@sa.min.thu009: #အာရက္ခတပ်တော် (AA) ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကုလားတန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ မြန်မာအာဏာသိမ်းခေါင်းဆောင်တို့ ဆွေးနွေး သဘောတူခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အာဏာသိမ်းသမ္မတက သူ့ရဲ့ အိန္ဒိယခရီးစဥ်အတွင်း မြန်မာနိုင်ငံက အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ ကုလားတန်စီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်း စီမံကိန်းကို အပြီးသတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဇွန်လ ၁ ရက်နေ့မှာ ဆွေးနွေး သဘောတူခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် ကုလားတန်စီမံကိန်းဟာ AA ရဲ့ လက်အောက်မှာ ကျရောက်နေတဲ့အတွက် AA မပါရင် စာရွက်ပေါ်က သဘောတူချက်သာ ဖြစ်လိမ့်မယ်လို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပါတယ်။ #crdဦးဖေသန်း #TheIrrawaddyNews #အမေစုကျန်းမာပါစေ🙏🙏🙏 #လူကိုလူလိုမြင်နိုင်ကြပါစေ

🇹🇼 Sa Min Thu 🇰🇷
🇹🇼 Sa Min Thu 🇰🇷
Open In TikTok:
Region: MM
Tuesday 25 August 2026 07:28:01 GMT
1361
57
0
6

Music

Download

Comments

There are no more comments for this video.
To see more videos from user @sa.min.thu009, please go to the Tikwm homepage.

Other Videos


About