@lugyi.1988: “ဘယ်လောက်ပဲ နှစ်တွေကြာခဲ့တဲ့ သံယောဇဉ်ဖြစ်ဖြစ်... အနေနီးတဲ့လူရဲ့ ထိတွေ့မူ့နဲ့ ဖျက်ရင် ပြတ်တယ် " .... ... အချိန်တွေအကြာကြီး တည်ဆောက်ခဲ့ရတဲ့ သံယောဇဉ်ဆိုတာ သံမဏိလို ခိုင်မာလှပြီလို့ အမြဲတမ်း ယုံကြည်ခဲ့ဖူးတယ် ... အတူဖြတ်သန်းခဲ့တဲ့ နှစ်ကာလတွေ၊ အတူတကွ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေနဲ့ မျှဝေခဲ့ဖူးတဲ့ အမှတ်တရတွေဟာ ဘယ်တော့မှ ပျက်ပြယ်မသွားနိုင်တဲ့ ကြိုးတစ်ချောင်းလို ခိုင်မြဲနေလိမ့်မယ်လို့ ထင်ခဲ့တာပေါ့ ......... ဒါပေမဲ့ အမှန်တရားဆိုတာ ရင်နာစရာကောင်းလောက်အောင် အရောင်ပြောင်းလွယ်လွန်းပါတယ် .... ဘယ်လောက်ပဲ အမြစ်တွယ်ခဲ့တဲ့ သံယောဇဉ်ပင်ကြီးဖြစ်ပါစေ ဝေးကွာခြင်းဆိုတဲ့ တိတ်ဆိတ်မှုနဲ့အတူ အခြားတစ်ယောက်ရဲ့ အနီးကပ် ဂရုစိုက်မှု၊ နွေးထွေးတဲ့ အမူအရာနဲ့ ထိတွေ့ဆက်ဆံမှုတွေ ဝင်ရောက်လာတဲ့အခါ အဲ့ဒီသံယောဇဉ်ကြိုးဟာ ဖြည်းဖြည်းချင်း သေဆုံးသွားတတ်ပါတယ် ............ "လူဆိုတာ အဝေးက ရောင်စဉ်ထက် အနီးက နွေးထွေးမှုကို ပိုပြီး ခိုလှုံချင်ကြတဲ့ သဘာဝ ရှိကြတာကိုး " "ငါတို့ကြားမှာ နှစ်တွေအများကြီး ကြာခဲ့တာပဲ" ဆိုတဲ့ စိတ်ကူးယဉ် အသိတစ်ခုတည်းနဲ့တင် အချစ်နဲ့ သံယောဇဉ်ကို ရေရှည် ထိန်းသိမ်းလို့ မရနိုင်ပါဘူး ... မျက်ကွယ်ပြုထားခံရတဲ့ သံယောဇဉ်ဟာ အနီးကပ်ရရှိလာတဲ့ ဂရုစိုက်မှုတွေရဲ့ ရိုက်ခတ်မှုအောက်မှာ ခဏလေးနဲ့ ကြွေလွင့်သွားတတ်တယ် ............. ခိုင်မာပါတယ်ဆိုတဲ့ သံယောဇဉ်တွေ ပျက်စီးသွားတာဟာ အချိန်တွေက မလုံလောက်လို့ မဟုတ်ပါဘူး ... လက်ရှိ ရောက်ရှိနေတဲ့ နေရာနဲ့ အနီးနားက ရင်းနှီးမှုတွေက ပိုပြီး ဩဇာကြီးမားသွားလို့ပါ ... နှစ်ပေါင်းများစွာ ခိုင်ခဲ့ရတဲ့ ကြိုးတစ်ချောင်းဟာလည်း တစ်ဖက်သားရဲ့ အနီးကပ် ထိတွေ့ဆွဲဆောင်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုက်ရင်တော့ ... နောက်ဆုံးမှာ အခိုးအငွေ့အလား တစ်ခဏလေးအတွင်းမှာပဲ လေလွင့် ပဲ့ကြွေခဲ့ရ တာပါပဲ ............... တစ်ချို့ ချစ်ခြင်းတွေ သံယောဇဉ်ဆိုတာ .......... အချိန် နှစ်လတွေနဲ့ .. ဘယ်လောက်ချစ်ခဲ့ပါတယ် ... ဘယ်လောက် ပြုစု ရင်းနီးခဲ့ပါတယ် ... ဘယ်လောက် ပေးဆပ်ပြီး