@zawchitmyat4: ###ဒီစာကိုဆုံးအောင်ဖတ်ပါ။ ပိုက်ဆံမရှိဘဲအိုမင်းသွားရင်တော့ ကိုယ့်အိမ်မှာကိုယ်နေတာတောင် ဧည့်သည်တစ်ယောက်လိုနေရလိမ့်မယ် ကြိုတင်ပြင်ဆင်ထားကြလေ အခုချိန်မှာ ပိုက်ဆံမရှိတာ၊ ဘတ်စ်ကားစီးနေရတာ၊ အိမ်ခန်းကျဉ်းကျဉ်းလေးမှာ နေရတာတွေကို ရှက်မနေနဲ့။ အဲဒါတွေက ရှက်စရာမဟုတ်ဘူး။ "ရုန်းကန်ခြင်း" လို့ ခေါ်တယ် ။ လူငယ်ဘဝမှာ ဆင်းရဲတာဟာ "ဒဏ်ရာ" မဟုတ်ဘူး၊ "အတွေ့အကြုံ" ပဲ။ ဘာလို့လဲသိလား။ မင်းတို့မှာ "အချိန်" ရှိသေးတယ်။ "ခွန်အား" ရှိသေးတယ်။ လဲကျရင် ပြန်ထနိုင်တဲ့ ဒူးခေါင်းတွေ သန်မာသေးတယ်။ ခေါက်ဆွဲပြုတ်စားပြီး အလုပ်လုပ်နိုင်တဲ့ အစာအိမ် ရှိသေးတယ်။ ဒါပေမဲ့... သတိထား။ အသက် ၆၀ ကျော်၊ ၇၀ ရောက်လို့ ခါးတွေကိုက်၊ မျက်စိတွေမှုန်၊ ဒူးတွေနာလာတဲ့အချိန်မှာ ပိုက်ဆံမရှိရင်တော့... အဲဒါ "အတွေ့အကြုံ" မဟုတ်တော့ဘူး။ အဲဒါ "အဖြစ်ဆိုး (Tragedy)" ပဲ။ ငါ့သက်တမ်းတစ်လျှောက်လုံးမှာ မြင်ခဲ့ရတဲ့ အဆွေးဆုံးမြင်ကွင်းက ဘာလဲသိလား။ ဆေးရုံကုတင်ပေါ်မှာ လဲနေပြီး ဆေးဖိုးမရှိလို့ သားသမီးတွေရဲ့ မျက်နှာကို ငယ်ငယ်လေးဖြစ်အောင် လုပ်ပြီး ကြည့်နေရတဲ့ လူအိုကြီးတွေရဲ့ မျက်လုံးတွေပဲ။ မင်းတို့က "သားသမီးတွေ ရှိတာပဲ၊ ပြန်လုပ်ကျွေးမှာပေါ့" လို့ တွေးနေလား။ အေး... ဒီမှာ အမှန်တရားကို နားထောင်။ သားသမီးဆိုတာလည်း ကိုယ့်အိုး ကိုယ့်အိမ်နဲ့ ဖြစ်လာတဲ့အခါ၊ သူတို့မှာလည်း သူတို့အခက်အခဲနဲ့ သူတို့ ရှိလာမှာပဲ။ အဲဒီအချိန်ကျရင် မင်းက သူတို့အတွက် "ဝန်ထုပ်ဝန်ပိုး" ဖြစ်သွားနိုင်တယ်။ ကိုယ့်မိဘကို ပြုစုချင်ပေမယ့် ငွေကြေးမတတ်နိုင်လို့ စိတ်ဆင်းရဲနေရတဲ့ သားသမီးတွေရဲ့ မျက်နှာကို မင်း ကြည့်ရက်မလား။ ဒါကြောင့် ငါအမြဲပြောတာ... "အိုစာမင်းစာ ဆိုတာ ကိုယ့်ရဲ့ မာနပဲ" လို့။ အသက်ကြီးလာတဲ့အခါ ပိုက်ဆံရှိနေရင် ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘူး။ ကိုယ်စားချင်တာ စားနိုင်မယ်။ ကိုယ်လှူချင်တာ လှူနိုင်မယ်။ သားသမီး၊ မြေး၊ မြစ်တွေလာရင်တောင် မုန့်ဖိုးပြန်ပေးနိုင်တဲ့ "ဘိုးဘိုးကြီး၊ ဘွားဘွားကြီး" ဖြစ်နေမှ လူတကာက ဝိုင်းချစ်ကြမှာ။ ပိုက်ဆံမရှိဘဲ အိုမင်းသွားရင်တော့... ကိုယ့်အိမ်မှာ နေတာတောင် ဧည့်သည်လို နေရလိမ့်မယ်။ သားသမီးတွေ စကားများရင်တောင် "ငါ့ကြောင့်များလား" ဆိုပြီး အားနာနေရလိမ့်မယ်။ ရောဂါတစ်ခုခုဖြစ်ရင် "ငါ သေလိုက်ပါတော့မယ်" ဆိုတဲ့ စကားကို တွင်တွင်ရွတ်နေရလိမ့်မယ်။ ဒါကြောင့် ဒီနေ့ကစပြီး ပြင်ဆင်ကြပါ။ အခု ရနေတဲ့ လစာလေး၊ ဝင်ငွေလေးထဲကနေ နည်းနည်းချင်းစီ ဖယ်စုပါ။ "ဒီနေ့ စားဖို့ရှိရင် ပြီးတာပဲ" ဆိုတဲ့ စိတ်ကို ဖျောက်လိုက်။ မနက်ဖြန်အတွက်၊ နောင်နှစ်ပေါင်း ၃၀ အတွက် ထည့်တွက်ပါ။ ငယ်တုန်းမှာ ရုန်းကန်ရတာ ပျော်စရာကောင်းတယ်။ ဒါပေမဲ့ အိုလာတဲ့အခါ ရုန်းကန်ရတာ သိပ်ပင်ပန်းတယ်။ နေဝင်ချိန်ရောက်တဲ့အခါ အေးအေးဆေးဆေး ထိုင်ကြည့်နိုင်ဖို့၊ အခု နေပူကျဲတဲအချိန်မှာ အမိုးအကာလေး လုံအောင် လုပ်ထားကြပါ။ မင်းတို့ရဲ့ ဇာတ်သိမ်းခန်းကို မင်းတို့ကိုယ်တိုင်ပဲ လှပအောင် ဖန်တီးနိုင်တာမို့... ဒီနေ့ကစပြီး "အိုစာ" အတွက် စဉ်းစားကြပါတော့။ #စာပေဗဟုသုတများ📚📚 #crdtooriginal ✍🏻 #foryoupage #လူငယ်များဆီသို့

