@phyo.wai.ko.ko2: ကျောင်းနေဖက် သူငယ်ချင်းတွေ ကားစီးပြီး ဝင့်ကြွား နေချိန်.. ကိုယ့်မှာ တပ်မတော်ကား ကိုမြတ်နိုးစွာဖက်တွယ်ထားရတယ်... သူတို့ရဲ့ တစ်လ ဝင်ငွေ ငါးသိန်း ဆယ်သိန်းအထက်ရှိတဲ့အကြောင်း ဂုဏ်ယူစွာ ဖွင့်ဟလာတဲ့အခါ ကိုယ့်အိပ်ကပ်ထဲက ခက်နွမ်းနွမ်း.တစ်ထောင်တန်.ပိုက်ဆံလေးတွေကို..အားနာနေမိပြန်ရော... ဘယ်သူက သူမိဘ ကို ဘယ်လိုထောက်ပံ့တာ ဘယ်သူက သူမိဘ ကို ဘယ်လို့ တင့်တင့်တည်တည် ထားနိုင်တယ်ဆိုတာ ကြွားလုံးထုတ်လာရင်လဲ.. .တစ်လကို ငါးသောင်းခွဲနဲ့ အိမ်ငှားပြီး..လစာရဲ့ အစွန်းထွက်လေးတွေသာ မိဘကို ပေးနိုင်တဲ့ ကိုယ့်ဘဝ ကိုယ်တွေးရင်း....အဝေးက အမေ့ကို သနားနေမိပြန်တယ်... တစ်ချို့ သူမိသားစုနဲ့သူ အလည်ပက်ခရိးတွေထွက်.. နှစ်ကူး လကူး နေ့ထူးရက်မြတ်များကို ပျော်ရွင်စွာအတူ ဖြတ်သန်းနေကြချိန်.. ငါးနှစ်မှာ ဆယ်ရက်တောင် ခွင့်မပြန်ရတဲ့.ကိုယ့်အခြေအနေ..ကို.. ပြန်ပြန်တွေးကြည့်မိတဲ့..အခါ.. ကိုယ်ကိုကိုယ်ပဲ အပြစ်တင်ဖြစ်ပါတယ်.... ကိုယ်ရွေးချယ်တဲ့လမ်းရဲ့ ကောင်းခြင်းဆိုးခြင်းဒဏ်ကို ကိုယ်တိုင်ကပဲ ခံရတာမို့... အဆင်မပြေမူ့တွေ ဘယ်လောက်ကြုံကြုံ အခက်ခဲတွေ ဘယ်လောက်ရှိရှိ..မိမိမှာသာ အပြစ်ရှိကြောင်း ဝန်ခံတက်လာတယ်... ကျန်တော်က သူတို့တွေလို ကားတွေ မစိးနိုင်ဘူး.. ကျန်တော်က သူတို့တွေလို ဝင်ငွေမကောင်းဘူး ကျန်တော်က သူတို့တွေလို မိသားစုနဲ့ မနေနိုင်ဘူး ကျန်တော်က သူတို့တွေလို.မိဘကို တိုက်ကြိးတာကြိးနဲ့ မထားနိုင်တဲ့ ကျန်တော်ကို.. စစ်သား(စစ်သည်)တစ်ယောက်ရဲ့ မိဘဖြစ်တဲ့ အမေကလဲ ...နားလည်ရှာတယ် ဆိုပေမဲ့.. အဆင့်အတန်းဆိုတာ ငွေနဲ့ တိုင်းတာကြတဲ့ခေတ်မှာ တစ်လ လုံး ချွေး သွေး ဘဝတွေရင်းမှ ရတဲ့ နှစ်သိန်းမပြည့်တဲ့ လစာလေးသာ ကျန်တော်ပေးနိုင်တာမို့ အားနာမိတယ် အမေ ငါ့ သားက ဘာကောင်ကြိး ညာကောင်ကြိးလို့ ဂုဏ်တွေကို ကြွားတဲ့ စကားဝိုင်းမှာ.. ငါ့သား ဟာ တပ်မတော်သားပါပဲဆိုတဲ့ စကားလေးသာ ပြောခွင့်ရှိတဲ့အမေ့ကို အားနာမိတယ်... အားနာမိတယ်အမေ... သူများတွေလို.