အနင့်နာခံရပါတယ် ... ဘယ်လောက် မေတ္တာထား အလေးထားပေးခဲ့ရပါတယ် ဆိုတာနဲ့ ဒီချစ်ခရီးလမ်း တစ်သက်လုံးအတွက် ခိုင်မြဲမယ်လို့ တိုင်းတာရတာ မဟုတ်ဘူး ....... " အနီးနားမှာရှိနေတဲ့ ဂရုစိုက်မှုနဲ့ အထိအတွေ့ သာယာမှုတွေက ဘယ်လောက် သက်ဝင်လှုပ်ရှား နေတယ် ဆိုတာနဲ့ပဲ ဆိုင်တယ်" . အာ့ကြောင့် .......... " ဘယ်လောက်နှစ်တွေကြာခဲ့တဲ့ သံယောဇဥ် ဖြစ်ဖြစ် .. အနေနီးတဲ့လူရဲ့ ထိတွေသာယာမူ့နဲ့ ဖျတ်ရင် ပြတ်တယ် " ... #လူကြီး💔 #ရင်နဲ့ရေးတဲ့စာ💔😓
#🅻🆄 🅶🆈🅸(#လူကြီး💔)█▇▆▅▄▂
Region: TH
Wednesday 26 August 2026 14:32:01 GMT
Music
Download
Comments
Zar :
မိန်မတိုင်မဟုပ်သလိုရောက်ကျားတိုင်လဲမဟုပ်ပါဘူရှင်တနှာကိုမထိန်းကြတဲသူတွေဘဲအဲလိုလုပ်ကြတာပါဘယ်လိုဘဲအနေနီနီးကိုယ်ချင်သိပ်ခါကိုတန်ဘိုထားရင်အမှာဆိုတာဖြစ်မလာပါဘူရှင်စိတ်ဓက်တွေအောက်တန်မကြဘိုလိုတာပေါ့
2026-08-27 02:08:40
68
Nilar😍 :
ဝေးတာနီးတာမဆိုင်ဘူး နီးနေလည်း ဖောက်ချင်တဲ့လူကဖောက်တာ အဓိက စိတ်ဓာတ်ပဲ
2026-08-27 14:03:57
54
May🦋(Official)14/ဘကလ :
10နှစ်သံယောဇဉ် ရန်ဖြစ်စကားများပြီး15ရကိလောက်ပြတ်သွားတယ် အဲ့ကြားထဲသူက နောက်တစ်ယောက်နဲ့အတူတူနေလိုက်တယ်လေ ကို့သိလိုပ့န်ခေါ်တော့ ပြန်မလာတော့ဘူးတဲ့ ဘယ်လောက်ရင်နာစရာကောင်းလိုက်လဲ အဲ့ဒါနဲ့ကိုယ်လဲ မဆတ်သွယ်ပဲနေလိုက်တယ် လေးလလောက် သေမလိုပဲခံစားရတာ မျက်ရည်တွေကျလာလိုက် မာနနဲ့ပြန်သုတ်လိုက်နဲ့ လေးလကိုဖြတ်ကျော်လာခဲ့တယ် 5လပိုင်း21ရက်နေ့မှာသူကိုယ်ရှိပြန်လာတယ်လေ ပြန်လက်ခံပြီး အခုတော့အတင်ပြေနေပါပြီ ဒါပေမဲ့ သူလုပ်ရက်ကြီးကိုမမေ့နိုင်ဘူး သူသာငါကိုတစ်ကယ်ချစ်ရင် အခုလိုတွေဘာလို့လုပ်တာလဲလို့တွေးရင်းအခုထိရင်ထဲကဒဏ်ရာကမကျတ်သေးဘူး
2026-08-28 05:06:02
21
kaung khant mhue💍E💍 :
အနေနီးမှ မဟုတ် အဝေးကလူ မွှေရင်လဲ ပြတ်ပါတယ်နော် 😂
2026-08-26 23:33:03
16
wai :
မှန်လိုက်တာ13နှစ်တာသံယာဇဉ်ကိုခဏလေးနဲ့ဖြတ်လိုက်တာပါနော်အရမ်းကိုမှန်တယ်နော်
2026-08-27 00:51:39
12
Lïññ Lïññ :
တစ်နှစနဲ့နစ်လဆိုပေမဲ့ဘရိုပြောသလိုပဲအနေီးတဲ့ကောင်နဲ့တွေ့တော့ကျန်ခဲ့ရတာပါပဲမေ့လို့မရသေးဘူးဗျာ😓😢😣😣
2026-08-27 12:03:01
2
ဘ၀သမားပါ :
