@sh314789: ညောင်တုန်းမြို့နယ် ချောင်းဖျား-ထုံးဝ ရေကာတာ လျှောကျပြိုပျက်၊ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ(ရုပ်/သံ) ညောင်တုန်း ။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၅ ရက် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စုရှိ ချောင်းဖျား-ထုံးဝ ရေကာတာသည် ယနေ့နံနက် ၅ နာရီခန့်တွင် လျှောကျပြိုပျက်မှု ဖြစ်ပွားခဲ့သဖြင့် တာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်းကာ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ ရေကာတာ၏ အထက်မျက်နှာပြင်ပိုင်းမှာ ပေ ၁၀ ခန့် လျှောကျပြိုပျက်သွားပြီး တာခြေဖဝါးပိုင်းသာ ကျန်ရှိနေသဖြင့် ရေဝင်ရောက်နိုင်သည့် အန္တရာယ်ရှိနေသည်။ လက်ရှိတွင် တာဝန်ရှိသူများနှင့် ဒေသခံအင်အား ၅၀၀ နီးပါး ပူးပေါင်း၍ သဲအိတ်များ စီခြင်း၊ ကဒုတ်ရိုက်ခြင်းတို့ဖြင့် ရေကာတာအား အရေးပေါ်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ရေကာတာ ဆက်လက်ပြိုကျပြီး ကျိုးပေါက်မှု ဖြစ်ပွားပါက ရန်ကုန်-ပုသိမ် လမ်းမကြီးအပြင် လှိုင်သာယာ၊ မဲဇလီရေတံခါးနှင့် သဇင်ရေကျော်ဘက်များသို့ ရေဝင်ရောက်နိုင်သည့် အခြေအနေရှိကြောင်း သိရသည်။ SH Media Group က ဒေသခံအချို့ကို ဆက်သွယ်မေးမြန်ရာ ယနေ့နေလည်ပိုင်းအထိတော့ စိုးရိမ်ရတဲ့အခြေအနေမှာပဲရှိသေးတယ်လို သိရသည်။ Video - ဒေသခံ #SHMediaGroup #ညောင်တုန်း #ရေကာတာ #ရေကြီးရေလျှံ #ဧရာဝတီတိုင်း 📰 Chief Online News Editor. .................................................................. 🟥 SH Media Group ကို Follow လုပ်ရန် 🔹 Website – https://shmediagroupmm.blogspot.com 🔹 Telegram – https://t.me/shnews07 🔹 Facebook (SH အထူးဟစ်တိုင်သတင်း) – https://www.facebook.com/SHMedia2026 🔹 Facebook (ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်) – https://www.facebook.com/SHNews07 🔹 Facebook (အမှန်တရား သတင်းဂျာနယ်) – https://www.facebook.com/SHNewsZaw7 🔹 TikTok – https://www.tiktok.com/@sh314789 🔹 YouTube – https://youtube.com/channel/UCLqnKVthBqtyxX0nMRf8-eQ 🔹 Viber Channel – https://invite.viber.com/?g2=AQBmevNkgyhVplZ9lkTwkTaNPLgUEOwOLCAvKZjqEbKHZH35DVNiImXT6yAlDom7 🔔 အချိန်နှင့်တစ်ပြေးညီ သတင်းများ၊ ဓာတ်ပုံများနှင့် Video များကို ကြည့်ရှုနိုင်ရန် Follow လုပ်ထားပေးပါ။
SH အထူးဟစ်တိုင်သတင်းဌာန
Region: MM
Tuesday 25 August 2026 06:40:35 GMT
Music
Download
Comments
Ma Mya San :