ဘယ်လောက်ထိအောင်မြင်နေကြောင်း စာလုံးတွေတွေပေါင်းပြီး မပို့နိုင်ဘူး.. ””တိုင်းပြည်က သင့်အတွက်ဂုဏ်ယူပါသည်„„ဆိုတဲ့ သေတမ်းစာလေးတော့ အမေ ဖတ်ခွင့်ရမှာပေါ့လေ... လွမ်းရင် ပြေးကြည့်စရာ ရွေရောင်းအနားကွပ်နဲ့ ဘွဲ့ဓာတ်ပုံတော့ မချိတ်ဆွဲပေးနိုင်ပေမဲ့.. ကျန်တော်မရှိတော့ရင်...အုပ်ဂူဖြူဖြူလေး တစ်လုံးတော့ တိုင်းပြည်က စီစဥ်ပေးမှာပေါ့..အမေ.. သူများတွေလို စပရိုက်တွေ ဘာတွေ ညာတွေ မပေးနိုင်ဘူး ”ငါ့သားလေး ရှေ့တန်းမှာ အဆင်ပြေပါ့မလားဆိုတဲ့„ စိုးရိမ်စိတ်လေး တစ်ခုသာ အမေရင်ထဲ ထည့်ပေးထားနိုင်တဲ့ခဲ့တယ် မဟုတ်လား.. လူဆိုတာ က ကိုယ်ဘဝပေး ကုသိုလ်ကံတွေနဲ့ ဖြစ်တည်လာခဲ့ရတာမို့ အခြေနေ အနိပ့်အမြင့်အတက်ကြမတူတဲ့ အလွှာပါးပါးကို နားလည်လာတဲ့အခါ.. အားမငယ်တော့ပါဘူး...အမေ.. ဒီဘဝမှာတော့ ဖြစ်တည်ရာ စစ်သားဘဝကိုမြတ်နိုးရင်း.. သူများတွေ ပေးသလို မပေးနိုင်တဲ့ ကိုယ်ဘဝ ကို ဂုဏ်ယူရရင်းပေါ့..အမေ. ဖတ်ကောင်းအောင်ရေးတဲ့ စာမဟုတ်သည်အတွက် အမှားပါတဲ့အခါ နားလည်ပေးပါဗျာ.. phyo wai ko ko(စစ်သည်) #စာတို #10000millionviewsviralvideo
PHYO WAI KO KO..(ရမခ)
Region: MM
Friday 28 August 2026 09:23:17 GMT
Music
Download
Comments
🍀Rosalina🍀 :
First မရတော့ဘူး🤧🤧
2026-08-28 09:39:29
2
su. ဖိုးသားရေ မေမေလွမ်းလိုက်တာ :
ကိုယ့်ဘဝအစစ်အမှန်ကိုဖော် ြပပြီးနေရတာလောက်ဘဝမှာပြည့်စုံတာမရှိဘူးသားစစ်ရေ အရာအားလုံးကခဏတွေပါ🥰
2026-09-01 10:49:05
1
ဝတ်မူံ :
အကိုက သန်ဒေလား စိတ်မချဘူးဝယ် အကိုတင်မဟုတ်ပါဘူး စစ်သားတိုင်းကိုပါ အိမ်ကိုပြန်စေချင်တယ် စစ်သားတိုင်းကို မိသားစုနဲ့စုံလင်စွာနေစေချင်ပါတယ်🥺🥺
2026-08-28 09:31:08
1
ZinMeMeAung :
အားတင်းထားပါမောင်လေးတနေ့နေ့တော့ကိုလဲဖြစ်မှာပေါ့🥺🥺🥺🥰🥰🥰
2026-08-28 09:24:56
0
Black (Lu Ka Lay Lay) 037 BF :
🥹🥹🥹🥹🥹 brother ရာ ထပ်တူခံစားရပါတယ်
2026-08-28 09:41:19
0
Daw Htee Phaung :
သားလိမ်မာဖြစ်နေမှတော့ကျေးဇူးဆတဲ့သားဖြစ်နေပီလေ
2026-09-10 15:58:48
0
Mwin Mwin Win :
ဝမ်းအနည်းရဆုံးလေးပါဒီသံဇဉ်ကကြားတိုင်းငိုခဲ့ရတာ
2026-09-10 16:20:03
0
မေမေ သမီးအလတ်မလေးပါ :
လေးစားပါတယ် idooရယ်🥰🥰🥰
2026-08-28 09:25:42
0
😘Htwe😘 :