Zaw Zaw Aung
Zaw Zaw Aung
Open In TikTok:
Region: MM
Friday 28 August 2026 07:08:45 GMT
33352
2270
98
394

Music

Download

Comments

pan_pan2041
Pan_pan :
တဝက်ဘဲမှန်တယ်အသီးစားချင်လို့အပင်စိုက်တာသီးလာတဲ့အသီးမစားရဘူးဆိုတော့အပင်ပန်းခံပြီးဘာလို့စိုက်ရမလဲ
2026-08-30 16:18:33
2
crown6766
Crown :
မမျှော်လင့်ရဲ ဖူးပါဘူး သားသမီးလုပ်စာ ပေးရင်ယူ ကြွေးရင်စား စေတနာရှိမှ ပါ 😳😳😳😳😳😳😳
2026-08-28 11:57:20
3
nilar.phoe
Nilar Phoe :
သိပ်မှန်တယ်ရှင်
2026-08-30 14:09:34
1
khimlay93
khimlay93 :
ကိုယ်ကိုယ့်အချိန်ရှိတုန်းအိုစာမင်စာစုဆောင်းထားတာကသေချာဆုံးဖြစ်ပါတယ်။👍👍👍
2026-08-31 03:55:07
2
jdiss238
Daw Aye Nyount :
မှန်တယ်ရှင်
2026-08-30 15:19:45
1
user7209586630569
San San :
@good
2026-08-28 11:10:03
1
zar.zar6138
Zar Zar :
သားသမီးကကိုယ်မပိုင်ပါဘူးကိုယ့်ဘက်ကဘဲဖြည့်ဆည်းပေးမယ်မျော်လဲမမျော်လင့်ပါဘူး❤️
2026-09-01 05:46:38
1
may.nyo789
May Nyo :
မှန်လိုက်တာအကုန်းအခုခံစားနေရတယ်
2026-08-28 13:50:30
2
nay.nay4959
Nay Nay :
🥰🥰🥰🥰🥰🥰အမှန်တရား
2026-08-31 01:15:17
1
aye.aung1914
ဧပရယ်အေး😘😘😘 ✌ Official Acc✌ :
အမှန်တွေ
2026-08-30 13:42:38
1
khingwaikyaw6
khingwaikyaw :
မှန်တယ် လေ
2026-08-28 09:10:11
1
aye.aye.myint1702
Aye Aye Myint :
👍👍👍
2026-08-28 15:41:10
1
d.htay72
D Htay :
👍
2026-08-30 03:53:55
1
user9092971308678
လွမ်းတယ် ကိုကို ရယ် :
အရမ်းမှန်တယ်
2026-08-28 15:43:14
0
kimlay131
khin.khin.Lay4957 :
မှန်လိုက်တာ
2026-08-30 22:07:03
1
sandar3749
စန္ဒာ :
right
2026-08-31 00:48:33
0
user1570895020356
AyeAyeMyat :
သိတ်ကိုမှန်ပါတယ်နော်❤️❤️❤️
2026-08-29 05:32:26
1
nannan12345456
အာလုးံခင်ပါတယ် :
မှန်ပါတယ်သား2ယောက်မွေးထားပါတယ်ကိုးတက်နိုင်သလောက်တော့လုပ်ပေးမှပါဒါပေးမယ်ညီမတို့လင်မယားနှစ်ယောက်အသက်ကြီးသွားရင်စားဖို့သောက်ဖို့နေဖို့သက်သက်စုထားပါတယ်သားတွေရှိကဘာမှမမျှော်မှန်ထားပါဘူး🥰🥰🥰🥰
2026-09-11 06:49:10
1
dark.snowboo
Dark Snow(Boo) :
အမှန်တရားပါ🥰🥰🥰🥰🥰🥰
2026-09-02 10:17:13
0
lin.soe164
ဇူးဇူး :
မှန်တယ်
2026-08-28 11:58:34
3
minzay.ya2
MinZay Ya :
❤️❤️❤️❤️
2026-09-04 05:26:36
0
myint.zu.09787634
myint zu 09787634950 :
အနုစာမင်းစာနေမကောင်းစာဆိုတာသာသးးသမီးတွေဆီမျှော်ကိုးလနု့မရပါဘူး
2026-08-28 13:50:30
1
To see more videos from user @zawchitmyat4, please go to the Tikwm homepage.

Other Videos


About