@umyintsein90: ••ကိုယ်ကအတ္တနည်းနည်းကြီးတယ် ကိုယ့်အတွက်မှ သီးသန့်မဟုတ်ရင် ဘာကိုမှ မက်မက်မောမော မရှိတော့ဘူး ကိုယ်က အလေးအနက်ထားရင် ကိုယ့်ကိုလဲ အလေးအနက်ထားမှ ကြိုက်တာ တကယ်လို့ ကိုယ့်ကို မလိုအပ်တော့ဘူးဆိုရင် ကိုယ်ကလဲ လိုအပ်မနေချင်တော့ပြန်ဘူး မချစ်တဲ့သူတွေပေးသွားတဲ့ ဒဏ်ရာကို ကြာကြာ မွေးထားပြီး ခံစားမနေတက်သလို ကိုယ်တကယ်မချစ်တဲ့သူတွေအတွက်လည်း ကြေ ကွဲ ပြ မ နေ တက် ဘူး အခုနောက်ပိုင်း ကိုယ့်စိတ်လေး အေးချမ်းနေဖို့ကလွဲရင် တစ်ခြားဘာကိုမှ သိပ်စိတ်မဝင်စားတော့ဘူး ဘာလို့လဲဆိုတော့ အားလုံးဟာ အခိုက်အတန့်တစ်ခုအတွင်းမှာ ဖြစ်ချိန်တန်လို့ ဖြစ်ရတာဘဲလို့မှတ်တယ် ဘယ်လောက်ထိနေတက်လာလဲဆို ကိုယ်အမြတ်နိုးဆုံးအရာတွေ ဘဝထဲကထွက်သွားရင်တောင် ပြုံးပြုံးလေးနဲ့ လက်လွှတ်တက်လာတဲ့အထိဘဲ မမြဲခြင်းတရားတွေမှန်းသိလို့ ဘာကိုမှ ထပ်ပြီး မလိုချင်တော့သလို တစ်သက်လုံးအတွက် မဟုတ်ဘူူးဆိုရင်လဲ ဘယ် သူ နဲ့ မှ , ထပ် မ ဆုံ ချင် တော့ ဘူး သာယာနေမှ ဘဝမဟုတ်ဘူး လဲပြိုနေတာဟာလဲ ဘဝဘဲလို့ နားလည်ပြီး အ ဆင် ပြေ အောင် , ကိုယ် နေ ကြည့် တယ် ဘာမှ မပိုင်ဆိုင်ရတာကို ဝမ်းနည်း မနေတော့ဘဲနဲ့ ငါ့မှာ ဘာမှ ဆုံးရှုံးစရာမရှိတော့ပါလားလို့တွေးပြီး ဝမ်း သာ နေ လိုက် တော့ တယ် နာကျင်မှုတွေဆိုရင်တောင် ကိုယ်က တိတ်ဆိတ်စွာဘဲ နေသွားချင်တာ ကိုယ့်ကိုယ်ကို ဂရုစိုက်မယ် အတိတ်တွေကို လျော့တွေးမယ် ဟိုဘက်လှည့်ပြီး တစ်ယောက်ထဲ ငိုချင်ငိုမယ် ဒါပေမယ့် ဘယ်သူလာမေးမေး အ ဆင် ပြေ တယ် ဘဲ ... ဖြေ မယ် သူများ အဆိုးမြင်သလား အကောင်း မြင်သလားဆိုတာနဲ့ ကိုယ့် တန် ဖိုး ကို , မ ဆုံး ဖြတ် ဘူး သူများ ချစ်သလား မုန်းသလားဆိုတဲ့ စိတ်ကူးတွေမှာ ကိုယ့်ပျော်ရွှင်မှုကို မရှာချင်ဘူး ချစ်တဲ့စိတ်နဲ့ကြည့်ရင် တိမ်လေးတွေလဲ လှတယ်မဟုတ်လား ကန္တာရမှာ ပွင့်တဲ့ပန်းဘဲ ရေမထိလဲ လန်းရမှာပေါ့ ရင်ဘက်ထဲ အချစ်မမှားချင်သလို ဘဝကိုလဲ နောက်ထပ် အမှားမခြစ်ချင်တော့ဘူး ။ #အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ ` ခင် မင် လေး စား လျှက် ပါ ´#မူရင်းရေးသားသူအားလေးစားလျှက် #မတ္တာနဲ့ပြန်လည်မျှဝေပေးထားပါသည် #ရွှင်လန်းချမ်းမြေ့ကြပါစေ #🌴🌳🌲🍀💛🤍🌲🌳🌴🌿🍀

U Myint Sein
U Myint Sein
Open In TikTok:
Region: MM
Friday 28 August 2026 07:44:56 GMT
5254
201
14
36

Music

Download

Comments

lwinphyomaung4
ဆရာ မင်း :
စာသားတွေက ပြောင်မြောက်ပါပေတယ်
2026-08-28 07:55:45
1
user33452253814246
အေးချမ်းသူ :
နေတတ်တော့ကျေနပ်စရာပေါ့ဒါပေမဲ့ဆရာ
2026-08-28 13:19:51
1
daw.moemoe.san
Daw MoeMoe San :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🌺🌺🌺🌺🌺🌺
2026-08-28 09:28:06
1
dawmaw7037
Ŵĩņ :
🥰🥰🥰🥰🥰
2026-08-28 08:04:22
1
umyintsein678
U Myint Sein :
🥰🥰🥰🥰🥰🌺🌺🌺🌺🌺
2026-08-28 12:26:02
1
u.tun6050
U Tun :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-29 01:00:26
1
To see more videos from user @umyintsein90, please go to the Tikwm homepage.

Other Videos


About