@midnight.tea5: လူတွေက ကျွန်မကို အမြဲပြောကြတယ်။နင်က လူ တစ်ယောက်နဲ့တွဲနေချိန်ချစ်တုန်းကလည်း တကယ် ချစ်ခဲ့ပုံပါပဲ။ ဒါပေမယ့် ဘယ်သူနဲ့ပဲ ပြတ်ပြတ် အသည်းမကွဲသလိုပဲနော်တဲ့။ အဲဒီအခါတိုင်း ကျွန်မက ပြုံးပြီးပဲ ဖြေတတ်ပါ တယ်။“ဟုတ်တယ်… ကျွန်မ အသည်းမကွဲဘူး။" ဒါက ကျွန်မမှာ နှလုံးသားမရှိလို့ မဟုတ်ဘူး။ချစ်တတ်တဲ့ စိတ် မရှိလို့လည်း မဟုတ်ဘူး။ တကယ်တော့ ကျွန်မက လူတစ် ယောက်ကို ချစ်နိုင်သလို၊ လိုအပ်တဲ့အချိန်မှာ ထွက်လာနိုင်အောင်လည်း ကိုယ့်ကိုယ်ကို လေ့ကျင့်ထားလို့ပဲ ဖြစ်တယ်။ အရင်တုန်းကတော့ အချစ်တစ်ခုအဆုံးသတ်သွားရင် ဘဝတစ်ခုလုံး ပြိုကျသွားသလို ခံစားရမယ်လို့ ထင် ခဲ့ဖူးတယ်။ ဒါပေမယ့် အသက်အရွယ်၊ အတွေ့အကြုံ နဲ့ ဘဝရဲ့ သင်ခန်းစာတွေက ကျွန်မကို အရာတစ်ခု သင်ပေးခဲ့တယ်။ လူတစ်ယောက်က ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်တယ်။ ဒါပေမယ့် ကိုယ့် ဘဝတစ်ခုလုံးတော့ ဘယ်တော့မှ မဖြစ်သင့်ဘူး။ ကျွန်မဘဝရဲ့ ပျော်ရွှင်မှု အိမ်မက်တွေကို လူတစ် ယောက် ရှိနေခြင်း၊ မရှိနေခြင်းအပေါ် မတည်ဆောက် ထားဘူး။ကျွန်မမှာ ကိုယ်ပိုင်အလုပ်တွေရှိတယ်။ ကိုယ်ပိုင်ရည်မှန်းချက်ရှိတယ်။ကိုယ်ပိုင်ဝင်ငွေရှိတယ်။ကိုယ်ပိုင်အိပ်မက်ရှိတယ်။ အရေးကြီးဆုံးက ကိုယ်ပိုင်တန်ဖိုးရှိတယ်။ဒါ ကြောင့် လူတစ်ယောက် ထွက်သွားတာက ကျွန်မဘဝ တစ်ခုလုံး ပြိုလဲသွားစရာ အကြောင်းမရှိဘူး။ ကျွန်မ ချစ်တယ်။ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မေ့သွား တဲ့အထိ မချစ်ဘူး။ကျွန်မ ဂရုစိုက်တယ်။ဒါပေမယ့် ကိုယ့်တန်ဖိုးကို လျှော့ချပြီး အချစ်တောင်းစားရတဲ့ အထိ ဂရုမစိုက်ဘူး။ကျွန်မ သစ္စာရှိတယ်။ဒါပေမယ့် ကိုယ့်ကို မလေးစားတဲ့သူ အတွက် ကိုယ့်ကိုယ်ကိုယ် စတေးတဲ့အထိ သစ္စာမရှိဘူး။ အချစ်က ဘဝကို လှပ စေတယ်။ဒါပေမယ့် ဘဝကို တည်ဆောက်ပေးတာ က ကိုယ့်ရဲ့ အသိပညာ၊ အလုပ်အကိုင်၊ စည်းကမ်း၊ စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်တွေပါ။လူတစ်ယောက် ကို ဆုံးရှုံးတာထက် ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးသွားတာ က ပိုနာကျင်တယ်။ လူတစ်ယောက်အတွက် ကိုယ့် အိပ်မက်တွေကို စွန့်လွှတ်လိုက်ရတာ...ကိုယ့်တန်ဖိုး ကို မေ့သွားတာ..ကိုယ့်ဘဝကို ရပ်ထားလိုက်ရတာ.. အဲဒါတွေက အသည်းကွဲတာထက် ပိုဆိုးတယ်။ ဒါကြောင့် ကျွန်မက အချစ်ထက် ကိုယ့်ဘဝကို ပို တည်ဆောက်တယ်။နေ့တိုင်း ငွေရှာတယ်။နေ့တိုင်း သင်ယူတယ်။နေ့တိုင်း ကိုယ့်စိတ်ကို ပိုသန်မာအောင် လေ့ကျင့်တယ်။မနေ့ကထက် ဒီနေ့ ပိုကောင်းတဲ့ လူဖြစ်ဖို့ ကြိုးစားတယ်။ ကိုယ့်ဘဝက မြင့်လာလေ လေ...ကိုယ့်တန်ဖိုးကို ကိုယ်သိလာလေလေ….လူတစ်ယောက် ထွက်သွားလို့ ကိုယ့်တန်ဖိုး မကျသွားတော့ဘူး။ အသည်းမကွဲတဲ့သူဆိုတာ ခံစားချက်မရှိတဲ့သူ မဟုတ်ဘူး။ခံစားချက်ထက် အသိစိတ်ကို ရွေးချယ် တတ်တဲ့သူ။ လူတစ်ယောက်ထက် ကိုယ့်ဘဝကို ပို တန်ဖိုးထားတတ်တဲ့သူ။မှားတဲ့လူကို ဆုပ်ကိုင်ထား တာကို သစ္စာလို့ မခေါ်ဘူး။ လွှတ်ချိန်ရောက်ရင် လွှတ်တတ်တာက ပိုရင့်ကျက်တယ်။ #crd_to_owner_with_respect #midnighttea #ဗဟုသုတစာပေ #viraltiktok #fyppppppppppppppppppppppp

