@kokoronokeshiki: တကယ်လွှတ်ချနိုင်သွားတဲ့အခါ ကောင်မလေးတစ်ယောက်က ပြောတယ်… "လူတစ်ယောက်ကို တကယ်လွှတ်ချနိုင်လိုက်တဲ့ ခံစားချက်ကို နောက်မှ ကျွန်မသိလိုက်ရတယ်။ အဲဒီခံစားချက်က တအုံအုံမြည်နေတာမျိုး မဟုတ် ဘူး။ နှလုံးသားတစ်ခြမ်း ပဲ့ကြွေသွားတာမျိုးလည်း မဟုတ်ဘူး။ နေ့စဉ်ဘဝကို ကျွန်မ ဆက်ဖြတ်သန်းနေပြီး ထမင်းစားချိန်၊ အလုပ်တက် အလုပ်ဆင်းချိန်၊ ဂိမ်း ဆော့နေချိန်မှာ သူ့ကို သတိရနေတတ်ပေမယ့် ဘာ လှိုင်းမှ မထတော့တာပဲ။ သူနဲ့အကြာကြီး ရင်းနှီးခဲ့ ပြီလေ ... စိတ်နစ်ပြီးတော့လည်း အစွမ်းကုန် ချစ်ခဲ့ ပြီးပြီလေ..” တဲ့။ လူတစ်ယောက်ကို လွှတ်ချရတာ အရမ်းခက်ခဲမယ် လို့ အရင်က ကိုယ်တို့ ထင်ခဲ့တယ်။ သည်းအူပြတ် မတတ် ချစ်ခဲ့ဖူးတော့ သတိမရအောင်၊ မလွမ်း အောင်နေဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကိုယ်တို့ဟာ နောက်ကြောင်းကို အကြိမ်ကြိမ် ပြန်မလှည့်ကြည့် နိုင်တော့ဘူး။ ပျော်ရွှင်ခဲ့တာ၊ ဝမ်းနည်းခဲ့တာတွေ ကို ထပ်တလဲလဲ သွားမထိတွေ့ချင်တော့ဘူး။ တည်ငြိမ်တဲ့ဘဝမှာ နေသားကျဖို့သာ ကြိုးစား နေထိုင်မိတော့တယ်။ တစ်ယောက်တည်းဆိုပေ မယ့်လည်း နေ့ရက်ကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တော့တယ်။ လူတစ်ယောက်ကို လွှတ်ချလိုက်ပြီဆိုတာကို စကားအဖြစ်သာ ပြောရုံ မဟုတ်ဘဲ စိတ်နှလုံးသား ထဲကနေပါ လွတ်ထုတ်လိုက်သင့်တာပါ။ သူ့သတင်းကို ကြားလည်း ဘာမှ ခံစားချက်မရှိတော့ဘူး၊ သူ့ဓာတ်ပုံမြင်ရင်လည်း ရင်မခုန်တော့ဘူး၊ မတော်လို့ လမ်းမှာဆုံခဲ့ရင်လည်း စိတ်သဘော ထားကြီးကြီးနဲ့ ရင်ဆိုင်ရဲတယ်။ တွေ့ဆုံခြင်းရဲ့အဓိပ္ပာယ်က အိုမင်းတဲ့အထိလက်တွဲသွားမယ်ဆိုရုံ မဟုတ်ဘဲ နှစ်ဦးသားရဲ့ ကြီးပြင်းရင့်ကျက်လာမှုကို မျက်မြင်ကိုယ်တွေ့ ခံစားဖို့လည်းဖြစ်တယ်။ တကယ်လို့ လမ်းတစ်ဝက်မှာ လမ်းခွဲဖို့အကြောင်း ဖန်လာရင်လည်း စိတ်လက်ပေါ့ပါးစွာနဲ့ လက်ပြ နုတ်ဆက်ကြရုံပေါ့။ ချစ်ခဲ့ဖူးတာတွေ၊ ပျော်ရွှင် ကြည်နူးခဲ့ဖူးတာတွေ၊ အတူလျှောက်လှမ်းခဲ့ဖူး တဲ့ အချိန်နေ့ရက်တွေကို မှတ်သားထားပြီး ကိုယ် နဲ့သက်ဆိုင်တဲ့ ဘဝခရီးလမ်းကို ဆက်လက် လျှောက်လှမ်းရုံပေါ့။ နင့်ရဲ့ကမ္ဘာမှာ နင်ဟာ နင့်ရဲ့အလင်းဖြစ်ပါစေ။ အမြဲတမ်း ထွန်းလင်းတောက်ပနေပြီး ဆွဲဆောင်မှုနဲ့ ပြည့်နေပါစေလို့ ကိုယ်တောင်းဆုပြုပါတယ်ပေါ့။ #fypシ #နိုင်းနိုင်းစနေ #心が少し軽くなる景色を

