@wetletmyo21.6.2026sunday: "ဝါခေါင်လပြည့်နေ့(သို့) မေတ္တာအခါတော်နေ့ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်လို့ ဗုဒ္ဓဘာသာဝင်များသတ်မှတ်ထားကြပါတယ်။ မေတ္တာဆိုတဲ့ စကားလုံးဟာ ပါဠိစကားလုံးဖြစ်ပြီး မြန်မာလိုပြန်ရင် ချစ်ခြင်း ဖြစ်ပါတယ်။ ချစ်ခြင်းဆိုပေမယ့် ဇနီးမယား ခင်ပွန်းချစ်ခြင်းမျိုးမဟုတ်ပါဘူး။ ဇနီးမယား ခင်ပွန်းချစ်ခြင်းက မေတ္တာစစ်ချစ်ခြင်းမျိုးမဟုတ်ပါဘူး။ တဏှာချစ်ခြင်းပါ။ မေတ္တာစစ်ချစ်ခြင်းကတော့ အေးမြခြင်း ငြိမ်းချမ်းခြင်း သန့်ရှင်းခြင်းပါ။ လောကသူ လောကသားတို့အသက်ရှင်ဖို့အတွက် အစားအာဟာရဓာတ်လိုအပ်သလို ငြိမ်းချမ်းဖို့ အန္တရာယ်ကင်းဖို့ ဘေးရန်လုံခြုံဖို့အတွက် မေတ္တာတရားဟာ အလွန်လိုအပ်ပါတယ်။ ကမ္ဘာလောကကြီး မငြိမ်းချမ်းဘူး။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်သတ်ကြ၊ ဖြတ်ကြလုပ်နေကြတာသည် မေတ္တာရားကင်းပြီး မေတ္တာ၏ဆန့်ကျင်ဘက် ဒေါသမီးများ တောက်လောင် နေသောကြောင့်ပင်ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ၄၅ဝါ ကာလပတ်လုံး သီတင်းသုံးသမျှ မေတ္တာတရားကို လက်ကိုင်ထားတော်မူ ခဲ့ပါတယ်။ ဒါကြောင့် မေတ္တာဝါဒသည် မြတ်ဗုဒ္ဓ၏ဝါဒပင်။ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မည်သည့်အဖွဲ့အစည်းနှင့်မျှ မည်သည့်ပုဂ္ဂိုလ်နှင့်မျှ ခိုက်ရန်ဒေါသ မဖြစ်ခဲ့တာ မေတ္တာတရားကို လက်ကိုင်ထားတော်မူလို့ပါ။ အနှောက်အယှက်၊ အတားအဆီး၊ ဘေးရန်ဟူသမျှကို တုတ်၊ ဓားစတဲ့လက်နက်များနှင့် တုန့်ပြန်တော်မမူဘဲ မေတ္တာတရားဖြင့်သာ ကာကွယ်ခဲ့တာ အောင်ခြင်းရှစ်ပါးစတာတွေကို လေ့လာရင် သိနိုင်ပါတယ်။ မေတ္တာကို အဘိဓမ္မာနည်းဖြင့် တရားကိုယ်ကောက်ပါက အဒေါသ စေတသိတ်ဖြစ်ပါတယ်။ အမြတ်မထွက်၊ ရန်မပြု၊ မဖျက်ဆီး၊ စိတ်မဆိုးတဲ့သဘောပါ။ တဏှာရဲ့ချစ်ခြင်းမျိုးလို အစေးပါတဲ့ချစ်ခြင်းမျိုးမဟုတ်ဘဲ အကျိုးကို လိုလားတဲ့ ချစ်ခြင်းမျိုးပါ။ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်ရခြင်းအကြောင်းက မေတ္တာသုတ်တော်ကို ဟောတော်မူခြင်းကို အကြောင်းပြုပြီး သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ မေတ္တာသုတ်သမိုင်း ဖြစ်ပေါ်လာပုံက ရဟန်းငါးရာဟာ ဘုရားရှင်ကိုယ်တော်မြတ်ထံက ကမ္မဋ္ဌာန်း သင်ယူပြီးတော့ သပ္ပာယဖြစ်ရာ အရပ်သွားပြီး တရားအားထုတ်ကြပါတယ်။အဲလိုတရားအားထုတ်နေကြတုန်း သံဃာတော်တွေက အောက်မှာ တရားအားထုတ်နေတော့ သစ်ပင်ပေါ်မှာနေကြတဲ့ နတ်တွေက ရဟန်းတော်များရဲ့ သီလတန်ခိုးကြောင့် သစ်ပင်ပေါ်မှာ မနေနိုင်ကြဘူး။သူတို့သားသမီးတွေ လက်ဆွဲပြီးတော့ ဟိုသွား ဒီသွား ဒီလိုနေကြရတယ်။သူတို့စိတ်ထဲမှာအရှင်မြတ်တွေ မကြာခင် ပြန်ကြလိမ့်မယ်ဆိုပြီးတော့ ဒီလိုပဲ စောင့်စားပြီးနေခဲ့ကြတယ်ဒါပေမယ့် တော်တော်ကြာပေမယ့် ပြန်မယ့်လက္ခဏာ မတွေ့ရတော့ သူတို့ကလဲ ရဟန်းတော်တွေပြန်ပြေးအောင် ခြောက်လန့်ကြတယ်။ဖောက်ပြန်တဲ့ ကြောက်မက်ဖွယ်ရာ အဆင်းတွေပြ အသံတွေပြုနဲ့ ခြောက်လှန့်ကြပါတယ်။ အဲဒီအသံတွေအကြောင်းပြုပြီးတော့ ရဟန်းတော်တွေ ကြောက်ကြ လန့်ကြတော့ သမာဓိမရကြဘူး၊စိတ်တည်ငြိမ်မှုမရကြဘူး၊တရားမတိုးတက်ဘူး၊အဲဒီအခါ တို့ဒီနေရာမှာ သပ္ပါယ မဖြစ်ဘူးဆိုပြီး ဘုရားရှင်ထံကို ပြန်ဖို့ တိုင်ပင်ကြပြီး ဝါတွင်းကြီးပဲ မြတ်စွာဘုရားရှင်ထံကို ပြန်လာကြပါတယ်။မြတ်စွာဘုရားရှင်ထံကိုရောက်တော့ မြတ်စွာဘုရားရှင်က ဘယ်နှယ်ကြောင့် ဝါတွင်းကြီးပြန်လာကြတုန်းလို့မေးတော်မူတော့ မိမိတို့ အဖြစ်အပျက်ကို ပြန်ပြီးတော့လျှောက်ထားပါတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားရှင်က အဲဒီရဟန်းတော်များဟာ အဲဒီနေရာမှာ သူတို့အတွက် သပ္ပါယမျှတတဲ့နေရာ၊တရားထူးရဖို့ အကြောင်းထူးရှိတဲ့နေရာဆိုပြီးတော့ မေတ္တာသုတ်ပရိတ်တရားတော်မြတ်က ိုသင်ပေးတော်မူပါတယ်။ အန္တရာယ်ကင်းတဲ့ ပရိတ်အဖြစ်လည်းကောင်း၊ အန္တရယ်ကင်းဖို့ရာ အရံအတားပရိတ် အဖြစ်ဖြင့်လည်းကောင်း၊ မေတ္တာဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းဖို့ရာ ဘာဝနာအဖြစ်ဖြင့်လည်းကောင်း၊ သင်ပေးတော်မူလိုက်ပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဆီက သင်ကြားပြီးတော့ နောက်ဆုံး စောစောက သီးတင်းသုံးရာတောထဲကိုပြန်သွားကြပါတယ်။ပြီးတော့ မြတ်စွာဘုရားရှင် ညွှန်ကြားတော်မူလိုက်တဲ့အတိုင်းမေတ္တာတွေပွားကြ၊ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းကြ၊မေတ္တာသုတ်ပရိတ်တွေ ရွတ်ကြနဲ့ အဲသလိုရွတ်လာကြတော့ နောက်ဆုံးနတ်များက ရဟန်းတော်များအပေါ်မှာ ချစ်မြတ်နိုးလာကြတယ်။ရဟန်းတော်များရဲ့ ဝတ်ကြီး ဝတ်ငယ်တွေကို နတ်များကပြုလုပ်ပေးကြပါတယ်။ရဟန်းတော်များကို စိတ်ချမ်းသာအောင် ဆောင်ရွတ်ပေးကြပါတယ်။ ရဟန်းတော်များလည်း အရင်ကလို အခြောက်အလှန့်မခံဘဲ စိတ်ချမ်းချမ်းသာသာနဲ့ တရားအားထုတ်ခွင့်တွေရတော့ သမာဓိတွေတည်ကြည်လာပြီး စျာန်တွေရလာ၊ထိုမှတစ်ဆင့် မဂ်၊ဖိုလ်တွေရလာပြီးတော့ နောက်ဆုံးရဟန္တာဖြစ်သွားကြပါတယ်။ အဲဒီတုန်းက ရဟန်းတော်များရဲ့အဖြစ်ဟာ ဝါခေါင်လပဲ၊မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ထံမှာ မေတ္တာသုတ် ပရိတ်တရားကိုယူဆောင်ပြီးလာကြ၊မေတ္တာပွားတရားအားထုတ်ကြရာကနေ မေတ္တာအခါတော်နေ့ဆိုပြီး ဝါခေါင်လပြည့်နေ့ကိုသတ်မှတ်ခဲ့တာပါ။ (အရှင်ဝိမလ၊နာလန္ဒာ)

✨🕊️𝓑𝓱𝓸𝓷𝓮 𝓷𝔂𝓪𝓷💫🕊️
✨🕊️𝓑𝓱𝓸𝓷𝓮 𝓷𝔂𝓪𝓷💫🕊️
Open In TikTok:
Region: MM
Thursday 27 August 2026 13:07:47 GMT
1431
93
0
5

Music

Download

Comments

There are no more comments for this video.
To see more videos from user @wetletmyo21.6.2026sunday, please go to the Tikwm homepage.

Other Videos


About