@user3533840206065: နီပေါ ရုတ်တရက်ရေကြီးမှု လူ ၈ ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ၁၀၅ ဦးအပါအဝင် ရာနှင့်ချီ ပျောက်ဆုံး နိုင်ငံတကာ၊ ဩဂုတ် ၂၆ နီပေါနိုင်ငံ နူဝါကုတ်နှင့် ဓာဒင်းခရိုင်များတွင် ဗိုတေးကောရှီမြစ် ရုတ်တရက်ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးပြီး နိုင်ငံခြားသား ၂၉၁ ဦးနှင့် နီပေါနိုင်ငံသား ၉၃ ဦး စုစုပေါင်း ခရီးသွား ၃၈၄ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ ပျောက်ဆုံးသူများအနက် အိန္ဒိယနိုင်ငံသား ၁၀၅ ဦး ပါဝင်သည်။ ရာဆူဝါခရိုင်တွင် နီပေါရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂၆ ဦးလည်း ပျောက်ဆုံးနေပြီး ရေကြီးမှုကြောင့် လမ်းများ၊ လျှပ်စစ်ဓာတ်အားပေး အခြေခံအဆောက်အအုံများနှင့် ရေအားလျှပ်စစ်စီမံကိန်း အနည်းဆုံး ၆ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ နီပေါတပ်မတော်က ဟယ်လီကော်ပတာများနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့များကို ထိခိုက်ဒေသများသို့ စေလွှတ်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။ နီပေါဝန်ကြီးချုပ် ဗာလင်ဒရာ ရှားကလည်း အရေးပေါ်အစည်းအဝေးခေါ်ယူ၍ ကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။ #ဇော်ပျံဆရာတော်

ဇော်ပျံဆရာတော်
ဇော်ပျံဆရာတော်
Open In TikTok:
Region: MM
Wednesday 26 August 2026 15:34:45 GMT
17114
332
1
15

Music

Download

Comments

sawjohn134
Saw John :
😳😳😳
2026-08-26 17:45:13
0
To see more videos from user @user3533840206065, please go to the Tikwm homepage.

Other Videos


About