ဖြစ်ရင်လဲတနိုင်ငံလုံးဖြစ်ပါ
ကွက်ကြားကွက်ကြားမဖြစ်ပါနဲ့ဖြစ်နေတဲ့သူတေကိုမကူနိုင်လို့ရှက်လို့ပါ
2026-08-25 08:40:24
18
Nar nar Nar nar :
ကမ်းရင်းကိုလည်ထိန်းသိမ်းရမယ်ဘောပိုက်တန်းတွေချ
သဘော်များစက်တပ်ရေယာဥ်များဖျတ်သန်းမောင်နှင်ခွင့်မပေးရပါဘူး ရေလှိုင်းကြောင့်ကမ်းရင်းပြိုနိုင်ပါတယ်ဘောပိုက်တန်းတွေ2တန်း3တန်းချထားရင်ပိုကောင်းပါတယ်
2026-08-25 08:54:37
10
user6171392280138 :
ကောင်းပါတယ် ကြိုတင်ပြီး ကာကွယ်တာ
ဖြစ်သွားခဲ့ရင် မလွယ်ဘူး
2026-08-25 08:54:04
13
☘️Htet☘️♍️ :
ရန်ကုန်မအူပင်ဘက်သွားတဲ့လမ်းကြီးလား
2026-08-25 09:00:43
3
kyaw minnaing :
ကမ်းပြိုရင်မနိုင်ဘူး သတိထားလုပ်ကြပါ
ငါတို့လေးမျက်နှာမြို့နယ်ကျုံပျော်မြို့နယ်ရေကြည်မြို့နယ်ကတော့ကုန်သွားပြီ
2026-08-25 08:03:12
7
𝓚𝓸 𝓚𝓱𝓲𝓷 ( 𝓗𝓣𝓨) :
ပြည်သူတွေသတိနဲ့နေကြနော် ဟိုလိုလို ဒီလိုလိုနဲ့ပေါ်တာအဆွဲခံရတာ မြင်ယောင်သေးတယ်🤣🤣
2026-08-25 10:54:47
1
တောသားကြီး :
အောင်မြင်ပါစေ ဘေးကင်းကြပါစေ
2026-08-25 08:29:42
5
Flower :
နိုင်ပါ့မလားအဲ့လောက်ကြီးကို
2026-08-25 06:49:30
3
အဓိပတိဖွားဇော်ကြီး :
2026-08-25 08:26:32
1
ခေါင်းဖြူကြီး :
လှိုင်သာယာကို ကယ်တင်လိုက်ပြီ
2026-08-25 09:00:35
1
yiyitint :
ကျေးဇူးတက်ပါတယ်အားလုံးကို🥰🥰🥰
2026-08-25 08:43:44
2
Moe Satt :
2026-08-25 08:24:04
1
U Nyunt Win :
တင်ပေးလို့ ကျေးဇူးပါ🥰🥰🥰
2026-08-25 08:42:29
0
Ss :
အားလုံးအစဉ်ပြေကြပါစေ
2026-08-25 08:46:23
1
waizaw :
ဘေးရန်ကင်းကြပါစေ🙏🙏🙏
2026-08-25 08:50:37
1
Moe Sat by Myo Zaw :
လွတ်တော်မှာ ဆွေးနွေးဖုိ့ စိစဥ်နေပါယ်ဗျ ပြည်သူလူထုကြိး အရမ်းစိတ်မပူပါနဲ့😁
2026-08-25 09:32:55
0
Swe Swe Aung :
စက် တွေနဲ လုပ်သင်တာကိုကြိုပြီလုပ်ဆောင်ကြပါ
2026-08-25 10:22:19
0
Cho Hnin :
ဘေးအန္တရာယ်များ ကင်းဝေးကြပါစေ
2026-08-25 09:10:40
3
rosegreen827 :
အမြန်ဆုံးကာကွယ်နိုင်ကြပါစေ 🙏🙏🙏
2026-08-25 06:57:25
5
U Thaun Win :
ပြည်သူဝန်ထမ်းအားလုံးညီညွတ်နေကြတာမြင်တွေ့ရလို့ဂုဏ်ယူပါတယ်ဗျာ
2026-08-25 08:57:54
3
Nay Myo Nwe :
အဲ့လိုလုပ်ပါ....
ဝမ်းသာပါတယ်ဗျာ..
ပထမတော့ စိုးရိမ်မိတယ်..။
2026-08-25 08:34:21
3
USer6025499300 :
ကျန်းမား ချမ်းသာကြပါစေ
2026-08-25 08:23:58
1
htêt ãüñg 🇲🇲🇹🇭 :
ဝါးနဲ့နိုင်မလားကွ ဒီလောက်မြစ်ရေအားကို😂😂😂
2026-08-25 09:00:35
4
လမင်းအိမ် :
အချိန်မီ ပြီးစီးအောင်မြင်ပါစေ
2026-08-25 06:52:55
2
To see more videos from user @sh314789, please go to the Tikwm
homepage.