@elizabethdesai: အကျည်းတန်အခွေထွက်ပြီး ကိုကို့ကိုပွဲလာငှါးတယ်…. စတိတ်ရှိုးဆိုရမယ်တဲ့..ကိုကိုညီကအခွေထွက်ပြီး စတိတ်ရှိုးတခါမှမဆိုဘူးသေးဘူး…နေရာကပဲခူးအထကကျောင်းဝင်းထဲမှာလုပ်မှာ…ကိုကိုရဲ့အပျော်တွေညီမလေးကိုကူးစက်လို့ပေါ့…ကိုကိုညီ ညီမလေးလည်းကြည့်ခြင်တယ်လို့…ကိုကိုကတီးဝိုင်းကအဖွဲ့သားတွေနဲ့သွားမှာဆိုတော့ညီမလေးကမိန်းကလေးတယောက်ထဲမို့လိုက်လို့မရဘူး….ကိုကိုပွဲကိုအရူးအမူးကြည့်ခြင်တာ…မိန်းကလေးသူငယ်ခြင်းနှစ်ယောက်အိမ်ကမသိအောင်သူငယ်ခြင်းအိမ်ကဒရိုင်ဘာကိုအတင်းလိုက်ပို့ခိုင်းတာ….သူငယ်ခြင်းကသွားခါနီးမှငါမလိုက်ရဲဘူးတဲ့….သွားမယ်ဟာ ဖြစ်ခြင်ရာဖြစ် ကိုကိုပွဲကြည့်ရရင်ပြီးရော…ပဲခူးရောက်တော့ကိုကိုကအားလုံးနဲ့မိတ်ဆက်ပေးတယ် …ဒါငါ့ညီမလေး….အသက်ကလေးကငယ်ငယ်လေးဆိုတော့ အကုန်လုံးကအံ့အားသင့်ကြည့်နေတော့ ရှက်နေရော😄ပွဲက၇နာရီစမှာ…ကိုကိုဝတ်မဲ့အကျီကကုတ်ဝမ်းဆက်အပြာရောင်လေး…နောက်အားဖြည့်မဲ့အဆိုတော်ကနော်လီဇာ…သူကတွေ့တော့ ကောင်မလေး လာတဲ့ ..နင့်ကိုငါခေါင်းစီးပေးမယ်တဲ့…ဖဲပြားအနီရောင်လေးနဲ့ဆံပင်ကိုတဝက်စီးပေးတယ်…ကိုကိုလည်းစတိတ်ရှိုးအတွေ့အကြံုမရှိသေးတော့ စိတ်တွေအရမ်းလှုပ်ရှားနေတယ်…ဖြစ်ခြင်တော့ပွဲမိန့်ပိတ်ခံရတယ်တဲ့….ဘယ်လိုမှညှိမရကြဘူး…ဒါဆိုလည်းထမင်းသွားစားကြမယ်ဆိုပြီး ထမင်းဆိုင်သွားကြတယ်…ကိုကိုဘေးမှာရှိနေတော့ အလိုလိုအရမ်းပျော်နေတာ ….လူစုံ အစားစုံရောက်လာပြီးစားနေတုန်းလူတွေအများကြီးရှေ့မှာနော်လီဇာက ကောင််မလေးရေ ငါ့ဆီကခေါင်းစီးငှါးထားတာ ပြန်ပေးတဲ့…. သူစည်းပေးထားလို့ကိုယ်က ကလေးမို့နားမလည် ပါးမလည်လက်ခံလိုက်တာလေ….လူတွေအများရှေ့မှာဆိုတော့ရှက်လိုက်တာလေ မျက်ရည်တွေဝဲလာတာ ကိုကိုကတိုးတိုးလေးမေးတယ် ညီမလေးငှါးထားတာလားတဲ့ ဟုတ်ဘူး ဆိုတော့ ဖဲကြိုးတွေအများကြီးကိုကိုဝယ်ပေးမယ်…လူတွေကြည့်နေတယ် ဝမ်းမနည်းနဲ့တဲ့ … ညကျတော့ ကိုကိုတို့အရက်သောက်ကြတယ် နော်လီဇာကအရက်ကိုကြေးဇွန်းနဲ့မွှေပြီးအရက်ပြိုင်သောက်ကြမယ်တဲ့ ….ရယ်ကြစကြပေါ့လေ …ကိုယ်ကတော့နော်လီဇာကိုမုန်းသွားတာကြီးတဲ့အထိဘဲ….