@zawmyo4685: တဖက်လူက ကိုယ့်ကို အရေးမပါသလို ဆက်ဆံလာတဲ့အခါ စိတ်ဆိုးမာန်ဆိုးနဲ့ သွားပြီး အပြစ်တင်စောဒကတက်နေဖို့ မလိုပါဘူး။ လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ကိုယ်ဟာ အဆင့်ဘယ်လောက်ရှိလဲဆိုတာ သူပြတဲ့အမူအရာက သက်သေပြနေတာပဲလေ သူ့ဘဝ သူ့ကမ္ဘာထဲမှာ ကိုယ့်ထက် ပိုပြီး အရေးပါတဲ့အရာတွေ ပိုပြီးဦးစားပေး ရမယ့်သူတွေ ရှိချင်ရှိနေမှာပေါ့ ။ ဒါဟာ ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး လူတိုင်းမှာ ကိုယ့်ဘဝနဲ့ကိုယ် ရွေးချယ်ပိုင်ခွင့်ရှိတာပဲ။ အတင်းအကျပ်တောင်းဆိုလို့ ရလာတဲ့ဂရုစိုက်မှုက တန်ဖိုးမရှိသလို နေရာမရှိတဲ့ဇာတ်ခုံပေါ်မှာလည်း အတင်းတိုးဝှေ့ပြီး နေရာမယူချင်တော့ဘူး ။ အရေးမပါတော့ဘူးလို့ ခံစားရတဲ့နေ့ကစပြီး ဘာအပြစ်မှမတင်ဘဲ ကိုယ့်ဘက်ကပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နောက်ဆုတ်ပေးလိုက်တာဟာ အကောင်းဆုံးနဲ့ အသိက္ခာအရှိဆုံး ဖြေရှင်းနည်းပါပဲ။ တခါတလေကျရင်လည်း တွေးမိပါတယ် သူ့ဘက်က ကိုယ့်အပေါ် အလေးမထားတော့သလို ဆက်ဆံလာတဲ့အခါ သွားပြီး စိတ်ကောက်နေလို့လည်း ဘာမှထူးမလာဘူးဆိုတာ ကိုပေါ့။ သူတပါးကို အပြစ်ပုံချနေမယ့်အစား သူ့မှာလည်း ကိုယ့်ထက် ပိုပြီးအရေးကြီးတဲ့ ကိစ္စတွေ ပိုပြီးတန်ဖိုးထားရတဲ့ စိတ်အာရုံတွေ ရှိနေမှာပါလားလို့ပဲ တွေးပေးလိုက်တယ်။ သံယောဇဉ်ဆိုတာ အပြန်အလှန်ရှိမှ မျှတတာမျိုးမို့ကိုယ့်ဘက်က ဘယ်လောက်ပဲ အလေးအနက်ထားထားသူက လျစ်လျူရှုတယ်ဆိုရင် ကိုယ့်ရဲ့ တည်ရှိမှုကိုပြန်ဆန်းစစ်ဖို့ အချိန်တန်ပြီ။ အပြစ်တင်စကားတွေနဲ့ ရန်မဖြစ်ချင်ဘူး စိတ်ဝမ်းမကွဲချင်ဘူး အားလုံးကို နားလည်ပေးရင်းနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ဖို့ ကိုယ့်ရဲ့ သီးသန့်ကမ္ဘာလေးထဲမှာပဲ အေးအေးချမ်းချမ်း နေထိုင်ဖို့ပဲ ရွေးချယ်လိုက်ပါတယ်။ #creatorsearchinsights #crd #foryoupage❤️❤️ #tiktokindia #စာတို💯
A🫀
Region: TH
Tuesday 25 August 2026 07:53:46 GMT
Music
Download
Comments
"中心"💦 :
စာသားလေပေးပါလာ
2026-08-25 10:59:49
1
🐼Van ⚽⚽⚽ :
ဟုတယ်ဗျား အခုလည်းကိုယ့်ကိုကိုယ်ပြန်ချစ်မယ်ကိုယ့်အရင်ပုံစံလေးအတိုင်းပြန်ပိးတော့နေမယ် ဘဝမမှာအရေးကြီးဆုံးအရာတွေပိုလုပ်မယ် သူ့အတွက်ကတော့ ကိုယ့်ဘက်ကတိတ်ဆိတ်ပေးလိုက်ရတာနားလည်ပေးရတာကလွဲရင် ရင်ထဲမှာတော့သူ့အတွက်နေရာရှိနေတုန်းပါဘဲဗျား😢😢😢
2026-08-25 15:18:35
2
AKuma🍀🍃🇲🇲🇹🇭🌿🍁 :
စာသားလေးပေးပါလားဗျာcrdပေးပါမယ်ဗျာ🥺
2026-08-25 12:40:31
2
🌜 " NGA DU " 🌛 :
🥺🥺🥺
2026-08-25 14:45:41
1
™JOLi™✓{^•°} :
2026-08-25 15:03:46
1
Htet :
ကော်ပီယူအုံးမယ်ဗျ
2026-08-25 16:22:27
0
Älëx Øppä :
🥺🥺🥺
2026-08-26 05:32:05
0
To see more videos from user @zawmyo4685, please go to the Tikwm
homepage.