Midnight.tea🐾
Midnight.tea🐾
Open In TikTok:
Region: MM
Tuesday 25 August 2026 10:10:04 GMT
28317
2666
23
146

Music

Download

Comments

user051241006
🚫 :
စားသားပေးပါလားရှင့်
2026-09-29 14:14:06
1
moemyintmyintsoe532
moemyintmyintsoe532🇲🇲🎌🇯🇵 :
စာသားလေးလိုချင်လို့မမ
2026-08-26 12:41:43
2
kyawh.shwe.sin
✨✨✨ :
လွှတ်ချိန်ရောက် လွှတ်ချပေးခြင်းဖြင့် ရင့်ကျတ်စွာ ချစ်တတ်ခဲ့ဖူးပြီ
2026-08-25 13:19:31
6
thaesu1305
🍒🌷🍎นส.แตสุลุ่ย🌻🌸🌺🍒 :
အသည်းကွဲတယ်ဆိုတာ..ပိုက်ဆံပြတ်တဲ့အချိန်ပါ🤭🤭😆
2026-09-19 11:27:56
1
hninpopoaung1234
နှင်းပိုပိုအောင် ♾️ :
စာသားလေးယူမယ်နော်
2026-09-22 10:35:44
2
sajin5465
Thazin Mon :
တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့ပီး
2026-08-25 15:14:23
1
zin.zin.phyo4774
💞စပိုင်ဒါ-မဇင်ဖြိုး💞 :
copyယူမယ်နော်🥰
2026-08-26 12:53:56
1
golden.glasses5
Golden Glasses :
အရမ်းမှန်တာပဲ🥰
2026-08-26 10:39:38
1
mi.xsu.xsu
Mi XSu XSu :
အမှန်တရားပြတ်ရင်အရာရာတိုင်းကိုလွှတ်ချပစ်တာ မချစ်ခဲ့ဘူးဆိုတာတွေပါလာ ေရာ👌
2026-09-26 14:34:15
1
zarzar74304
ဘိတ်သူလေး 🥰 (Angel)🥰🥰 :
🥰🥰
2026-09-08 15:48:25
0
chocolate10340
Yi Yi 🫧 :
2026-09-28 15:56:46
0
fang.fang5191
တိမ်လွှာပန်း🌺🌺🌺🌺🌹🌹🌹🌹🌷 :
❤️❤️❤️
2026-09-09 11:38:40
1
thanthan.htay6
Than Than Htay :
🥰
2026-09-22 17:47:37
1
aung.myint.18204
𝐓𝐇𝐄 𝐖𝐈𝐋𝐋𝐏𝐎𝐖𝐄𝐑 :
👍👍👍
2026-08-26 13:42:51
1
myatnankhaing3
Myatnankhaing :
🥰🥰🥰
2026-09-04 08:17:06
0
fox40647rth
✝️Dj🇯🇵 :
🫡
2026-08-25 15:13:16
1
To see more videos from user @midnight.tea5, please go to the Tikwm homepage.

Other Videos


About