@sitisuhaibah287: #Khit Thit သတင်းဌာန၏ ဩဂုတ် ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် အင်းစိန်လမ်းနဲ့ ပါရမီလမ်းထောင့်က စစ်အာဏာရှင်ဟောင်း ဦးနေဝင်း မိသားစုပိုင် နဝရတ်ဟိုတယ်နဲ့ မြေဧရိယာတွေကို စစ်တပ်လက်အောက်ခံ ဟိုတယ်၊ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက လေလံတင်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ရင်းနှီးမြှုပ်နှံခွင့်ပေးဖို့ တင်ဒါခေါ်ယူလိုက်ပါတယ်။ -ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးပြည်နယ်၊ ကျိုးဂိုကုမြို့က စိုက်ပျိုးရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေဟာ ရိုက်နှက်ခံရတာ၊ ဆဲဆိုကြိမ်းမောင်းခံရတာနဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရတာတွေ ကြုံခဲ့ရတယ်လို့ ဩဂုတ် ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ မျက်ရည်များနဲ့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ -အိန္ဒိယနိုင်ငံ အိုဒိရှာပြည်နယ် ကမ်းလွန်ပင်လယ်ပြင်မှာ မြန်မာသင်္ဘောသား ၃ ဦးအပါအဝင် သင်္ဘော သား ၂၄ ဦး လိုက်ပါလာတဲ့ ပနားမားအလံတင် MV Ocean Winner ကုန်တင်သင်္ဘော ပျောက်ဆုံး နစ်မြုပ်သွားပြီး သင်္ဘောသား ၂ ဦးကိုသာ ကယ်ဆယ်နိုင်ကာ ကျန် ၂၂ ဦး ပျောက်ဆုံးနေပါတယ်။ - အမေရိကန်က အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်ပြီး ချမှတ်ဖို့ ပြင်ဆင်နေချိန်မှာ တရုတ်နိုင်ငံ က အခြေအနေတွေကို အနီးကပ်စောင့်ကြည့်သွားမယ်လို့ ပြောလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ @💕ကိုကိုရဲ့ညီမလေး💕👬
💕ကိုကိုရဲ့ညီမလေး💕👬
Region: MY
Tuesday 25 August 2026 03:35:15 GMT
Music
Download
Comments
🇲🇲 Htay Htay 🇹🇭200230 :
မဂ်လာပါ
2026-08-25 13:44:09
0
Ugyi :
🥰
2026-08-25 13:24:29
0
U Than Mg :
🥰🥰🥰
2026-08-25 04:04:36
0
Kaung Lay (Mai Arr Noi) :
🤭
2026-08-25 12:55:30
0
Thae Thae :
🥰🥰🥰
2026-08-25 03:46:35
0
Ko Than Zaw :
🥰🥰🥰
2026-08-25 03:50:00
0
To see more videos from user @sitisuhaibah287, please go to the Tikwm
homepage.