လတ်မှတ်ထိုးပြီးဝယ်ခဲ့တာပါရှင့်
ဂရမ်အမည်ပေါက် အခုချိန်ထိ မခွဲရသေးပါဘူးရှင်
ကျွန်မတို့လည်းအစိုးရဝန်ထမ်းဆိုတော့ ရွာမှာလည်း မနေနိူင်သေးလို့ပါ
ရောင်းသူကတော့ ကိုယ်ဘယ်အချိန်ခွဲခွဲ ဂရမ်ခွဲပေးမှာပါ
သိချင်တာက ဂရမ်ခွဲပြီး ကိုယ့်အမည်ပေါက်ပြန်ပြောင်းရင် ပိုက်ဆံအရမ်းကုန်မလားရှင်
ကျွန်မဝယ်တုန်းကတော့ သိန်း100ကျပ်ပါရှင် ကိုယ်လည်းဝန်ထမ်းဆိုတော့ စုထားဆောင်းထားတာလေးနဲ့ မြေလေးအရင်ဝယ်ထားမိတာ အမည်ပြောင်းဂရမ်ခွဲဖို့အတွက် လည်း ပိုက်ဆံအရမ်းကုန်မယ်ဆိုရင်လည်းစုဆောင်းရအုံးမှာမလို့ပါရှင်
2026-08-24 15:36:43
4
KZT👊🏼👊🏼 :
ဂရံသက်တမ်းကုန်နေတာ လေးနှစ်ရှိပါပြီ
ဂရံသက်တမ်းတိုးရင် ခန့်မှန်းကုန်ကျငွေ နဲ့
အချိန် ဘယ်လောက်ကြာနိုင်မလဲခဗျာ
အိမ်ဝိုင်းက သိန်းတသောင်းလောက်ရှိနိုင်တယ်ဆို ရင်ပေါ့
ဖြေကြားပေးနိုင်မလားခဗျာ။
လေးစားစွာဖြင့်။
2026-08-24 05:50:29
0
sawmoesatt :
ပါမစ်တွေရောဂရန်လျောက်ရလားဗျ
2026-08-31 13:43:32
1
To see more videos from user @chawsuusan2, please go to the Tikwm
homepage.