@nan.mimi.zawofficial7: နီပေါနဲ့ တိဗက်နယ်စပ် ရေကြီး၊ မြေပြိုမှုကြောင့် ရွာလုံးကျွတ် ရေထဲမျောပြီး သေဆုံးသူ ၁၆၅ ဦး ရှိလာ၊ လူရာပေါင်းများစွာလည်း ပျောက်ဆုံးနေ နီပေါနဲ့ တိဗက်နယ်စပ်မှာ ရုတ်တရက် ရေကြီးပြီး မြေပြိုမှုတွေကြောင့် ကျေးရွာတစ်ရွာလုံး ရေထဲမျောပါသွားတဲ့အပြင် လူပေါင်း ၁၆၅ ဦး သေဆုံးပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံဘက်ခြမ်းကနေ ရိုက်ကူးထားတဲ့ လုံခြုံရေးကင်မရာ ရုပ်သံမှတ်တမ်းမှာတော့ အထပ်ပေါင်းများစွာမြင့်တဲ့ အဆောက်အအုံတစ်ခုအပေါ် ဧရာမ ရွှံ့နွံနဲ့ သဲကျောက်တောင်နံရံကြီး ဗုဒ္ဓဟူးနေ့က ပြိုကျလာတာကို တွေ့မြင်ရပါတယ်။ ဒီလိုပြိုကျလာတာကြောင့် လူဒါဇင်ပေါင်းများစွာဟာ အသက်ဘေးက လွတ်မြောက်ဖို့ ရုန်းကန်ပြေးလွှားနေတုန်းမှာပဲ အဲ့ဒီ အဆောက်အအုံကို ရေဖုံးလွှမ်းသွားတာကို ထိတ်လန့်ဖွယ် တွေ့မြင်ရပါတယ်။ ဒီရေစီးကြောင်းဟာ ကားတွေကိုတောင် ကလေးကစားစရာ အရုပ်တွေလို မျောပါစေခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။ ဆူနာမီလှိုင်းလုံးတွေလို စီးဆင်းလာတဲ့ ရေနဲ့ ရွှံ့နွံတွေဟာ နီပေါနိုင်ငံ မြောက်ပိုင်း တိဗက်နယ်စပ်မှာရှိတဲ့ ဘုတ်ထေးကိုရှီ (Bhote Koshi) နဲ့ တရီရှုလီ (Trishuli) မြစ်နှစ်စင်းထဲကို တိုးဝင်လာခဲ့ပြီး ဒီမြစ်နှစ်စင်းရဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ကျေးရွာတွေနဲ့ မြို့တွေကို ရိုက်ခတ်သွားခဲ့ပါတယ်။ နီပေါနိုင်ငံ တစ်ဖက်ခြမ်း တီဗက်၊ ဂိုင်ရွန်ဆိပ်ကမ်းမှာဖြစ်ခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၃ ဦးသေဆုံးပြီး လူပေါင်း ၂၆၅ ဦးပျောက်ဆုံးနေတယ်လို့ တရုတ်အစိုးရက ဆိုပါတယ်။#creatorsearchinsights #fyp #for
Nan mimi zaw
Region: MM
Thursday 27 August 2026 10:09:41 GMT
Music
Download
Comments
Mya Mya :
အမှန်ပါ
ယက်သည်ကြားငါးတင်
တင်တဲ့ငါးကြောင်စားဆိုတာအမှန်ဖြစ်လာပြီလူတွေသီလရှိဘို့မေတ္တာတွေနဲ့ပြည့်စုံဘို့ကိုယ်ချင်းစာတရားတွေနဲ့သရဏဂုဏ်တည်ဘို့လိုပါတယ်
2026-08-27 12:43:56
179
သုဇာတာ :
အချိန်မရွေးသေသွားနိူင်တာမို့ အသက်ရှင်နေတဲ့အချိန်မှာ တတ်နိူင်သလောက်ကောင်းနေရမယ် ကြောက်လို့
2026-08-27 12:20:34
27
Khine Zar :
ကမ္ဘာသူ ကမ္ဘာသား အပေါင်း အန္တရာယ်ကင်း ဘေးရှင်းကြပါစေ၊ ကပ်ကြီး၃ပါး ဘေးအမျိုးမျိုးမှ ကျော်လွှာ လွန်မြောက်နိုင်ကြပါစေ🙏🙏🙏
2026-08-27 13:22:58
37
Hnin Su :
ပြေးနေတဲ့လူတွေကိုကြည်ပီးသူတို့လွတ်ပါစေလို့ပဲဆုတောင်းမိတယ်
2026-08-27 12:10:01
23
Nan mimi zaw :