🌿Dreamy Day🌿
🌿Dreamy Day🌿
Open In TikTok:
Region: MM
Tuesday 25 August 2026 13:37:17 GMT
130160
12394
37
532

Music

Download

Comments

ma.chitpo1920
🥀 Cover🥀🥀🥀 :
အခုအရမ်းခံစားနေရပါတယ်ဘယ်လိုလုပ်ရမလဲရှင့်🥹ဒီနေ့ကိုယ့်ကိုလာတောင်းပန်ပီးနောက်နေ့အဲ့ကောင်မလေးနဲ့ပြန်ဆက်သွယ်နေတာက😭😭
2026-09-17 04:29:13
1
yuki67909
khine🌹 :
သူလဲမလိုတော့မှန်းသိလို့ လွှတ်ချလိုက်ပါတယ် အဆင်ပြေတယ်လို့မဟုတ်ပေမယ့်နေနိုင်ဖို့ကိုအတော်ကြိုးစားနေရတယ် ဖုန်းဆက်ချင်စာပို့ချင်တဲ့စိတ်တွေကိုလဲအာရုံလွှဲထားရတယ် အရင်ကတယောက်တည်းနေခဲ့ပေမယ့် သူမရှိတော့တဲ့နောက်ပိုင်းမှတယောက်တည်းနေဖို့ကတော်တော်ခက်ခဲတာပါလားလို့တွေးမိတယ် ပြန်ပြီးကျင့်သားရအောင်အတော်ကြိုးစားရဦးမယ်
2026-09-09 05:39:31
8
mayphyunaing21
🇲🇲May Phyu🇹🇭 :
လွှတ်ချလိုက်ပေမဲ့ မေ့လို့မရသေးဘူးကွယ်😌😌😌
2026-08-29 16:45:35
6
phyu.kyal.sin4
PK♈ :
စာလေးချပေးလိုရမလားဟင်🙏
2026-09-16 14:58:11
1
kyway535
Kyway :
ပြန်တင်ပါရစေ
2026-09-17 11:02:51
1
sandihtwe297
Ĥ🤍 :
စာသားလေး ချပေးပါလား 🥺
2026-09-15 17:29:41
0
znwaycp2
ZNWAYCP :
၂နှစ်ကျော်တည်ဆောက်လာတဲ့ ဆက်ဆံရေးတစ်ခုကို လွတ်ချနိုင်ခဲ့တာ၁နှစ်ကျော် ကြာပြီဆိုပေမယ့် တစ်ခါတစ်လေ ပြန်ပြန်လွမ်းမိနေတုန်း သူလဲ သူ့မိသားစုလေးနဲ့ ပျော်နေလောက်ပါပြီ🥺
2026-09-17 03:33:55
1
ah.phyo3937
Zabu Htet💃🍀 :
စာသားလေးချပေးပါလားရှင့်
2026-09-02 14:43:32
2
nangkhamhtay83
Nang Kham htay❤️‍🩹 :
လွတ်ချလိုက်ပါပီမမေ့နိုင်သေးတာဘဲရှိတယ်
2026-09-16 17:05:29
1
aye.thin7904
Aye Thin📚🧵🪡🎽🫰 :
အခုကိုယ်လဲအဲလိုခံစားနေရတယ် လွတ်ချလိုက်ပေးမဲ့ သတိယနေလို့ရပါတယ်😁
2026-08-27 02:47:27
4
suyee.win72
suyee win :
အဲ့လို လွှတ်ချလိုက်ချင်တာ မရသေးဘူး
2026-08-26 23:57:25
1
hsu.lay6941
🍓H🍓 :
