@shwenarsin2026: ဆရာကြီးဦးအောင်သင်းရဲ့ မိသားစုအတွင်းက မျက်ရည်ဝဲစရာ အမှတ်တရတွေကို သားအငယ်ဆုံး ဆရာအောင်မြိုင်သင်းက ပြန်လည်မျှဝေထားပါတယ်… Shwe Nar Sin ရဲ့ Author Life – Season 1| Episode 2 မှာ ဆရာကြီးဦးအောင်သင်းရဲ့ သားအငယ်ဆုံးဖြစ်သူ ဆရာအောင်မြိုင်သင်း ပြောပြထားတဲ့ ဆရာကြီးတို့မိသားစုရဲ့ ဘဝအတွေ့အကြုံများ၊ အမှတ်တရဖြစ်ရပ်များနဲ့ မိသားစုဘဝအတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို နားဆင်ကြည့်ရှုနိုင်ပါတယ်။ စာပေချစ်သူတွေအနေနဲ့ စာရေးဆရာကြီးတစ်ဦးရဲ့ စာပေလောကအပြင် မိသားစုဘဝနဲ့ ကိုယ်ရေးကိုယ်တာအမှတ်တရတွေကိုပါ ပိုမိုသိရှိနိုင်မယ့် အမှတ်တရအပိုင်းလေး ဖြစ်ပါတယ်။ ❤️ 📚 ဆရာအောင်မြိုင်သင်းရဲ့ “ကျွန်တော်သိတဲ့အဖေ့အကြောင်း” စာအုပ်နဲ့ ဆရာကြီးဦးအောင်သင်းရဲ့ လက်ရွေးစင်စာအုပ်ကောင်းများကို Shwe Nar Sin AudioBook App ထဲမှာ Premium Book အဖြစ် နားဆင်ခံစားနိုင်ပါတယ်ခင်ဗျာ။ 🎧❤️ 👉 ဆရာကြီးဦးအောင်သင်းနဲ့ ပတ်သက်တဲ့ အမှတ်တရအကြောင်းအရာတွေ၊ စာအုပ်တွေကို ဆက်လက်နားဆင်ဖနိုင်ဖို့ Shwe Nar Sin App မှာ ဝင်ရောက်နားဆင်ကြည့်လိုက်ပါနော်။ 📚🎧 #ShweNarSin #Audiobook #ဆရာအောင်သင်း #အောင်မြိုင်သင်း #fypシ
Shwe Nar Sin – Official
Region: SG
Thursday 27 August 2026 09:30:00 GMT
Music
Download
Comments
CR7 :
ဆရာအောင်သင်းဆိုတာ ကျွန်တော့်အဖေ့ ခဏခဏပြောတယ် တိုင်းပြည်တစ်ခုမှာ ဆရာအောင်သင်းလိုလူ ဆယ်ယောက်ပဲရှိ တိုးတက်ပြီတဲ့
2026-08-27 15:54:34
498
Ko Ko Lay :
စကားတွေထဲမှာ ဝေါဟာရတော်တော်ကြွယ်ဝတာပဲ၊ ဆရာကြီးအောင်သင်းသားပီသပါပေတယ်ဗျာ။
2026-08-27 10:18:03
305
Ricky Lynn :
အကို့အဖေကို အကိုတယောက်တည်းလွမ်းတာမဟုတ်ပါဘူးဗျာ။ ကျနော်ဆို တိုင်းပြည်မှာ အဖက်ဖက်က သောက်တလွဲတွေဖြစ်တာကို မြင်ရတိုင်း အကို့အဖေကို ကျနော်အရင်ဆုံးလွမ်းတယ် အရမ်းလဲလွမ်းတယ်။ ခုချိန် သူသာရှိနေသေးရင် တခုခုတော့ ပြောမှာပဲလို့ ကျနော့် စိတ်ထဲကညယုံကြည်နေတယ်အကို။ 😥
2026-08-27 18:34:17
210
Mg Htetwai :
အဖေလိုချစ်ရတဲ့ ဆရာကြီးအကြောင်းဆိုတော့ နားထောင်ရင်း နဲ့ ပြုံးမိတယ်•••
2026-08-27 10:02:49
87
ကိုသစ္စာ Ko Thit Sar :
ကိုအောင်မြိုင်သင်းရေ စမ်းချောင်းသံလမ်းဘေးက မအေးသန်းလက်ဘက်ရည်ဆိုင်မှာ ထိုင်ခဲ့တဲ့အကြောင်းတွေ ပြောပါအုံးဗျ 🥰😍
2026-08-27 10:37:52
87
Ko Moe :
ဘာလို့အလုပ်ပြုတ်တာလဲဗျမသိလို့ပါ
2026-08-27 14:36:45
14
Ukonaing :
ttမှာအဲ့လိုစကားတွေရှည်ရှည်ဝေးဝေးပြောရင်မကြည့်တာများပါတယ် ဒါပေမဲ့ အခုတော့အစဆုံးနားထောင်မိတယ် စိတ်ဝင်စားဖို့ကောင်းပါတယ် အခုလိုအမှတ်တရလေးတွေပြောပြပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ
2026-08-27 18:16:30
43
Hein lin aung :
စာအုပ်တွေ စဖက်ဖြစ်တာ ဆရာဦအောင်သင်းရဲ့ စာပေဟောပြောပွဲတွေကြောင့်ပါ
2026-08-27 14:08:26
86
MY AT. (လျှပ်စစ်ကုန်မာ) :
ဆရာသားက ဆရာ့အကြောင်းပြောတာ အစအဆုံးနားထောင်မိတယ် စကားပြော အလွန်ကောင်းတယ် tt မှာ တော်ရုံစကားများရင်နားမထောင်ပါဘူး ဒီ post တော့ မကျော်နိုင်ဘူးဖြစ်သွားတယ် 🥰🥰🥰🥰
2026-08-30 04:10:43
43
qwerty :
နားထောင်လို့ ကောင်းလိုက်တာ ဆရာအောင်မြိုင်သင်း အသက်ရှည်ကျန်းမာပါစေ💛
2026-08-27 10:16:19
82
U Lay Myo :
ကိုးတန်းနှစ်မှာတစ်ခါ ဆယ်တန်းနှစ်ပါတစ်ခါ၊ ဆရာကြီးဦးအောင်သင်းကို
ကျုပ်တို့ ဆရာလေးကပင့်ဖိတ်ပြီး
စာပေဟောပြောပွဲလုပ်ပေးလို့ အပြင်မှာ ဆရာကြီးဦးအောင်သင်းရဲ့ဟောပြောတာကို ကိုယ်တွေ့နားထောင်ကြည့်ရှုခဲ့ရတာဗျာ၊ သိပ်အရသာရှိတာ
သိပ်တန်ဖိုးရှိတာ
2026-08-27 15:31:46
37
justbreezy :
Is shwe nar sin app is free??
