@coralsxofq0: 📚 Reading Passage တစ်ခုကို ကလေးစိတ်ဝင်စားလာအောင် ဘယ်လိုလုပ်ဖြစ်လဲ။ “What Ancient Egyptians wore” ဆိုတဲ့ topic မျိုးက History/ Fashion စိတ်မဝင်စားတဲ့ ကလေးအတွက်ဆို အတော်ငြီးငွေ့စရာပါ။ သူ့ဘာသာ ဘာဝတ်ဝတ်ပေါ့😏 လို့ တွေးနေမှာပါဘဲ။ တစ်နေ့လုံး ကျောင်းမှာလည်း စာတွေသင်ပြီး ပင်ပန်းလာတဲ့အချိန်— “Okay. Open your books and read this passage.” လို့ပြောလိုက်ရုံနဲ့ စာဖတ်ချင်စိတ်ကပေါ်မလာပါ။ ဒါကြောင့် Reading မစခင် ကလေးတွေရဲ့ Background Knowledge ကို အရင်တည်ဆောက်ပေးဖြစ်တယ်။ - Have you ever heard of Ancient Egyptians?” - “Do you know who a Pharaoh was?” - “What kind of clothes do you think people wore thousands of years ago?” စတဲ့ မေးခွန်းလေးတွေမေးပြီး စကားလေးအရင်ပြောတယ်။ ရှေးခေတ်လူနေမှုဘဝ၊ အဝတ်အစား၊ ယဉ်ကျေးမှုနဲ့ အသုံးအဆောင်တွေကို မြင်ယောင်နားလည်နိုင်ဖို့ ကိုယ်ရဲ့Visual Aids တွေကို အသုံးပြုပြီး အပြန်အလှန်စကားပြောပေးဖြစ်တယ်။ အဲဒီအခါကျ ကလေးက စာပိုဒ်ဖတ်နေတယ်လို့ မခံစားရတော့ဘဲ အသစ်အဆန်းအကြောင်းအရာတစ်ခုကို ရှာဖွေလေ့လာနေသလို ဖြစ်လာပါတယ်။ သိလိုစိတ်နဲ့ ဖတ်တော့ စာထဲက ပေးချင်တဲ့ message ကို သူရှာပါတော့တယ်။ #Reading #englishskills

Coraline
Coraline
Open In TikTok:
Region: US
Tuesday 25 August 2026 14:43:47 GMT
310
9
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @coralsxofq0, please go to the Tikwm homepage.

Other Videos


About