@monaung1191: #◾️လူ၁၆၀ကျော်သေဆုံးပြီး ၁၅၀၀ကျော်ပျောက်ဆုံးနေတဲ့ နီပေါ-တိဘက် နယ်စပ် သဘာဝဘေး နီပေါနိုင်ငံနဲ့ တရုတ်နိုင်ငံတိဘက်ဒေသ နယ်စပ်က ရုတ်တရက်မြေပြို၊ရေကြီးမှုတွေကြောင့် ၁၆၀ကျော် ထက်မနည်း သေဆုံးပြီး ပျောက်ဆုံးနေသူ ၁၅၀၀ကျော်အထိရှိလာပါတယ်။ နီပေါနိုင်ငံဘက်မှာသေဆုံးသူ ၁၆၀ဝန်းကျင် ပျောက်ဆုံးသူ ၈၀၀ကျော်အနည်းဆုံးရှိနိုင်တယ်လို့ နီပေါ အာဏာ တိဘက်ဒေသမှာတော့ အနည်းဆုံးသုံးဦးသေပြီး ၅၅၀ကျော်ထက်မနည်းပျောက်ဆုံးနေတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာကဖော်ပြပါတယ်။ နီပေါဘက်မှာ ပြည်ပခရီးသွားဧည့်သည် ၆၀၀ဝန်းကျင်နဲ့ တိဘက်မှာတော့ ပြည်ပခရီးသွားဧည့်သည် ၂၆၀လောက် ပျောက်ဆုံးစာရင်းထဲပါဝင်နေပါတယ်။ ဂြိုဟ်တုဓာတ်ပုံအထောက်အထားတွေအရ ဟိမဝန္တာတောင်တန်းပေါ်က ရေခဲတောင်အစိတ်အပိုင်းတစ်ခု ဟာ မြေပြင် ပေ၃၉၀၀လောက်ကိုပြုတ်ကျလာတာကြောင့်အခုလိုရုတ်တရက် သဘာဝဘေးဖြစ်ခဲ့တာလို့ အမေရိကန်ဘူမိဗေဒဌာနက ပြောပါတယ်။ ရေခဲတောင်အစိတ်အပိုင်းပြုတ်ကျမှုကြောင့်ဖြစ်လာတဲ့ မြေပြိုမှုဟာ ပြင်းအား ၅.၂ ရှိတဲ့ ငလျင်လှိုင်း အချက်ပြုမှုကိုဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။
🥱🤫Mr. Zaw 🍺🐝
Region: SG
Thursday 27 August 2026 13:20:36 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @monaung1191, please go to the Tikwm
homepage.