ကြီးလာတော့ အနုပညာအသိုင်းအဝိုင်းထဲမှာဘဲကျင်လည်ရပြန်တော့ အထာတွေ စိတ်ဓါတ်တွေသိလာရတာတွေလည်းရှိလာတယ်… သူတို့သောက်နေတာကို ကိုကိုဘေးမှာထိုင်နေရင်း ကိုကိုပေါင်ပေါ်မှာခေါင်းအုံးလုပ်ရင်းအိပ်ပျော်သွားလိုက်တာ ကိုကိုနှိုးတော့အားလုံးပြန်ဖို့ပစ္စည်းတွေတင်နေကြပြီ ကိုကိုကအရမ်းကြင်နာတက်တယ် သူ့မှာညီမလေးမရှိတော့ သူ့ညီမလေးကောက်ရသလိုအရမ်းကြင်နာတယ်…..ညှာတာတယ်…အရင်ခေတ်ကလေတဏှာကိုရှေ့တန်းမတင်ကြဘူး…သားသမီးညီအကိုမောင်နှစ်မလိုစောင့်ရှောက်ကြတယ် …. ကိုကိုပေးတဲ့ဖဲကြိုးရောင်စုံလေးတွေလေ ညီမလေး ယွန်းဘူးလေးနဲ့သိမ်းထားတယ်…. ညီမလေးနဲ့ကိုကို ကွဲကွာသွားတော့ဖဲကြိုးလေးတွေကိုဖဲပြားလုပ်ပြီး ဗလာစာအုပ်တခုမှာကပ်ထားလိုက်တယ်…..ညီမလေးတို့အကြောင်းကိုသိတဲ့ရန်ကင်းကအမကြီးတွေကဖေ့ဘုတ်မှာလာစကြတယ်…..နောက်တော့ ပိုပိုနဲ့ကိုကိုလည်း regional 2 မှာမေဂျာအတူတူ အခန်းလည်းအတူတူ သူငယ်ခြင်းတွေဖြစ်သွားရော…..ကိုကိုလည်းဂျပန်မလေးနဲ့ရည်းစားတယောက်ရသွားပြီး ဂျပန်မလေးကကိုကို့ကိုထားခဲ့လို့ ကိုကိုအသည်းကွဲရပြန်ရော ….လေယာဉ်ကြီးပန်ကာလည်ပြီ သွားတော့ကွာ ….မေ့လိုက်စမ်းတော့မောင်ဟာဗမာလေးပါ ဆိုတော့ မဆီမဆိုင် ကိုကို့ကိုကြည့်ပြီး ညီမလေးလည်းအသည်းတွေလိုက်ကွဲနေပြန်ရော …. ကိုကိုရေ ညီမလေးက ကိုကို့ရဲ့ထာဝရညီမလေး ဆိုတာ ကိုကိုသိပါတယ် ကိုကိုအဆင်ပြေတဲ့အခါညီမလေးဘယ်တော့မှမဆက်သွယ်ဘူး ကိုကို စိတ်ဓါတ်တွေကျနေရင်နောက်ကွယ်က အမြဲအားပေးခဲ့တာပါ ညီမလေးတို့ချစ်ခြင်းကတဏှာမပါတဲ့ ချစ်ခြင်းပါ ကိုကို လောကကြီးကထွက်ခွါခါနီးအချိန်မှာညီမလေးက ကိုကိုလက်ကလေးကိုင်ပြီး အားပေးခြင်ခဲ့တာပါ အဝေးတနေရာကညီမလေး ရောက်မလာနိူင်ခဲ့တာခွင့်လွှတ်ပါကိုကို🙏😭💔 #ရင်ဘတ်ကြီးနဲ့ရေးပါတယ်လို့💔# #fyp#ငြိမ်းချမ်းစွာသွားပါကိုကို #
Lyra🤍
Region: TH
Sunday 23 August 2026 14:51:22 GMT
Music
Download
Comments
AyeMiSan :
စိတ်မဆိုးနဲ့နော်အန်တီမနှင်းအေးသမီးလားဟင်အဖေနဲ့အန်တီမနှင်းအေးကသူငယ်ချင်တေသရှိတုန်ကပြောပြဘူးလို့
2026-08-24 04:45:18
7
Daw KMA Kham Leng :
အသက်ကွာလို့မယူကြတာလား တယောက်နဲ့တယောက်ချစ်ပြီးတော့ဘာလို့လဲ
