@zawone.medicaltour: နှလုံးသွေးကြောကျဉ်းခြင်း၏ သတိပေးလက္ခဏာ (၃) ချက် ၁။ ရင်ဘတ်အောင့်ခြင်း / ရင်ဘတ်ကျပ်ခြင်း * နှလုံးသည် ဘယ်ဘက်တွင် ရှိသောကြောင့် အများအားဖြင့် ရင်ဘတ်အလယ် သို့မဟုတ် ဘယ်ဘက်ခြမ်းတွင် အောင့်လေ့ရှိသည်။ * ထို့အပြင် ဘယ်ဘက်လက်၊ လက်ချောင်းထိပ်များ သို့မဟုတ် မေးရိုး တို့ဆီသို့ နာကျင်မှု ကူးစက်ပြန့်နှံ့သွားနိုင်သည်။ * (မှတ်ချက်- အစာအိမ်အက်စစ်ပြန်တက်ခြင်း (GERD) ကြောင့်ဖြစ်လျှင် ရင်ပူခြင်း၊ ရင်ညွန့်တွင် စို့ခြင်း၊ လေပူတက်ခြင်းတို့သာ ဖြစ်တတ်ပြီး နှလုံးရောဂါနှင့် မတူပါ) ၂။ နေ့စဉ်လှုပ်ရှားမှုများတွင် ပုံမှန်ထက် ပိုမိုမောပန်းလွယ်ခြင်း * လေ့ကျင့်ခန်းလုပ်၍ မောခြင်းမျိုး မဟုတ်ဘဲ နေ့စဉ်ပုံမှန်လုပ်နေကျ ကိစ္စများတွင် မောပန်းလာခြင်းဖြစ်သည်။ * ဥပမာ - အရင်က လှေကားတက်လျှင် မမောသော်လည်း ယခုအခါ အဆင့်အနည်းငယ်တက်ရုံဖြင့် မောလာခြင်း၊ သို့မဟုတ် ကိုက်အနည်းငယ် လမ်းလျှောက်ရုံဖြင့် ချွေးစိမ်းပြန် မောပန်းလာခြင်း။ ၃။ ချွေးစိမ်းပြန်ခြင်းနှင့် ရင်တုန်ခြင်း * ပထမလက္ခဏာ (သို့) ဒုတိယလက္ခဏာတို့နှင့်အတူ ချွေးစိမ်းများထွက်လာခြင်း၊ ရင်တုန်ခြင်း ယှဉ်တွဲဖြစ်ပေါ်တတ်သည်။ * ဥပမာ - သာမန် လမ်းလျှောက်ခြင်း၊ အပင်ရေလောင်းခြင်းကဲ့သို့ ရိုးရှင်းသော ကိစ္စများလုပ်စဉ်တွင်ပင် ချွေးစိမ်းများထွက်၍ ရင်တုန်လာတတ်သည်။ သတိပြုရန်- ယခုအခါ နှလုံးသွေးကြောကျဉ်းရောဂါသည် သက်ကြီးရွယ်အိုများမှမဟုတ်ဘဲ အသက် (၃၀)၊ (၄၀)၊ (၅၀) အရွယ်များတွင်လည်း ဖြစ်ပွားနိုင်သည်။ မျိုးရိုးလိုက်ခြင်း၊ ကျန်းမာရေး မညီညွတ်သော စားသောက်မှုပုံစံ၊ ကိုလက်စထရော (LDL) မြင့်မားခြင်းတို့ကြောင့် ဖြစ်နိုင်သဖြင့် ကျန်းမာရေးကို ဂရုစိုက်ကြပါရန် အကြံပြုထားပါသည်။ #drzarnizin #ထိုင်းနိုင်ငံဆေးကုသမှု #ကိုဇော်ဝမ်း #medicalcheckup #healthtravelthailand

Zawone Medicaltour
Zawone Medicaltour
Open In TikTok:
Region: TH
Tuesday 25 August 2026 05:41:49 GMT
8948
337
16
35

