@kohtike7231: ၁-ဘယ်သူ့ကိုမှ မကြောက်ရဘူး။ ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ် ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး ရင်ဆိုင်ရဲရမယ်။ ၂-ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။ ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။ မေလာရဘူး။ ၃-ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မ်က္ဆုံး ချင်းဆိုင်ရမယ်။ ၄-ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။ မယုတ်မာနဲ့။ ၅-ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ သည်းခံရမယ်။ ၆-ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။ ၇-လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။ လူတိုင်း သဘောကျအောင်မနေနဲ့။ ၈-ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။ လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊ မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး နေတာမျိုးတွေကို ရှောင်ရမယ်။ ၉-ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည် နိုင်ရမယ်။ ၁၀-ပွင့်လင်းရမယ်။ အရွိကို အရှိအတိုင်း လက်ခံ နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။ ၁၁-လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှု ကိုမွ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။ ၁၂-လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင် ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။ ၁၃-မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။ ၁၄-လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။ အဝေအဖန် မစောစေနဲ့။ ၁၅-အလိုက်သိတတ်ရမယ်။ ၁၆-ဘယ်အရာမှ အလကား မလိုချင်နဲ့။ သူတစ်ပါးဆီက အရာတွေကို လူလည်ကျ အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။ ၁၇-မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။ ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။ ၁၈-ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။ အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ မရင့်ကျက်ခြင်းပဲ။ ၁၉-အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း ရပ်တည် နိုင်ရမယ်။ ကိုယ်လုပ်မှ ကိုယ္စားရမွာ။ ဒါကြောင့် တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမွ ကြောက်မနေသင့်ဘူး။ ၂၀-ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော် နိုင်ရမယ်။ ရုံးမှာကို မကြောက်သင့်ဘူး။ ၂၁-စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကို ရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။ * ကိုယ်တိုင်လည်း အရမ်းကြီ ရင့်ကျက်ပီဆိုတဲ့သူထဲ မှာတော့မပါသေးပါဘူး။ တစ်ခါတစ်လေ စိတ်ဓာတ်ကျ ရတဲ့ အခိုက်အတန့်လေးတွေ ရှိနေဆဲပါ။ စိတ်ဓာတ်ကျ တဲ့ အချိန်တွေတိုင်းမှာ အထက်ပါ အချက်လေးတွေက ခွန်အားဖြစ်စေခဲ့ပါတရ်။ * ရပ်တန့်သွားတဲ့ ခြေလှမ်းတွေကိုရှေ့ဆက်လှမ်း စေ ခဲ့ပါတယ်။ လဲကျရင်း ပြန်ထနိုင်ဖို့ အထိုက်အလျောက် ရ င့်ကျက်လာစေခဲ့ပါတယ်။ ဒီစာလေးတွေက သင့်ဘဝရဲ့ တွန်းအားတစ်ခု ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ #ဖတ်ကြည့်ပါ #လူငယ်တွေသိထားသင့်တယ် #စာပေဗဟုသုတ #ဗဟုသုတရမယ်ထင်ပါတယ် #crd
feel တလိုင်း
Region: MM
Wednesday 26 August 2026 04:43:36 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @kohtike7231, please go to the Tikwm
homepage.