2026-08-28 15:17:40
0
Zaw Min Oo(BIKE) :
စာပေကိုစဖတ်အောင်ဆွဲဆောင်ခဲ့ ဆရာကြီးစာအုပ်ပါ အရမ်းလေးစားခဲ့တယ်
(သဘာ၀+လုပ်အား=တန်ဖိုး)
သဘာ၀ကိုလုပ်အားပေါင်းတန်ဖိုးရတာ ဆရာကြီးဆုံးမခဲ့တာ
2026-08-27 15:10:40
50
U soe Nyein :
2026-08-28 13:40:44
13
Ko Myint Kyaw :
နားထောင်ရတာ
အရမ်းအရသာရှိတယ်ဗျာ
ဒါကိုရိုက်ကူးသူ တင်ပေးတဲ့သူ
ပီးတော့် ပြောပြပေးတဲ့
ကိုအောင်မြိုင်သင်း အားလုံးကို
ကျေးဇူးတင်ပါတယ်🥰🥰🥰🥰🥰🥰
2026-08-30 03:02:00
6
user4710598079127 :
ဆရာကြီး သားပီသပေတယ် လေယူလေသိမ်း ကအစ တူတယ်ဗျာ ဆရာကြီးကိုအမြဲ ဂရဝ ပြုလျှက်ပါ
2026-08-28 02:56:14
19
BS :
ဆရာကြီး ဦးအောင်သင်းက ငါတို့ဂုဏ်ယူရတဲ့ သူပါ ဒါပေမဲ့ ဒီအချိန်ကြီးကျမှ ဒီဘဲ ဘာရည်ရွယ်ချက်နဲ့ သို့မဟုတ် ဘယ်ဘဲက ဒါတွေကိုစီစဉ်တင်ဆက်နေရပါသလဲ ပေါ့နော်
2026-08-27 17:16:12
5
mktro🇲🇲 :
အကိုမြိုင်ရေ တကယ် နာကျင်ရတယ်
2026-08-27 12:33:59
10
U Naing :
2026-08-28 03:16:33
40
Kevin_Oo :
လေးလေးမြိုင်က အခုပြန်ပြောအခုဝမ်းနည်းတုန်းထင်တယ်နော် ကျွန်တော်က ဆရာကြီးစာအုပ်တွေတအုပ်မကျန်လို့တောင်ပြောလို့ရတယ် အဲ့တာတွေဖတ်ပြီးကြီးလာတော့ ဆရာကြီးကို ကိုယ့်ဘကြီးလိုခံစားရတယ်
2026-08-27 14:28:43
56
KO Aung Thu :
အမှား မှန်း သိလို့ ဆက်လုပ်တာ
လူမိုက်
အမှား မှားပြီး ပြင်တာ
လူလိမ္မာ
အမှား ကို မှားမှန်သိပြီ မလုပ်တာမှ
လူတော်
ဆရာကြီးအောင်သင်း စကားစု
2026-08-27 15:31:02
26
💥Benjiro⚡🌪️ :
ဆရာကြီးက လူထုအတွက် အတော်လေး အကျိုးပြုခဲ့ပါတယ်
ခွန့်အားလဲ ဖြစ်ခဲ့ရပါတယ်
ဒီလို ဆရာကြီးဦးအောင်သင်းလိုလူမျိုးတွေ နောက်ထပ် ပေါ်ထွက်လာဖို့ကို အများကြီး မျှော်လင့်ပါတယ်
လူသာသေတာ နာမည်ကတော့ လုံးဝ မသေပါဖူးဗျာ
အခုချိန်ထိလဲ ဆရာရဲ့ စာပေတွေက လွမ်းမိုးထားတုန်းပါပဲ
2026-08-28 01:44:44
8
M.S 🐹 :
နောင်တမရတဲ့စိတ်က မှန်တယ်ဗျာ
2026-08-27 09:59:51
21
TIN KO :
စကားပြောကောင်းလိုက်တာဗျာ။
တကယ်ကိုကြုံနေရသလိုခံစားရတယ်။
2026-08-27 15:29:23
13
susulwin7794 :
အဖေနဲ့စကားတွေပြောခဲ့လို့အခုလိုကျမတို့ပြန်နားထောင်ရတာ ပညာတိုးပွားရပါတယ်ရှင်လေးစားလျက်ပါ🌹🌹🌹
2026-08-27 09:56:18
24
To see more videos from user @shwenarsin2026, please go to the Tikwm
homepage.