@maman.josey.diva2:

Maman Josey Diva
Maman Josey Diva
Open In TikTok:
Region: BJ
Wednesday 26 August 2026 19:39:50 GMT
119
26
3
0

Music

Download

Comments

ouayfatou
Ouay Fatou :
🥰🥰🥰
2026-08-27 10:20:46
1
tatiana52481
Tatiana :
🙏🙏🙏
2026-08-26 21:36:07
1
soumahoro.mawa52
Soumahoro Mawa :
❤️❤️❤️
2026-08-26 20:03:40
1
To see more videos from user @maman.josey.diva2, please go to the Tikwm homepage.

Other Videos

လူတစ်ယောက်ရဲ့ Character ကို သိချင်ရင်… သူ ဘယ်စည်းကို ကျော်ရဲလဲဆိုတာ ကြည့်ပါ ❞ အိမ်စီးပွါးရေးလောကထဲမှာ ဖြတ်သန်းလာရင်း သဲသဘောပေါက်လာတဲ့ သင်ခန်းစာတွေထဲမှာ တစ်ခုက “လူတစ်ယောက်ရဲ့ အဆင့်အတန်းဟာ သူ ဘာတွေပိုင်ဆိုင်ထားလဲဆိုတာထက်၊ သူ ဘာတွေကို မကျော်ဖြတ်ဘူးလဲဆိုတာက ပိုပြီးဖော်ပြပေးတယ်” ဆိုတာပါပဲ။ဒီနေ့ခေတ်မှာ လူတော်တွေ မရှားတော့ပါဘူး။ပညာတတ်တဲ့သူတွေ ရှိတယ်။ငွေရှာနိုင်တဲ့သူတွေ ရှိတယ်။ရာထူးကြီးတဲ့သူတွေ ရှိတယ်။Follower များတဲ့သူတွေ ရှိတယ်။ဒါပေမယ့် စည်းရှိတဲ့သူကတော့ မများပါဘူး။ လူမှန်တယ်၊ လူပီသတယ်ဆိုရင် စောင့်ထိန်းရမယ့် လူ့ကျင့်ဝတ် (Ethics) ရှိရမယ်။ Ethics ဆိုတာ စာအုပ်ထဲက သီအိုရီတစ်ခု မဟုတ်ဘူး။နေ့စဉ်ဘဝမှာ ကိုယ်ဘယ်လိုပြောတယ်၊ ဘယ်လိုဆုံးဖြတ်တယ်၊ ဘယ်လိုဆက်ဆံတယ်ဆိုတာထဲမှာ ပေါ်လာတဲ့ Character ဖြစ်တယ်။တစ်လုံးတည်းနဲ့ ပြောရရင် “စည်း” ပါပဲ။လူ့အသိုင်းအဝိုင်းမှာ ကျင့်ဝတ်စည်းကမ်းတွေဆိုတာ အကြောင်းမဲ့ ဖန်တီးထားတာ မဟုတ်ပါဘူး။အဲဒီစည်းတွေက လူနဲ့လူကြား ယုံကြည်မှုကို ကာကွယ်ဖို့ ရှိတာ။အဲဒီစည်းတွေက ဆက်ဆံရေးတစ်ခုကို ရေရှည်တည်တံ့စေဖို့ ရှိတာ။အဲဒီစည်းတွေက လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးဖို့ ရှိတာ။ သဲအိမ်ရဲ့စီးပွားရေးလုပ်လာတဲ့ နှစ်တွေထဲမှာ လူပေါင်းများစွာနဲ့ တွေ့ဖူးတယ်။တချို့က စကားအရမ်းပြောတတ်တယ်။ တချို့က အလုပ်အရမ်းတော်တယ်။တချို့က ငွေအရမ်းချမ်းသာတယ်။ဒါပေမယ့် တစ်ဖက်လူရဲ့ Privacy ကို မလေးစားနိုင်ဘူး။ကိုယ်နဲ့မဆိုင်တဲ့ နေရာကို ဝင်ရောက်စွက်ဖက်တယ်။ကိုယ်မသိသေးတဲ့ အမှန်တရားအပေါ် သုံးသပ်ဆုံးဖြတ်တယ်။ယုံကြည်မှုကို