@tlngyan.aye: အလှူရှင်ဆိုတဲ့နေရာမှာစာပေကျမ်းဂန်မှာ သုံးမျိုးခွဲထားတာ မှတ်သားစရာကောင်းတယ် ၁။ "ဒါနပတိ" ၂။ " ဒါနသဟာယ" ၃။ " ဒါနဒါသ"လို့သုံးမျိုးခွဲပြီးတော့ ဟောထားတာရှိတယ် "ဒါနပတိ"ရဲ့အဓိပ္ပာယ်က အရှင်သခင်အဖြစ်နဲ့ ဒါနကိုလုပ်သူလို့အဓိပ္ပာယ်ရတယ် "ဒါနပတိ"ဒါနကောင်းမှုပြုတဲ့အခါမှာ အရှင်သခင်အနေနဲ့လုပ်တယ် "ဒါနသဟာယ"ဆိုတာ ဒါနကောင်းမှုပြုတဲ့အချိန်မှာအပေါင်းအသင်းသူငယ်ချင်းအနေနဲ့ တန်းတူဆက်ဆံလုပ်တယ်လို့အဓိပ္ပာယ်ရတယ် "ဒါနဒါသ"ကျတော့ ဒါနလုပ်တဲ့အခါမှာကျွန်စိတ်လို အောက်တန်းကျတဲ့တဏှာရဲ့ကျေးကျွန်ဖြစ်ပြီးတော့လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်ရတယ် အဲ့တော့ပိုပြီးထင်ရှားအောင်ပြောရမယ်ဆိုလို့ရှိရင်လောကလူတွေဟာ စိတ်ကူးစိတ်သန်းအမျိုးမျိုးရှိတယ် "ဒါနဒါသ"ဆိုတာ ကိုယ်ကတော့အကောင်းစားတယ်သူများကိုအညံ့ကိုလှူတယ် ကိုယ်ကကောင်းတာယူလိုက်ပြီး မကောင်းတာလှူတယ် ကိုယ်လှူတဲ့ အလှူက သူများကိုလှူလိုက်တာ ကိုယ်သုံးတာထက် သူများကို လှူတာကညံ့တယ် ကိုယ်ကတော့အကောင်းကြိုက်တယ် သူများကိုတော့ ကိုယ်မသုံးချင်တာကိုပေးတယ် အဲ့ဒါဆိုလို့ရှိရင်"ဒါနဒါသ"လို့ခေါ်တယ် အောက်တန်းကျတဲ့ဒါနမျိုးဖြစ်တယ် "ဒါနသဟာယ"ဆိုတာ ကိုယ်စားသလိုပဲကိုယ်ကြိုက်တဲ့ဟာမျိုးပဲ သူများကိုလှူတယ် ဒီလိုဆိုရင် "ဒါနပတိ"ကျတော့ ကိုယ်ကြိုက်တာထက်ပိုကောင်းတာ ကိုယ်သုံးတာထက်ပိုကောင်းတာ ပိုကောင်းတာကိုရွေးချယ်ပြီးတော့ လှူတာမှ "ဒါနပတိ"လို့ဒီလိုခေါ်တယ် ဒါလည်းသတိထားစရာအချက်တစ်ခုပဲစိတ်နေသဘောထားအပေါ်မှာမူတည်သွားတယ် ကိုယ်လှူတဲ့ပစ္စည်းဟာကိုယ့်မှာကိုယ်သုံးတာနဲ့ညံ့ပြီးတော့လှူတာရှိတယ် ကိုယ်သုံးတာနဲ့တန်းတူထားပြီးလှူတာရှိတယ် ကိုယ်ကတော့ဖြစ်သလိုသုံးပြီးတော့ လှူတဲ့ဟာကပိုကောင်းတာမျိုးတော့ရှိတယ် အဲ့တော့လှူတာကပိုကောင်းတာကျတော့ "ဒါနပတိ"လို့ခေါ်တယ်🙏🙏🙏 #ပါချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိ၀ံသ #တရားတို #Tingyanaye #thailand #LearnOnTikTok
Tlngyan Aye
Region: TH
Tuesday 25 August 2026 00:44:57 GMT
Music
Download
Comments
Lwin. Lwin :
🙏🙏🙏
2026-08-25 01:43:00
0
To see more videos from user @tlngyan.aye, please go to the Tikwm
homepage.