Music

Download

Comments

ohnmaraye231
Ohnmar Aye :
မင်္ဂလာပါအလုပ်ကိုစေတနာထားလုပ်လို့အဆင်ပြေခဲ့ပါတယ်ကျေးဇူးပါ
2026-09-22 14:02:01
1
user7186190375621
🎀ဟိုရှိင်ရှား🎀 :
မလူပ်မရှားပဲမောနေရင်ကော်ဆရာအသက်ရူလို့မဝဘူးဘာတွေစစ်သင့်လဲ
2026-08-25 06:03:52
1
thient1236
Thient :
မဂ်လာပါဆရာကိမကြရင်ဘက်တခါတလေအေင့်တယ်ချွေးအရမ်းထွက်တယ်အပေါ်အောက်အတက်ဆင်လုပ်ရင်လည်းနဲနဲမောချင်တယ်ညာဘက်လက်မောင်းကတာ်အတော်အောင့်တယ်လက်မောင်းအရင်းကနေအောင့်တယ်လိုအပ်တာလေးတေပြောပြပေးပါဆရာ
2026-08-25 06:15:02
1
aye.mya.thibar
AYE MYA THIDAR :
ကိုကြီးပြောဒါနဲ အကုန်ဖြစ်နေတယ်
2026-08-25 06:40:49
1
tinyi327
လင်ယုန် :
ဆရာအစားဝင်လမ်ကျောင်ကို ဆွဲထားသလိုခံစားရတာက ဘာဖြစ်တာလဲဆရား
2026-08-29 23:07:46
1
user80810781514242
စပယ် ဖြူ :
ဖုန်းနံဖက်က11လုံးဖြစ်နေပ်တယ်မြန်မာပြည်ကဖုန်းကြီးလား
2026-08-30 14:54:53
1
saw.htet1602
ASHER🕊️ :
ဆရာ ဆီးခဏခဏ သွားနေတာကြာပါပြီ။ အိပ်ရေးပျက်ဒဏ်မခံနိုင်တော့လို့ပါ။ ဆီးကျိတ်ပြသနာလိုခံစားနေရပါတယ်။ အိပ်ရေးဝဝမအိပ်ရတော့ ရုပ်ပိုင်ဆိုင်ရာတွေပါကျလာပါတယ်။ ဆရာစီမာ ကုသမှု့ခံယူချင်ပါတယ်မနာမကြင်ပဲ ကုန်ကျဇရိတ်လေး သိလိုပါတယ်🙏
2026-08-28 11:05:13
0
daw.nyunt793
Daw Nyunt :
🥰🥰🥰
2026-08-25 05:53:55
1
belar.ghadal
Belar Ghadal :
🥰🥰❤️❤️❤️
2026-08-25 09:24:32
1
khun.han.bo
Khun Han Bo :
ရိုးတွင်းကျင်စီရောဂါကဘယ်လိုကလက္ခလဲဗျာ၊ ကျတော်ဦးလေးကဒီရောဂါကိုခံစားနေရတယ်လိုမြန်ပြည်ကဆရာဝန်ကပြောတယ်ကုလို့လဲမပျောက်ဘူးဗျာ၊ဆရာဝန်ပေးတဲ့ဆေးသောက်ရင်ခနပျောက်ပြီးခေါင်းပြန်ပြန်ကိုက်တယ်ဗျာ၊ ထိုင်းကိုသွားကုဖို့လုပ်နေတယ်ဗျ၊ဒီရောဂါမျိုးကပျောက်နိုင်လားဗျကျေးဇူးပြုပြီးဖြေပေးပါဗျာ။
2026-08-27 13:55:41
0
12eiei121
12EiEi12 :
☺️☺️
2026-09-01 15:45:56
0
shwe_7171
ရွှေဧည့်သည် :
🥰
2026-09-27 19:47:55
0
To see more videos from user @zawone.medicaltour, please go to the Tikwm homepage.

Other Videos


About