@jj.9958: "ဉာတပရိညာ ဟူသည် စာသိ မဟုတ်ပါ" ပရိညာသုံးပါးရှိပါသည်။ "ပရိညာ" ဆိုသည်မှာ "ပရိ - ပိုင်းခြား၍ + ညာ - သိသောဉာဏ် = ပိုင်းခြား၍ သိသောဉာဏ် " ဖြစ်သည်။ ဉာဏ်ဆိုသည်မှာ ပညာပင် ဖြစ်သည်။ ဉာတပရိညာ၊ တီရပရိညာ၊ ပဟာနပရိညာ ဟူ၍ ပရိညာသုံးရှိရာ အချို့က "ဉာတပရိညာ" ကို သင်ယူခြင်းဖြင့်သိထားသည့်အသိ ဖြစ်သည်ဟုယူဆနေကြပါမည်။ အမှန်က "ဉာတပရိညာ" သည် "ဉာဏ်" ၏နာမည်ပင်ဖြစ်၍ သင်ယူခြင်းဖြင့်ရရှိသော "ဉာဏ်" မဟုတ်ပါချေ။ "ဉာတပရိညာ" ဆိုသည်မှာ " ဉာတ - သိအပ် သိထိုက်သောတရား + ပရိညာ - ပိုင်းခြား၍ သိသောပညာ" ဟုဖွင့်ဆိုပါသည်။ သိအပ်သိထိုက်သော နာမ်ရုပ်နှင့် အကြောင်းတရားတို့ကို ပိုင်းခြား၍သိသော ဉာဏ်ပညာဖြစ်ပါသည်။ "အယံ ရူပက္ခန္ဓော, အယံ ဝေဒနာက္ခန္ဓော, အယံ သညာက္ခန္ဓော, အယံ သင်္ခါရက္ခန္ဓော, အယံ ဝိညာဏက္ခန္ဓော, ဣမာနိ တေသံ လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာနာနီ’’တိ, အယံ ဉာတပရိညာ။ (သဂါထာဝဂ္ဂ-ဋ္ဌ) "ဤကားရူပက္ခန္ဓာ, ဤကား ဝေဒနာက္ခန္ဓာ, ဤကား သညာက္ခန္ဓာ, ဤကား သင်္ခါရက္ခန္ဓာ, ဤကား ဝိညာဏက္ခန္ဓာ၊ ဤသဘာဝစသည်တို့သည်တို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့တည်းဟု ခန္ဓာငါးပါးတို့ကို ပိုင်းခြား၍သိ၏။ ဤပရိညာသည် ဉာတပရိညာမည်၏။" ရုပ်နာမ်တို့၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်ကိုသိခြင်းသည် "ဉာတပရိညာ" ဖြစ်ပါသည်။ "ဉာတပရိညာ" အဆင့်တွင် ရုပ်ကိုရုပ်မှန်း၊ နာမ်ကိုနာမ်မှန်း ဉာဏ်ထဲတွင် ကွဲပြားနေပြီဖြစ်ပါသည်။ "တတ္ထ သင်္ခါရပရိစ္ဆေဒတော ပဋ္ဌာယ ယာဝ ပစ္စယပရိဂ္ဂဟာ ဉာတပရိညာယ ဘူမိ။ ဧတသ္မိံ ဟိ အန္တရေ ဓမ္မာနံ ပစ္စတ္တလက္ခဏပဋိဝေဓဿေဝ အာဓိပစ္စံ ဟောတိ။ (ဝိသုဒ္ဓိမဂ်) ထို၃-ပါးသော ပရိညာတို့တွင် နာမ်ရုပ်သင်္ခါရတို့ကို ပိုင်းခြားသော (နာမရူပပရိစ္ဆေဒ)ဉာဏ်မှ စ၍ ပစ္စယပရိဂ္ဂဟဉာဏ်တိုင်အောင် ဉာတပရိညာ၏ ဖြစ်ရာဘုံ- နယ်ပယ်တည်း၊ မှန်ပေ၏၊ ဤကာလအတွင်း၌နာမ်ရုပ်တရားတို့၏ အသီးအသီးသော သဘာဝလက္ခဏာကို သိခြင်းသည်သာလျှင် အကြီးအမှူး ဖြစ်ပေသည်။" ဉာတပရိညာ၏ အာရုံသည် သဘာဝလက္ခဏာ ဖြစ်ပါသည်။ ပရမတ်တရားတို့၏ သဘာဝလက္ခဏာကို သင်ယူသိလောက်မျှဖြင့် မသိနိုင်ပါ။ သွားချင်တာကနာမ်၊ သွားတာကရုပ်ဟု တပါးသူကသင်ပြရုံမျှဖြင့် ရုပ်နာမ်ကွဲသည့်ဉာဏ်အမှန်ကိုမရပါ။ ကိုယ်တိုင်မျက်မှောက်ပြုသိမှသာ ပရမတ်တရားတို့၏ သဘာဝလက္ခဏာကို မုချပိုင်ပိုင်နားလည်နိုင်မည် ဖြစ်ပါသည်။ "သဘာဝဓမ္မာနံ လက္ခဏသလ္လက္ခဏတော ဉေယျအဘိမုခါ ပညာ အဘိညာပညာ။ (မဟာဋီ ၂-၃၈၇) ရုပ်နာမ် သဘောတရားတို့၏ ၊သဘာဝလက္ခဏာကို မှတ်သဖြင့်။ (ပဓာနနည်းမျှသာတည်း။ ရသစသည်ကို မှတ်ခြင်းလည်း ပါဝင်၏။) သိထိုက်သော ရုပ်နာမ်သို့ ရှေးရှုသော ၊သိမှုပညာသည်၊ ဉာတပရိညာဟု ခေါ်သော အဘိညာပညာ မည်၏။ (တရားကိုယ်အားဖြင့် နာမရူပပရိစ္ဆေဒ, ပစ္စယပရိဂ္ဂဟဉာဏ် ၂-ပါးတို့ပေတည်း။)" ထို့ပြင် - "တတ္ထ ‘‘ရုပ္ပနလက္ခဏံ ရူပံ, ဝေဒယိတလက္ခဏာ ဝေဒနာ’’တိ ဧဝံ တေသံ တေသံ ဓမ္မာနံ ပစ္စတ္တလက္ခဏသလ္လက္ခဏဝသေန ပဝတ္တာ ပညာ ဉာတပရိညာ နာမ" (ဝိသုဒ္ဓိမဂ်) "ထိုသုံးပါးသော ပရိညာတို့တွင် ''ဖောက်ပြန်ခြင်း လက္ခဏာရှိသော တရားသည် ရုပ်တည်း၊ ခံစားခြင်း လက္ခဏာရှိသော တရားသည် ဝေဒနာတည်း''ဟု ဤသို့သော နည်းဖြင့် ထိုထို ရုပ်နာမ်တရားတို့၏ အသီးအသီးသော သဘာဝလက္ခဏာကို ကောင်းစွာမှတ်သည်၏ အစွမ်းအားဖြင့် ဖြစ်သော ပညာသည် ဉာတပရိညာ မည်၏။" မဟာစည်ဆရာတော်ဘုရားကြီးက ရုပ်နာမ်သဘာဝလက္ခဏာကိုသိသော ဉာတပရိညာဉာဏ်ကို ကြံစည်သိဖြင့်မရနိုင်၊ ရှုမှတ်မှုဖြင့်သာရနိုင်ကြောင်းကို သူ၏ ဝိသုဒ္ဓိမဂ်မြန်မာပြန် စတုတ္ထတွဲ အောက်ခြေမှတ်ချက်တွင် "ရုပ်နာမ်သဘောတရား အရေအတွက် ဖြစ်ပုံ ပျက်ပုံ စသည်တို့ကို သုတအားလျော်စွာ တွေးဆကြံစည်ရုံမျှဖြင့် ဉာတပရိညာခေါ်သော နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်တို့ မဖြစ်နိုင်ကြကုန်၊ တကယ်ဖြစ်ပေါ်လာသော ရုပ်နာမ်တို့၏ သဘာဝလက္ခဏာ စသည်တို့ကို ကောင်းစွာမှတ်၍သိပါမှ ထိုဉာတပရိညာခေါ်သော နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ် တို့ဖြစ်နိုင်ကုန်၏" ဟု ထုတ်ပြထားပါသည်။ "ဉာတပရိညာ" ၏နယ်ပယ်ဖြစ်သော နာမရူပပရိစ္ဆေဒဉာဏ် နှင့် ပစ္စယပရိဂ္ဂဟ ဉာဏ်နှစ်ပါးဖြစ်၍ ထိုဉာဏ်နှစ်ပါးပြည့်စုံလျှင် ဒိဋ္ဌိဝိသုဒ္ဓိနှင့် ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်သည်ဟု ဝိသုဒ္ဓိမဂ်ကဆိုပါသည်။ ဉာတပရိညာကို စာသင်သိ၊ ကြံဆသိ ဟုယူဆမိလျှင် ရုပ်နာမ်ပရမတ်ကို စာသင်၊ ကြံဆရုံမျှဖြင့် သိနိုင်သည်ဟု ဆိုရာရောက်နေပါလိမ့်မည်။ စာသင်သိသည် သုတမယဉာဏ်သာ ဖြစ်သည်။ အချို့က ပရမတ်တရားများကို သင်ထားသည့်အတိုင်း ဆင်ခြင်ကြံဆ၍ ဝိပဿနာရှုကြပြန်သည်။ ပရမတ်တရားသည် ဉာဏ်ဖြင့်မျက်မှောက်သိရသော တရားဖြစ်ပါသည်။ မျက်မှောက်ပြုရှုသိမှသာ ဉာတပရိညာ ဟုခေါ်ပါသည်။ ဉာတပရိညာသည် သုတမယဉာဏ်၊ စိန္တာမယဉာဏ် သမထဘာဝနာမယဉာဏ် အသိထက်ထူးသော သိခြင်းဖြစ်ပါ၏။ "အပိစ သုတမယာယ, စိန္တာမယာယ, ဧကစ္စ ဘာဝနာမယာယ စ အဘိဝိသိဋ္ဌာယ ပညာယ ဉာတာ အဘိညာတာ။ (မဟာဋီ ၂-၅ဝ၇) "တစ်နည်းလည်း သုတမယဉာဏ်မှ လည်းကောင်း၊ စိန္တာမယဉာဏ်မှလည်းကောင်း၊ အချို့သော ဘာဝနာမယဉာဏ်မှ လည်းကောင်း (စျာန သမ္ပယုတ်ပညာ၊ အဘိညာပညာတို့ကို ဆိုလိုသည်) ထူးခြားသော၊ နာမရူပ ပရိစ္ဆေဒ၊ ပစ္စယပရိဂ္ဂဟ ဉာဏ်တည်းဟူသော ပညာဖြင့်၊ သိအပ်သော ရုပ်နာမ်တရားတို့သည် အဘိညာတရား တို့မည်ကုန်၏ " ဆက်ရန်
Jeyatu Sabbamaṅgalaṃ
Region: MM
Friday 28 August 2026 09:53:22 GMT
Music
Download
Comments
ပါရမီလမ်းစဥ်( ဆရာသစ္စာ) :
ကောင်းလိုက်ပါဘိ သာဓုသာဓုသာဓုပါ
2026-08-28 12:40:58
0
Shwe Goldy :
🙏🙏🙏
2026-08-28 13:44:29
0
Źãř ńïŃ Öò🍀🌻💦 :
🙏🙏🙏
2026-08-28 14:32:40
0
To see more videos from user @jj.9958, please go to the Tikwm
homepage.