2026-08-23 15:06:49
16
U Latt 100.1 :
ကိုညီ့ မျက်နှာလေးက အမြဲတမ်း
ကြည်လင်နေတယ်။ အသံလေးက
အေးချမ်းနေတယ်။ မြန်မာပြည်မှာ ကျနော်အကြိုက်ဆုံး အချစ်ဆုံး အလေးစားဆုံး အဆိုတော် ၄ ယောက်
ရှိတယ်။ ကိုလွှမ်းမိုး ဦးထီး ကိုခိုင်ထူးနဲ့ ကိုညီ။ အားလုံးသွားကြလေပြီပေါ့။ ကိုညီရေ တစ်ချိန်ချိန် တမလွန်မှာ
ကျနော်တို့ ဆုံကြတာပေ့ါဗျာ🙏
2026-08-23 15:08:42
55
U Htay Than :
ကိုင်ဇာတကယ်ဆုံးတာလား?
2026-08-24 02:08:51
10
Lucifer ကျော်ရီး 😇 :
ညီမလေး ဆိုတာ မေဆွိလား 😂
2026-08-23 19:45:28
6
ဝတိန် မိုးထက် :
၅၂၈မေတ္တာနဲ့၁၅၀၀ ချစ်ခြင်းတို့ပေါင်းထားတဲ့ ၂၀၂၈ ချစ်ခြင်းမေတ္တာဆိုတော့ ဆွေးတမြေ့မြေ့ဖြစ်တော့မှာပေါ့😌
2026-08-23 17:53:56
31
bobo :
လူတစ်ယောက်အကြောင်းကိုအဲလောက်ထိမရေးပါနဲ့ ချီးကျူးဂုဏ်ပြုချင်သလိုနဲ့ ချိုးနှိမ်ချင်တဲ့စွကျင့်တွေပါနေတယ်
2026-08-24 05:00:44
21
Dr Ye Win Zaw ( Salai Ko Ye ) :
2026-08-24 01:11:50
41
Ko Ye Phyae :
အခု post ပိုင်ရှင်က ရွှေအိမ်စည်က မိခင်လားဗျ ဦညီရဲ့ အမှတ်တရလေးတွေ True Story လေးတွေ သိချင်မိပါတယ်
2026-08-24 08:18:02
11
ဘောစိမ ရွှေအိ-စမ်းရေမိုးမေမေအိ :
ဦးညီကဂျပန်မလေးနဲ့ကြိုက်ခဲ့သေးတာလား
မေ့လိုက်စမ်းတော့မောင်ဟာဗမာလေးပါသီချင်း
ထွက်လာတော့ထင်တော့ထင်ခဲ့တာ
2026-08-24 01:27:39
16
ဖွားချို :
စာကဖတ်လို့ကောင်းပါတယ်ဒါပေမဲ့ရင်ထဲမကောင်းဘူးရယ်🥰🥰🥰
2026-08-23 15:08:40
26
chit aye :
မောင့်မျက်ရည်ဝိုင်းသီချင်းက
ကိုင်ဇာရဲ့ရင်တွင်းဖြစ်အစစ်အမှန်ပါ။
2026-08-24 03:23:12
6
vitashine :
စာလေးဖတ်ပီး နောက်ထပ်အဆက်လေးထပ်တင်ပေးပါနော်
2026-08-23 16:52:28
10
KSM💜 :
အတိတ်မှာ အချစ်မမည်တဲ့ အချစ်ပါပဲ
ခံစားဖူးမှနားလည်တာပါ🥰
2026-08-23 16:27:07
10
Ni Ni Shein :
ရန်ကင်း၁မှာ ကျောင်းတစ်နှစ်တက်ခဲ့ဖူးတယ် အဲဒီအချိန်က ဒီအချိန်မှာပြန်တွေ့တာဘာလုပ်ရမှာလဲအခွေ စထွက်တာထင်တယ် စထွက်တဲ့အခွေမှာထဲက သဘောကျလို့ အခုနောက်ဆုံးအချိန်ထိ အားပေးခဲ့တဲ့ ပရိသတ်ပါ ဘက်စုံတော်တဲ့သူမို့ ဂီတလောကအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါဘဲ သီချင်းရှင်ကြီး ကောင်းရာသုဂတိလားပါစေ