နီပေါနဲ့ တိဗက်နယ်စပ် ရေကြီး၊ မြေပြိုမှုကြောင့် ရွာလုံးကျွတ် ရေထဲမျောပြီး သေဆုံးသူ ၁၆၅ ဦး ရှိလာ၊ လူရာပေါင်းများစွာလည်း ပျောက်ဆုံးနေ
နီပေါနဲ့ တိဗက်နယ်စပ်မှာ ရုတ်တရက် ရေကြီးပြီး မြေပြိုမှုတွေကြောင့် ကျေးရွာတစ်ရွာလုံး ရေထဲမျောပါသွားတဲ့အပြင် လူပေါင်း ၁၆၅ ဦး သေဆုံးပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံဘက်ခြမ်းကနေ ရိုက်ကူးထားတဲ့ လုံခြုံရေးကင်မရာ ရုပ်သံမှတ်တမ်းမှာတော့ အထပ်ပေါင်းများစွာမြင့်တဲ့ အဆောက်အအုံတစ်ခုအပေါ် ဧရာမ ရွှံ့နွံနဲ့ သဲကျောက်တောင်နံရံကြီး ဗုဒ္ဓဟူးနေ့က ပြိုကျလာတာကို တွေ့မြင်ရပါတယ်။
ဒီလိုပြိုကျလာတာကြောင့် လူဒါဇင်ပေါင်းများစွာဟာ အသက်ဘေးက လွတ်မြောက်ဖို့ ရုန်းကန်ပြေးလွှားနေတုန်းမှာပဲ အဲ့ဒီ အဆောက်အအုံကို ရေဖုံးလွှမ်းသွားတာကို ထိတ်လန့်ဖွယ် တွေ့မြင်ရပါတယ်။ ဒီရေစီးကြောင်းဟာ ကားတွေကိုတောင် ကလေးကစားစရာ အရုပ်တွေလို မျောပါစေခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။
ဆူနာမီလှိုင်းလုံးတွေလို စီးဆင်းလာတဲ့ ရေနဲ့ ရွှံ့နွံတွေဟာ နီပေါနိုင်ငံ မြောက်ပိုင်း တိဗက်နယ်စပ်မှာရှိတဲ့ ဘုတ်ထေးကိုရှီ (Bhote Koshi) နဲ့ တရီရှုလီ (Trishuli) မြစ်နှစ်စင်းထဲကို တိုးဝင်လာခဲ့ပြီး ဒီမြစ်နှစ်စင်းရဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ကျေးရွာတွေနဲ့ မြို့တွေကို ရိုက်ခတ်သွားခဲ့ပါတယ်။
နီပေါနိုင်ငံ တစ်ဖက်ခြမ်း တီဗက်၊ ဂိုင်ရွန်ဆိပ်ကမ်းမှာဖြစ်ခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၃ ဦးသေဆုံးပြီး လူပေါင်း ၂၆၅ ဦးပျောက်ဆုံးနေတယ်လို့ တရုတ်အစိုးရက ဆိုပါတယ်။
2026-08-27 10:14:23
19
Ko Than :
ဘေးရန်ကင်းဝေးကြပါစေဗျာ ။
2026-08-27 12:48:58
5
@Phyu💞 :
ဟ့တ်တယ် ကပ်ဘေး ကပ်ဆိုက် တာကြောက်စရာကောင်းလိုက်တာ
မြန်မာမှာစစ်ဘေး ရေဘေး ငလျင်ဘေး ခုသူများနိုင်ငံကြတော့ ရေဘေး🥺 ငလျင်ဘေး 🥺
2026-08-27 12:09:56
4
နန့်ဟီဟီဖန်းပွား :
လူနတ်ဗြန်မာသတဝါအာလုံဘေးကင်ကြပါစေဘုရား🙏🙏🙏
2026-08-27 11:54:02
7
EIEIPHYO😘😘😘💃💃💃 :
လူတွေသတိမထားမိလို့ပါခုကဆုတ်ခေတ်ကြီးရောက်နေပြီလောဘဒေါသမောဟတွေမထားကြပါနဲ့နော်🥺
2026-08-27 12:23:12
7
Moe Min Thu :
ဒို့နိုင်ငံလဲ ဘာသာရေးမီးမွှေးအမြတ်ထုတ်ဖို့ချောင်းနေကျတာစိတ်ပျက်စရာတွေကြီးပဲ မိမိကိုးကွယ်ရာဘာသာတရားရဲ့အဆုံးအမနဲ့ ရရျိတဲ့သက်တမ်းလေးခဏတာမှာ စိတ်ကောင်းစေတနာကောင်းလေးတွေကိုယ်ချင်းစာတရားလေးတွေနဲ့ဖေးဖေးမမ နေသွားကျရင်ဘယ်လောက်ကောင်းလိုက်မလဲဗျာ..နီပေါရေအမြန် ပြန်လည်ထူထောင်ရုန်းထနိုင်ပါစေ....
2026-08-27 16:32:40
2
pont pont :
ရှာမတွေ့တဲ့မိသားစုဝင်တွေရင်ထဲမှာဘယ်လောက်တောင်ပူလောင်နေမလဲ😭😭😭
2026-08-27 12:40:57
4
မာမီစု :
စိတ်ထဲမကောင်းလိုက်တာအားလုံးဘေးကင်းကြပါစေ
2026-08-27 12:37:40
4
❤️🌼MaEiEiKhaing🌼❤️ :
ကမ္ဘာကြီးအမြန်ဆုံးငြိမ်းချမ်းပါစေတော့ဘုရားတပည့်တော်မဆုတောင်းပါတယ်အရှင်ဘုရားကမ္ဘာသူ ကမ္ဘာသားအားလုံးအေးချမ်းကြပါစေ🙏🙏🙏
2026-08-27 12:08:22
3
PannNu Lawon :
သိတ်ကြောက်စရာကောင်းတယ်။ဘုရားတရားမြဲမှဖြစ်မှာ
2026-08-27 13:11:51
2
ထာဝရသစ္စာ :
သဘာဝကို လူကကျူးတော့ ခံစားရတာ ဝမ်းနည်းစရာပါပဲ
2026-08-27 12:47:14
3
သဲတုံးလေ :
ကတ်ဆိုက်တာလဲမပြောနဲ့လူ့ဆီးလူ့ဘောင်အရှက်တရားကိုယ်ချင်းစာစိတ်မှမရှိတော့တာလူလူချင်းဂုတ်သွေးစုတ်နေမှတော့ကတ်ဆိုက်တာမဆန်ပါဘူး
2026-08-27 15:01:39
1
Mi Nage :
ကပ်ဘေးမှလွတ်ငြိမ်းကြပါစေ🙏🙏
2026-08-27 14:09:38
1
Lamin( ခရီးသွားဝန်ဆောင်မှု့) :
ကြည့်ရင်း စိတ်မကောင်းလိုက်တာ
2026-08-27 12:46:51
3
user57196710837154 :
မှန်ပါတယ်ခင်ဗျာလူတွေအကုသိုလ်များလာရင်ကပ်ဆေးချပလိုက်တယ်ကြားဘူးတာအခုလက်တွေ့တွေဖြစ်လာကြပြီကြောက်စရာကြီးပါကျွန်တော်တို့မြန်မာတွေဘုရားတရားသံဃာမိဘဆရာမပစ်မှားမစော်ကားမိကြပါစေနဲ့ဗျာ
2026-08-27 11:21:37
60
Ko Aung Gyi :
ဘုရား တရားမမေ့ကြပါနဲ့ အကုသိုလ် အလုပ် အတွေး တွေရှော့ကြပါ ကို့သေရင်ဘာမှယူသွားလို့မရတာမို့ ဒါနကုသိုလ် သီလကုသိုလ်တွေပြုကြပါ
2026-08-27 12:42:28
17
Pan Thazin :
လူတွေရဲ့လောဘဒေါသမောဟတွေအားကြီးလာပီး ေမတ္တာတရား ေတွကိုယ်ချင်းစာတရား ေတွခမ်း ေခြာက်လာ ေတာ့သဘာဝတရားကြီးကဒဏ်ခတ်နေပါပီ ငါးပါးသီလနဲ့သရဏဂုံတွေထုံထားနိုင်မှတန်ကာကာကျကါလိမ့်မယ်
2026-08-27 13:21:48
1
Toe :
လောဘဒေါသမောဟတွေများလာတဲ့
ခေတ်ကြီးမှာကပ်တွေဆိုက်လာကြပီ
ဘုရားတရားအသိသတိနဲ့နေထိုင်ရတော့မယ်
2026-08-27 14:02:20
1
Bo Bo :
ကမ္ဘာကြီးနဲ့သဘာဝတရားကြီးက အသိဉာဏ်ပညာရှိတဲ့လူသားတွေကို
သတိပေးနေတာဖြစ်မယ်
{ သတိ }ဖြစ်နိုင်ရင် online အသုံးလျှော့ချပြီး လူသားတွေပြုနေကြမြဲ အကျိုးမရှိလုပ်ရပ်တွေနဲ့ကင်းအောင်နေစေချင်ပုံ ယူဆရ
2026-08-27 13:47:18
1
BLUE LOVE🩵 :
ကိုယ်တွေတောင်ငလျင်တုံးကကံကောင်းလို့မသေခဲ့တာအလုပ်ပိတ်တာမို့🥺🥺🥺
2026-08-27 18:39:50
0
Daw Aye Myint Mo :
😭😭😭😭😭😭
2026-08-27 10:46:57
0
To see more videos from user @nan.mimi.zawofficial7, please go to the Tikwm
homepage.