@235091tgi: #သာသနာတော်နှစ်၂၅၇၀ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၈၈ ( ၂၈-၈-၂၀၂၆ ) သောကြာနေ့ ဝါခေါင်လပြည့်နေ့ {မေတ္တာအခါတော်နေ့ } { ဥပုသ်နေ့ } မေတ္တာအခါတော်နေ့ဖြစ်ပေါ်လာပုံ မြတ်စွာဘုရား ...သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ .... သီတင်းသုံးတော်မူစဉ်အခါက ရဟန်းငါးရာဟာ ..ဝါခေါင်လတွင် ဘုရားရှင်ထံမှ ကမ္မဌာန်းတရား နာယူခဲ့ကြပါတယ်။ အဲဒီနောက် ..... ကမ္မဌာန်းတရားအားထုတ်ကြဖို့ သာဝတ္ထိပြည်မှ တစ်ယူဇနာဝေးသော တောအုပ်တစ်ခု၌ ဝါကပ်ကာ ရဟန်းတရားကို အားထုတ်ကြပါတယ်။ ရဟန်းတော်များဟာ သစ်ပင်တစ်ပင်စီရဲ့အောက်မှာ.... ကမ္မဌာန်းတရားအားထုတ်ကြရာမှာ မြင့်မြတ်တဲ့ ရဟန်းတော်များရဲ့ သီလအစွမ်းကြောင့်.....ရုက္ခစိုးများဟာ ..... သစ်ပင်တွေပေါ်မှာမနေနိုင်ကြတော့ဘဲ အောက်သို့ဆင်းပြီး ဆင်းရဲစွာလှည့်လည် နေထိုင်ကြရပါတယ်။ ပထမတော့ ခဏတဖြုတ်ပဲ သီတင်းသုံးကြမယ်ထင်လို့ သည်းခံကြပေမယ့် ရက်ကြာလာတော့ သည်းမခံနိုင်တော့ဘဲ ကြောက်မက်ဖွယ် အဆင်း၊ အသံ၊ စက်ဆုပ်ဖွယ်အနံ့တို့ဖြင့် အမျိုးမျိုးအဖုံဖုံ ခြောက်လှန့်ကြပါတယ်။ ရဟန်းတော်များ ကောင်းစွာ တရားအားမထုတ်နိုင်ကြတော့ဘဲ မြတ်စွာဘုရားထံ အကြောင်းစုံ လျှောက်ထားကြပါတယ်။ ဝါခေါင်လပြည့်နေ့မှာ ...... မြတ်စွာဘုရားက ရဟန်းတော်များကို လူ နတ် ဗြဟ္မာ သတ္တဝါတို့ ချစ်ခင်စေတဲ့ မေတ္တသုတ် တရားတော်ကို ဟောကြားနာယူစေပါတယ်။ ရဟန်းတော်များနဲ့သင့်တော်ရာအရပ်ကို ကြည့်တော်မူရာမှာ .....အခြားနေရာမမြင်၍ မူလအားထုတ်ရာ အရပ်သို့သာပြန်စေပြီး မေတ္တသုတ်ကို ရွတ်ပွားစေပါတယ်။ မေတ္တသုတ်တရားတော်ရဲ့ အာနုဘော်ကြောင့် ရုက္ခစိုးနတ်တို မနှောက်ယှက်ကြတော့တဲ့အပြင် ရဟန်းတော်များကို ချစ်ခင်မြတ်နိုးလာပြီး တံမြက်လှည်းခြင်း၊ သောက်သုံးရေတည်ခြင်းများပြုကာ ဘေးရန်မရှိအောင် စောင့်ရှောက်ပေးကြပါတယ်။ ရဟန်းတော်များဟာ..... တရားကိုဖြောင့်ဖြောင့် အားထုတ်နိုင်ပြီး ဝါမကျွတ်ခင်မှာပဲ ရဟန်းများအားလုံး အာသဝေါကုန်ခန်းကာ ရဟန္တာများဖြစ်သွားကြပါတယ်။ မြတ်စွာဘုရားရှင်သည်..... ဝါခေါင်လပြည့်နေ့မှာ ရဟန်းငါးရာကို အကြောင်းပြုကာ မေတ္တသုတ် ဟောကြားတော်မူတာဖြစ်လို့ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့..... လို့ သတ်မှတ်ခေါ်ဆိုတာဖြစ်ပါတယ်။ မေတ္တာ ဟူသည် သူတစ်ပါးတို့၏ ကောင်းကျိုးစီးပွားကို လိုလားသော သဘောရှိတယ်။ သူတစ်ပါးတို့၏ ကောင်းကျိုး စီးပွားကို လိုလိုလားလား ဆောင်ရွက်ပေးတတ်တယ်။ အငြှိုးအာဃာတကို ပယ်ဖျောက်တတ်တယ်။ သူတစ်ပါးတို့ ပြည့်စုံချမ်းသာမှုကို ဦးတည်ပါတယ်။ မေတ္တာသဘောကို အဘိဓမ္မာမှာ .... သူတစ်ပါးကောင်းကျိုးကို လိုလားတာ သူတစ်ပါးကောင်းကျိုးရှိအောင် ဆောင်ရွက်ပေးတာ မေတ္တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မိသားစုတွေ စည်းလုံးမှု ရှိရမည်။ ညီအကိုမောင်နှမတွေ စည်းလုံးမှု ရှိရမည်။ ရပ်ရွာ မြို့နယ်၊ တိုင်းပြည်၊ နိုင်ငံ၊ အားလုံး အားလုံး စည်းလုံးမှု ရှိရမည်။ စည်းလုံးဖို့၊ စည်းစည်းလုံးလုံးရှိဖို့ မေတ္တာအစိုဓာတ် မေတ္တာအစေးဓာတ်လိုပါတယ်။ မုန့်လုံးရေပေါ်များ လုံးသောအခါ ဆန်မှုန့်ကို အစိုဓာတ်ရှိသော ရေနှင့် ဆွတ်ဖြန်းပြီးမှ လုံး၍ ရပါတယ်။ အစိုဓာတ် အစေးဓာတ်မရလျှင် ဘယ်လိုမှ လုံး၍ မရနိုင်ပါ။ ထို့အတူ အချင်းချင်းစည်းလုံးဖို့၊ ညီညွတ်ဖို့ အသီးသီးမှာ မေတ္တာအစိုဓာတ် မေတ္တာအစေးဓာတ် ရှိနေရပါမယ်။ ပါးစပ်နှင့် စည်းလုံး၍မရ။ မေတ္တာနှင့် စည်းလုံးမှသာ ရမယ်။ ဘုရားရှင်က လူသားအချင်းချင်း လိမ်ညာခြင်း လှည့်စားခြင်းကင်းဖို့၊ မထီမဲ့မြင်ပြုမှု အထင်သေးမှုတွေ ကင်းဖို့၊ သီးသန့် မေတ္တာပို့ရန် အထူးမိန့်ကြားခဲ့ပါတယ်။ မေတ္တာသည်သာ အောင်နိုင်ရာ၏။ ဘုရားရှင်ကိုယ်တော်မြတ်သည် သူ့ကိုဆန့်ကျင်သော မာရ်နတ်၊ အာဠဝကဘီလူး၊ နာဠာဂီရိဆင်၊ အဂုင်္လိမာလ၊ စိဉ္ဇမာဏ၊ သစ္စကပရဗိုဇ်၊ နန္ဒောပနန္ဒနဂါး၊ ဗကဗြဟ္မာ....တို့ကို အနိုင်ယူအောင်မြင်တော်မူခဲ့တယ်။ အောင်ခြင်းရှစ်ပါးဟု ခေါ်ပါတယ်။ ထိုအောင်ခြင်းရှစ်ပါးကို အနိုင်ယူရာ၊ အောင်မြင်ရာတွင် ..... အကြမ်းမဖက် မေတ္တာသက်သက်ဖြင့် အောင်မြင်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ..... မိမိတို့ ရည်မှန်းချက်တစ်ခုခု အောင်မြင်ချင်လျှင် မေတ္တာသာထားပါ။ မေတ္တာသာ ပွားပါ။ မေတ္တာနှင့်သာ ဆောင်ရွက်ပါ။ ထိုသို့မေတ္တာနှင့် ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှသာ တကယ်စစ်မှန်သော အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။။ Credit::: သာဓု သာဓု သာဓုပါ.... 🙏🙏🙏 မေတ္တာဖြင့်မျှဝေဒါနပြုပါသည် ဗုဒ္ဓ သမီးတော်
ဗုဒ္ဓသမီးတော်( TaunggyiThu )
Region: US
Sunday 23 August 2026 07:24:16 GMT
Music
Download
Comments
ဒယ်လ်ဘယ်(official) :
2026-08-23 09:03:20
1
U Aung Myo Ooမင်္ဂလာပါ🌹🌹🌹 :
🙏🙏🙏🙏🙏🙏🙏🙏🙏မင်္ဂလာညချမ်းလေးဖြစ်ပါစေ။🌹🌹🌹🌹🌹
2026-08-23 13:07:04
0
April maung :
2026-08-23 10:44:31
1
Koyin 2005 :
good
2026-08-23 08:35:24
1
U san Lwin :
🙏🙏🙏🙏🙏
2026-08-23 12:25:53
1
user1060739316692 :
2026-08-23 09:56:03
1
ပဲပုတ်🌸🇱🇹 :
🌹🌹🌹🌹🌹🌹🌹
2026-08-23 07:33:17
1
U Myint OO :
2026-08-23 12:45:51
1
htinlinaung :
🥰🥰
2026-08-23 16:41:16
1
ZAW MYO LINN :
🥰🥰🥰
2026-08-23 15:59:29
1
user1097205304549 :
@𝑻𝒉𝒂𝒘𝑻𝒉𝒂𝒘𝒘𝒊𝒕𝒉𝑴𝒐𝒎
2026-08-23 15:14:32
1
user624158654 :
🥰🥰🥰
2026-08-23 16:12:39
1
ရဲရင့်ထဋ်ခေါင် :
🥰🥰🥰🥰🥰
2026-08-23 15:42:31
1
ဒေါမြင့်မြင့်မော် :
🙏🙏🙏
2026-08-23 16:55:57
1
San San Mae :
🙏🙏🙏🙏🙏
2026-08-23 14:03:36
1
myoekyawtun4 :
🥰🥰🥰
2026-08-23 14:14:42
1
$$U Myo Min Thu$$ :
🥰🥰🥰
2026-08-24 00:45:19
1
pen quen🇲🇲🇲🇲🇲🇲 :
🙏🙏🙏
2026-08-23 23:40:26
1
UMyo Hein :
👏👏👏
2026-08-24 01:11:38
1
user766114946671ဧရာဝတီ :
🥰🥰🥰
2026-08-24 02:17:52
0
kyawsoe1451 :
❤️❤️❤️
2026-08-23 07:44:00
1
To see more videos from user @235091tgi, please go to the Tikwm
homepage.