ကိုယ်ကျိုးအတွက်မကြည့်ပဲတိုင်းပြည်ကိုကာကွယ်နေတဲ့အမျိုးကောင်းသားတို႔ကိုအစဥ်အမြဲလေးစားပါတယ်အကိုညီမအမျိုးသားလည်းအမျိုးကောင်းသားတစ်ယောက်ပေါ့လေ💪💪💪
2026-08-28 09:33:07
0
🐷M🦋🌻🐷 :
တိုင်းပြည်အတွက့်ကိုယ်ကြိုးစွန့်လွတ်နေရတဲ့အတွက်အကုန်လုံးထက်သာပါတယ်ဦးစစ်ရယ်🥺🥺🥺
2026-08-28 09:27:45
0
nyo (Japan Acc) :
မျက်ရည်တွေမခိုင်တော့ဘူး
2026-09-10 11:49:35
0
Hnin Hnin :
ချောတယ်နော်ခင်လို့ရလားရှင်
2026-08-29 04:38:51
1
Daw San San Win :
သူတို့ထက်အစပေါင်းများစွာသာပါတယ်နော်နိုင်ငံအတွက်ပြည်သူ့အတွက်အလုပ်လုပ်နေလို့ပါနော်🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-05 08:31:50
0
✨💫💢 Hñîñ Wãî 💢💫✨🇴🇲💗🇯🇵 :
ဖိုက်တင်းနော်စာလေးဖတ်ပီးကိုယ်ပါဝမ်းနည်းသွားတယ်😔
2026-09-02 19:42:51
0
Serena :
မပြုံးပါနဲ့ဆို 😁😁
2026-09-03 08:13:52
0
Tin Tin Naing :
😁နိူင်ငံသားကောင်းရတနာမို့ကိုယ်ကိုကိုယ်ဂုဏ်ယူလိုက်ပါ
2026-09-02 13:50:32
0
𝟏𝟐 𝐅𝐚𝐬𝐡𝐢𝐨𝐧 💗👗 :
သူဆိုလည်းအရမ်းကိုပင်ပန်းနေရှာတာ 🥺
သူစိတ်သူ့ကိုနဲ့ရွေးချယ်ထားခဲ့ပီး ခုလိုအဆင်မပြေနေတာမြင်ရတော့ ကိုယ်လည်းဘာလုပ်ပေးရမှန်းကိုမသိတော့တာ😔🥺
2026-09-01 17:06:26
0
💚su💚 :
ကျောင်းနေဖက်သူငယ်ချင်းတွေကနိုင်ငံခြားတွေမှာကျောင်းတက်အလုပ်လုပ်နေချိန်ကိုယ်ကကလေးတွေစာသင်
2026-08-31 16:23:51
0
Ohan Gyi :
ဘယ်မှာတာဝန်ကျနေလဲသား
2026-08-30 14:17:58
0
🌻Oriana 🌻 :
အကို ရေထားတဲ့စာသားတွေဖတ်ကြည့်မိတိုင်း ၀မ်းနည်းရပါတယ်၊ ဘယ်နေရာရောက်ရောက် အစစအရာရာအဆင်ပြေချောမွေ့ပါစေ ၊ခလုတ်မထိ ဆူးမငြိ ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပါစေဗျာ
2026-08-29 09:54:02
0
Daw Satt Thit Khaing :
ဖိုက်တင်း
2026-09-07 11:06:37
0
ထူးခြားအောင် 😍🥰😘🤟 :
အကိုကအရမ်ချောတယ်ညီမအကိုကြီးဆိုကောင်းမယ်နော်💚💚💚💚💚
2026-09-09 12:15:42
0
🖤ᏝᎧᏁᏋᏝᎩ🖤 :
အားတင်းထားပါဗျာ ဖိုက်တင်🙂
2026-08-29 15:26:05
0
M&T :
ဘာဖစ်ဖစ် အဲ့မချိူ မချဉ်အပြုံးနဲ့ပဲ သတ်နေတာ🥰🥰🥰
2026-08-29 13:49:24
0
nandar :
Rpရချင်တယ်ဦးစစ်
2026-08-28 09:29:24
0
To see more videos from user @phyo.wai.ko.ko2, please go to the Tikwm
homepage.