2026-08-23 15:41:23
38
Dawswesweoo :
ကိုယ်တွေငယ်က ခုခေတ်လိုမဟုတ်ဘူး
ကိုယ်ချစ်တဲ့အနုပ ညာရှင်တွေကိုအသက်ကြီးတဲ့ထိ အသဲစွဲချစ်ကြတာ
ပိုစတာကြီးတွေပုံတွေ အိပ်ယာဘေးကပ်ထားရတာ အံတီဆို လွင်မိုးနဲ့ခိုင်သင်းကြည် ရဲကိုကိုနဲ့လင်းဇာနည်ဇော်
အကြိုက်ဆုံးတွေ ကိုကိုင်ဇာ သီချင်းကက်ဆက်ခွေတွေဆို ထွက်တိုင်း လုဝယ်ရတာ မှတ်မိနေသေးတယ်🥰🥰Rip ပါ ကိုကိုင်ဇာရေ ထာဝရ မမေ့ပါဘူး
2026-08-23 23:34:36
8
ဟယ်ဟယ် :
ဦးကိုင်ဇာသီချင်းအားလုံးနီးပါးအလွတ်ရတယ်
2026-08-24 00:03:35
7
Sai Htun Latt :
တီတီ Elizabeth Desai ရေ.....
တီတီရေးတဲ့ စာလေးတွေဖတ်ချင်လို့
follow လုပ်ထားတယ်။ ဖေဖ က
ဦးဦး ကိုင်ဇာ နဲ့ ဦးဦ စိုးလွင်လွင်တို့ရဲ့ crazy ပါ။💞
2026-08-24 11:24:15
5
Nyo Me Me Lwin :
ရင်ထဲ တနင့်နင့်နဲ့ နှစ်လုံးသားတွေ ပြန် အသက်ဝင်လာသလိုပဲ၊ ဆက်ရေးပါနော်
2026-08-24 04:37:07
5
angle :
အမရေအရမ်းသိချင်တယ်😍
2026-08-23 16:33:33
9
Khin Lay9590 :
အမစာသားလေးတွေဖတ်ရတာအရမ်းကောင်းတယ် ရေးပါအုံးနော်
မျှော်နေမယ်
2026-08-23 15:32:50
12
ပူတင်း 🍮💛😂 :
အေးနော် သူ့လည်းမလုပ်ခိုင်းဘဲ အတင်းခေါင်းစည်းပေးပြီး လူကြားထဲပြန်တောင်းတယ် 😂 လူဇိုးမကြီး😅
တော်သေးတာပေါ့ mentally support လုပ်ပေးတဲ့ အကိုက ဘေးနားရှိနေလို့🥰
2026-08-24 01:24:27
6
Phyu Pyone :
စာဖတ်ပြီဝမ်နည်း ကြေကွဲရပါတယ်ရှင့်
2026-08-23 15:40:01
6
theinthanwin166 :
ဘဝများရှိခဲ့ရင်ချစ်ရသူနဲ့ပေါင်းဖက်ပျော်ရွှင်စွာမိသားစုအများကြီးနဲ့နေရပါစေidolကြီးရေ🥺🥺🥺
2026-08-23 15:26:11
6
(ʘ‿ʘ)💞 ๓คץ💞 (ʘ‿ʘ)OfficialAcc :
စိုးလွင်လွင်ရဲ့ သီချင်းတွေကို သဘောကျနားထောင်ခဲ့သလို ကိုင်ဇာ သီချင်းတွေကိုလဲ အများကြီးသဘောကျခဲ့သူပါ နှစ်ယောက်လုံးရဲ့ ဆုံးရှုံးမှု့ကြီးကတော့ ဖော်မပြတတ်အောင်ပါဘဲ 🥺🥺🥺😭😭😭
2026-08-24 06:54:51
5
To see more videos from user @elizabethdesai, please go to the Tikwm
homepage.