ကျမကိုဝိုင်းပြီးအကြံလေးပေးကြပါလားအရူးမီးဝိုင်းနေလို့ပါ လက်ရှိခြေနေမှာသူကဝန်ထမ်းပါ ဖောက်ပြန်တာမိလို့ကျမကခွင့်လွှတ်ပါတယ် မပြိုကွဲချင်လို့ သည်းခံပါတယ် ကြားခံသမီးလေးရှိတာမလို့ ဒါပေမဲ့သူကဖီဖီခါပြီးတစ်ဖက်မိန်းကလေးမှမိန်းကလေးဖစ်နေပါတယ် အပေါ်ကပြောသလိုဝန်ထမ်းဆိုတော့လူကြီးပိုင်းတေကထိန်းပေးခြောက်ပေးညှိနေပေးကြပေးမဲ့ ခုထိလည်းသူကရီမောလို့တစ်ဖက်နဲ့လမ်းတွေ့တောင်ကလေးတောင်မခေါ်ဘူး ကျမသိပါတယ်ဒါမျိုးလူမျိုးကဘယ်လောက်ရွ့ံစရာကောင်းလည်းဆိုတာဒါပေမဲ့ကျမလက်မလွှတ်နိုင်ဘူးဖြစ်နေတယိ
2026-08-31 19:03:17
2
user187815330228
โมโม :
မဖျစ်နိုင်ဘူထင်တာပါ တကယ်တန်ကျတောအရာအားလုံးဖျစ်နိုင်ပါတယ်လွတ်ချလိုက်ပိမှ သိလာတယ်အေးချမ်မူတွေပျော်ရွင်မူတွေရှိပါသေးတယ်
2026-08-31 13:57:58
2
kit.kit9817
Kit Kit🐁 :
ကြိုးစားနေတယ်🥺
2026-08-28 00:36:23
1
chaw754
🍀Yin Lae 🌸 :
ပြန်တင်လို့ရလားရှင့်
2026-08-30 04:18:32
1
nawhnin049
Naw Hnin 🤍 :
စာလေးcopyယူပါရစေရှင့်🥰
2026-08-30 00:16:45
2
daw.moe7934
daw moe :
ကျမကတော့အဲ့စာသားကကျမတွေးတဲ့အတိုင်းခံစားချက်မတိုင်း.အားလုံးက ထပ်တူ ပါဘဲ..လွှတ်ချလိုက်တော့ အရာရာ ဟာအေးချမ်းလာတယ်🥰အခုဆို..ဒီမိသားစုလေးမှာ..ပျော်ရွှင်လို့စိတ်ချမ်းသာနေလေရဲ့ရှင်🥰🥰
2026-09-04 16:33:01
1
e.toe36
aye thinzar(သားတုံလေးမေမေ🥰) :
အဲ့နေနိုင်ပီးလွတ်ချနိုင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်ချင်လှပီ🥺
2026-09-17 01:14:49
1
hnaungmakha_19
. . . :
ကိုယ်လွှတ်ချဖို့တွေးရင်းနောက်တွန့်နေချိန်မှာပဲ သူကကိုယ့်ကိုစွန့်လွှတ်သွားတယ် ကျေးဇူးတင်ရမလိုပါပဲ
2026-09-17 13:22:02
0
user6222325455581
ကျူးလစ်ဝါ🌷 :
2026-09-16 07:38:39
0
phyoe2739
Trisha♈💗 :
😁😁😁
2026-08-31 15:13:45
1
To see more videos from user @kokoronokeshiki, please go to the Tikwm homepage.

Other Videos


About