ဟုတ်တော့ဟုတ်ပါတယ် သို့သော်မဟုတ်ပါစေနဲ့လို့ဆုတောင်းယုံမှတစ်ပါး ဘာမှမတတ်နိုင်လို့ပါဗျာ အဝေးကချစ်သူ😳
2026-08-26 23:09:51
5
MNL 😊 💙 🇲🇲🇲🇲 :
ချစ်ကြိုက်မှုက ကာလကြာရင်ပြတ်ဖို့အကြောင်းပေါ်လာတတ်ပါတယ်။ချစ်ကြိုက်လို့အိမ်ထောင်ပြုလိုက်သူတွေတောင်ပြိုကွဲသွားသူတွေရှိကြပါတယ်။မြဲတဲ့လူကမြဲကတာပါပဲ
2026-08-28 14:15:52
2
zinmar :
နီးတဲ့သူနဲ့မဆိုင်ပါဘူး ဖောက်ပြန်တဲ့ဗီဇရှိတဲ့ကောင်ကသူ့ဗီဇအတိုင်းလုပ်ဆောင်တာပါ
2026-08-27 10:43:32
6
Tလေး :
တကယ်ချစ်ရင်နီးတာဝေးတာနဲ့မဆိုင်ပါဘူး
2026-09-09 08:38:17
2
hla Moe win :
မှန်လိုက်တာ နီးပါလျက်နဲ့ ပြတ်စဲချင်နေပါပြီ
2026-08-30 17:39:58
1
kyaw min Naing :
ကိုအပါ၀င်ပေါ့😁ခံစားနေစရာတော့မလိုပါဘူး ဒါမဲ့ခုထိတော့မမေ့နိုင်သေးဘူး
2026-08-31 07:20:22
1
💘💘💘 :
သီချင်းနဲ့ ပုံကိုမြင်ရတော မြက်ရေတာက ဘာလိုကြလာခဲရတာလဲဗျာ....😭😭😭.ရင်ထဲမှာလဲတုန်လှုပ်ခေါက်ခြားနေရပြန်တယ်
2026-08-30 06:56:27
1
Nann :
အမှန်ပေါ့တစ်သက်လုံးကိုယ်အတွက်ပဲပြောပီးအနီးကသူနောက်ပါသွားတယ်😢😢😢😢😢😢😢😢😢😢
2026-09-05 04:50:33
1
Block :
ဘယ်လောက်အနေဝေးဝေး ကိုကြွေ တစ်ယောက်ဘဲ သစ္စာ ရှိရှိချစ်တယ်
2026-08-31 04:30:36
1
🥺လူကြီး 💔💔 :
ပြန်တင်ခွင့်ပြုပါနော်
2026-09-02 03:31:23
1
စိတ်သစ်လူသစ် :
ပြန်တင်မယ်နော်🥰
2026-08-27 00:47:16
1
Myo Min Aung :
right
2026-08-28 15:17:57
1
Aung Moe Zaw :
ကလေးနှစ်ယောက်ရပြီးမှ ပြတ်သွားတယ်
အခုလက်တွေ့
2026-08-28 23:01:16
1
Phyo Pyae Aung :
အဲ့လိုမျိုးတွေ ဆိုးရိမ်တာပဲ
ရေးထားသလို ဖစ်နိူင်လား
2026-08-28 15:36:22
1
Zuhoney :
ကိုယ့်အတွက်ဆိုမှားတယ်အဆက်အသွယ်တခုမှမရတာတောင်၄နှစ်စောင့်ခဲ့ပေမယ့်တခြားအသစ်မိန်းကလေးနဲ့တွေ့သွားလို့ကိုယ့်မာနလေးပိုက်ကာလှည့်ပြန်ခဲ့တာလေ
2026-08-28 14:08:50
1
အမမ :
မှန်လားတော့မသိတေးဘူ
2026-08-31 17:28:38
1
May Cho :
အမှန်တရား
2026-08-31 15:59:18
1
🌷Linn Linn🐁 :
နှစ် တွေကြာပီးအချိန် တွေကုန်သွားတာနှ မြောမိ😳😳😳
2026-08-27 10:45:15
1
To see more videos from user @lugyi.1988, please go to the Tikwm
homepage.