အလွယ်တကူ ချိုးဖောက်တယ်။ ဒီလိုလူမျိုးတွေကို မြင်တိုင်း သဲ ပိုသေချာလာတာတစ်ခုရှိတယ်။ပညာတတ်တာနဲ့ ယဉ်ကျေးတာ မတူဘူး။ ချမ်းသာတာနဲ့ အဆင့်အတန်းရှိတာ မတူဘူး။ရာထူးရှိတာနဲ့ Leadership ရှိတာ မတူဘူး။Professional ဆိုတာ အလုပ်လုပ်တတ်တာကိုပဲ မဆိုလိုပါဘူး။Professional ဆိုတာ မပြောသင့်တဲ့ စကားကို မပြောတတ်တဲ့သူ။မကျော်သင့်တဲ့ စည်းကို မကျော်တတ်တဲ့သူ။မဆိုင်တဲ့ကိစ္စကို မဝင်ပါတတ်တဲ့သူ။တစ်ဖက်လူရဲ့ နေရာကို လေးစားပေးတတ်တဲ့သူ။အဲဒီလိုလူကမှ Professional အစစ်ပါ။ သဲကတော့ လူတစ်ယောက်ကို စရွေးချယ်တဲ့အခါသူဘယ်လောက်တော်လဲဆိုတာထက် သူ့မှာ စည်းရှိလားဆိုတာကို အရင်ကြည့်တယ်။ဘာလို့လဲဆိုတော့ Skill ကို သင်ပေးလို့ရတယ်။Experience ကို တည်ဆောက်လို့ရတယ်။Knowledge ကို လေ့လာလို့ရတယ်။ဒါပေမယ့် Character မရှိတဲ့သူကိုတော့ ဘယ်သင်တန်းကမှ မပြောင်းလဲပေးနိုင်ဘူး။ တချို့လူတွေက “ဒီလောက်လေးပဲ” လို့ ထင်ပြီး စည်းကျော်တတ်ကြတယ်။ဒါပေမယ့် ယုံကြည်မှုတစ်ခု ပျက်စီးဖို့ အချိန်စက္ကန့်ပိုင်းပဲ လိုတယ်။ပြန်တည်ဆောက်ဖို့တော့ နှစ်ပေါင်းများစွာ ကြာနိုင်တယ်။ဒါကြောင့် သဲဘဝမှာ သင်ယူခဲ့ရတဲ့ သင်ခန်းစာက မကျော်သင့်တဲ့ စည်းကို မကျော်ပါနဲ့။မပြောသင့်တဲ့ စကားကို မပြောပါနဲ့။မဆိုင်တဲ့ နေရာကို မဝင်ပါနဲ့။ Respect ဆိုတာ ကိုယ်လိုချင်ရင် အရင်ပေးရတဲ့အရာ ဖြစ်တယ်။Ethics ဆိုတာ ဘယ်သူမှ မမြင်တဲ့အချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် စောင့်ထိန်းနိုင်တာ ဖြစ်တယ်။ Boundary ဆိုတာ တစ်ဖက်လူကို လေးစားသလို ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားတာ ဖြစ်တယ်။နောက်ဆုံးမှာ လူတွေက သင့်အိမ်ဘယ်လောက်ကြီးလဲဆိုတာ မမှတ်မိဘူး။သင့်ကားဘယ်လောက်ကောင်းလဲဆိုတာ မမှတ်မိဘူး။ဒါပေမယ့် သင် ဘယ်လောက်စည်းရှိခဲ့လဲ။ သင် ဘယ်လောက်ယုံကြည်ထိုက်ခဲ့လဲ။သင် ဘယ်လောက် Respect ပေးတတ်ခဲ့လဲ။အဲဒါတွေကိုတော့ အချိန်ကြာသွားလည်း မမေ့ကြပါဘူး။အောင်မြင်မှုဆိုတာ ငွေနဲ့တည်ဆောက်လို့ရပေမယ့်ဂုဏ်သိက္ခာဆိုတာ Respect၊ Ethics နဲ့ Boundary ကို နှစ်ပေါင်းများစွာ စောင့်ထိန်းခဲ့မှသာ တည်ဆောက်လို့ရတဲ့ အရာတစ်ခုဖြစ်ပါတယ်။

About